မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ဝင်အသစ်များ

အုပ်ချုပ်ရေးအဖွဲ့ဝင်အသစ်များ

အုပ်ချုပ်ရေးအဖွဲ့ဝင်​အသစ်များ

၁၉၉၉၊ အောက်တိုဘာ ၂ ရက်၊ စနေနေ့​တွင်​ကျင်းပ​သော ပဲ​င်​စီ​လ်​ဘေး​နီး​ယား ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​၏ နှစ်ပတ်လည်​အစည်းအဝေး​ကို မထင်မှတ်​သော​ကြေညာ​ချက်​တစ်ခု​ဖြင့် နိဂုံး​ချုပ်​ခဲ့​သည်။ တက်ရောက်သူ သို့​မဟုတ် တယ်လီဖုန်း​ဖြင့်​ဆက်သွယ်​ထား​သူ​ပေါင်း ၁၀,၅၉၄ ဦး​တို့သည် ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေး​အဖွဲ့​တွင် အဖွဲ့ဝင်​အသစ်​လေးဦး​ကို ဖြည့်စွက်​လိုက်​ကြောင်း ကြားသိ​ရ​၍ ဝမ်းသာ​ပီတိဖြာ​ခဲ့​ကြသည်။ ထို​အဖွဲ့ဝင်​အသစ်များ​မှာ ဆယ်မြူအယ်လ် အက်ဖ်. ဟာ့ဒ်; အမ်. စတီဗင် လက်​တ်; ဂို​င် အိပ်ခ်ျ. ပီယပ်စ်; နှင့်​ဒေးဗစ် အိပ်ခ်ျ. စ​ပ​လိ​န်​တို့​ဖြစ်​ပြီး သူတို့​အားလုံး​သည် ဘိသိက်ခံ​ခရစ်ယာန်​များ​ဖြစ်​ကြ​၏။

• ဆယ်မြူအယ်လ် ဟာ့ဒ်​သည် ၁၉၅၈ ခုနှစ်​တွင် ရှေ့ဆောင်​စ​လုပ်ခဲ့​ပြီး ၁၉၆၅ ခုနှစ်​မှ ၁၉၉၇ ခုနှစ်​အထိ တိုက်နယ်​နှင့်​ခရိုင်​လုပ်ငန်း​ကို ဆောင်ရွက်​ခဲ့​သည်။ ထို့နောက် ညီအစ်ကို​ဟာ့ဒ်​နှင့် သူ့​ဇနီး​ဂလိုရီယာ​တို့သည် အမေရိကန်​ပြည်ထောင်စု​ဗေသလ​မိသားစုဝင်​ဖြစ်​ခဲ့​ကြ​ပြီး သူသည် လုပ်ငန်းတော်​ဌာန​တွင် အမှုထမ်းခဲ့​သည်။ လုပ်ငန်းတော်​ကော်မတီ​ကို ပံ့ပိုး​ပေး​သူ​အဖြစ်​လည်း အမှုထမ်းဆောင်​ခဲ့​၏။

• စတီဗင် လက်​တ်​သည် ၁၉၆၆၊ ဒီဇင်ဘာ​လ​တွင် ရှေ့ဆောင်​စ​လုပ်ခဲ့​ပြီး ၁၉၆၇ မှ ၁၉၇၁ ခုနှစ်​အထိ အမေရိကန်​ပြည်ထောင်စု​ဗေသလ​တွင် အမှုဆောင်ခဲ့​၏။ ၁၉၇၁၊ အောက်တိုဘာ​လ​တွင် သူ့​ဇနီး​စူ​ဇန်​နှင့်​လက်ထပ်ခဲ့​ပြီး အထူး​ရှေ့ဆောင်​လုပ်ငန်း​ကို လုပ်ကိုင်​ခဲ့​သည်။ ၁၉၇၉ မှ ၁၉၉၈ ခုနှစ်​အထိ တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် အမှုဆောင်ခဲ့သည်။ ၁၉၉၈၊ ဧပြီလ​မှ​စ၍ သူနှင့်​စူ​ဇန်​သည် အမေရိကန်​ပြည်ထောင်စု​ဗေသလ​မိသားစုဝင်​ဖြစ်လာ​ခဲ့​ကြသည်။ ထို​တွင် လုပ်ငန်းတော်​ဌာန​၌ အမှုထမ်းခဲ့​ပြီး သွန်သင်ခြင်း​ကော်မတီ​ကို ကူညီပေး​သူ​တစ်ဦး​ဖြစ်​ခဲ့​သည်။

• ဂို​င် ပီယပ်စ်​သည် မိသားစုကို​ပြုစု​ပျိုးထောင်​ပြီး​နောက်​တွင် ဇနီး​နှင့်အတူ ၁၉၈၂၊ ဧပြီလ​တွင် ရှေ့ဆောင်​စတင်​လုပ်ခဲ့သည်။ သူသည် ၁၉၈၆ ခုနှစ်​မှ​စ၍ သူနှင့်​သူ့​ဇနီး​ပဲ​န်​နီ​သည် အမေရိကန်​ပြည်ထောင်စု​ဗေသလ​မိသားစုဝင်​မဖြစ်မီ ၁၉၉၇ ခုနှစ်​အထိ တိုက်နယ်​ကြီးကြပ်မှူး​လုပ်ခဲ့​၏။ ညီအစ်ကို​ပီယပ်စ်​သည် ဝန်ထမ်း​ရေးရာ​ကော်မတီ​ကို ကူညီပေး​သူ​အဖြစ်​လည်း အမှုဆောင်ခဲ့သည်။

• ဒေးဗစ် စ​ပ​လိ​န်​သည် ၁၉၆၃၊ စက်တင်ဘာ​တွင် ရှေ့ဆောင်​စတင်​လုပ်ခဲ့သည်။ သူသည် ၄၂ ကြိမ်​မြောက် ဂိလဒ်​ကျောင်းဆင်း​ဖြစ်​ပြီး အာဖရိက၊ စီ​နီ​ဂဲ​လ်​တွင် ခရစ်ယာန်​သာသနာပြု​တစ်ဦး​အဖြစ် အမှုဆောင်​ပြီး​နောက် ကနေဒါ​တွင် တိုက်နယ်​လုပ်ငန်း​ကို ၁၉ နှစ်​တိုင်​လုပ်ကိုင်​ခဲ့​သည်။ ညီအစ်ကို​စ​ပ​လိ​န်​နှင့်​သူ့​ဇနီး​လင်ဒါ​တို့သည် ၁၉၉၀ ပြည့်နှစ်​ကတည်းက အမေရိကန်​ပြည်ထောင်စု​ရှိ ဗေသလ​သို့​ရောက်​ခဲ့​ပြီး သူသည် လုပ်ငန်းတော်​ဌာန​နှင့်​စာပေ​ပြုစုရေး​ဌာန​တို့​တွင် အမှုထမ်းခဲ့​၏။ ၁၉၉၈ ခုနှစ်​မှ​စ၍ စာပေ​ပြုစုရေး​ကော်မတီ​ကို ကူညီပေး​ခဲ့​သူ​ဖြစ်သည်။

ဤ​အဖွဲ့ဝင်​အသစ်​လေးဦး​အပြင် ယခု​အုပ်ချုပ်ရေး​အဖွဲ့​တွင် စီ. ဒဗလျူ. ဘာ​ဘာ၊ ဂျေ. အီး. ဘားရ်၊ အမ်. ဂျီ. ဟင်ရှယ်​လ်၊ ဂျီ. လော့​ရှ်၊ တီ. ဂျဲရက်စ်၊ ကေ. အက်ဖ်. ကလို​င်န်း၊ အေ. ဒီ. ရှ​ရိုး​ဒါ၊ အယ်​လ်. အေ. စွင်ဂယ်​လ်​နှင့် ဒီ. ဆစ်​ဒ​လစ်​ခ်​တို့​ပါဝင်​သည်။ ယခု တိုးချဲ့​ထားသော​အုပ်ချုပ်ရေး​အဖွဲ့​သည် ကမ္ဘာ​တစ်ဝန်း​ရှိ ဘုရားသခင့်​လူမျိုးတော်​၏​လုပ်ငန်းများ​ကို ဆက်​ပြီး​ကြီးကြပ်​၍ ဝိညာဉ်​ရေး​အကျိုး​စီးပွား​ကို ဆက်​ဆောင်ရွက်​စဉ် ယေဟောဝါ​သည် ၎င်းကို​ဆက်လက်​ကောင်းချီး​ပေး​ပြီး ခွန်အား​ပေး​ပါ​ရန် ကျွန်ုပ်​တို့အားလုံး​ဆုတောင်း​ကြ​ပါ​သည်။