အိုမင်းချိန်။ သက်ကြီးရွယ်အို
သက်ကြီးပိုင်းမှာ ဘာတွေ ကြုံရသလဲ
“နှစ်သိမ့်မှု— ကျန်းမာရေး၊ အသက်အရွယ်ကြောင့် ဆန္ဒ ရှိသလောက် မလုပ်နိုင်ခြင်း” ကိုလည်း ကြည့်ပါ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
ဒေ ၁၂:၁-၈—သက်ကြီးပိုင်းမှာ ကြုံရတာတချို့ကို ဘုရင် ရှောလမုန် ကဗျာဆန်ဆန် ရေးဖွဲ့တယ်။ ဥပမာ၊ မျက်စိမှုန်လာတာ (“မိန်းကလေးတွေက ပြတင်းပေါက်ကနေ ကြည့်တဲ့အခါ မှုန်ဝါးဝါးပဲ မြင်ရတယ်”)၊ နားလေးလာတာ (“သီချင်းသည် မိန်းကလေးတွေရဲ့ တေးသံ တိုးသွားတယ်”)
-
သက်ကြီးပိုင်းမှာ အခက်အခဲတွေ ရှိပေမဲ့ ဝမ်းမြောက်နေနိုင်သလား
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
၁ရှ ၁၂:၂၊ ၂၃—ယေဟောဝါရဲ့ လူမျိုးအတွက် ဆက်ဆုတောင်းပေးဖို့ ဘယ်လောက် အရေးကြီးမှန်း သက်ကြီး ပရောဖက် ရှမွေလ သိတယ်
-
၂ရှ ၁၉:၃၁-၃၉—ဘုရင် ဒါဝိဒ်ကို ဗာဇိလဲ သစ္စာရှိရှိ ထောက်မတယ်။ ဒါပေမဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းမှုထမ်းအဖြစ် ဒါဝိဒ် မြှောက်စားတာကို ငြင်းတယ်။ အိုမင်းနေပြီ ဖြစ်လို့ အမှုမထမ်းနိုင်တော့တာကို ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုလို့ပဲ
-
ဆ ၇၁:၉၊ ၁၈—အိုမင်းချိန်မှာ ယေဟောဝါအတွက် အသုံးမဝင်တော့ဘူးဆိုပြီး ပစ်ပယ်ခံရမှာ ဘုရင် ဒါဝိဒ် စိုးရိမ်တယ်။ ဒါကြောင့် မစွန့်ပစ်လိုက်ဖို့၊ နောင်လာနောက်သားတွေကို ဘုရားအကြောင်း ပြောပြနိုင်အောင် ခွန်အား ပေးဖို့ ဆုတောင်းတယ်
-
လု ၂:၃၆-၃၈—သက်ကြီး မုဆိုးမ အန္န ဘုရားတရား ကိုင်းရှိုင်းလို့၊ သစ္စာရှိရှိ အမှုဆောင်လို့ ကောင်းချီး ရတယ်
-
သက်ကြီးသူတွေကို တန်ဖိုးထားတယ်ဆိုတာ ယေဟောဝါ ဘယ်လို စိတ်ချစေသလဲ
ဆ ၉၂:၁၂-၁၄။ ပ ၁၆:၃၁။ ၂၀:၂၉။ ရှာ ၄၆:၄။ တိ ၂:၂-၅
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
က ၁၂:၁-၄—အာဗြဟံ အသက် ၇၅ နှစ်မှာ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေမယ့် တာဝန် ယေဟောဝါဆီက ရတယ်
-
ဒံ ၁၀:၁၁၊ ၁၉။ ၁၂:၁၃—ယေဟောဝါ သိပ်တန်ဖိုးထားရတဲ့သူ ဖြစ်တယ်၊ သစ္စာရှိမှုအတွက် ဆုချခံရမယ်လို့ ပရောဖက် ဒံယေလ အသက် ၉၀ ကျော်မှာ ကောင်းကင်တမန် လာပြောတယ်
-
လု ၁:၅-၁၃—သားယောဟန် မွေးဖို့ သက်ကြီး ဇာခရိနဲ့ ဧလိရှဗက်ကို အံ့ဖွယ်နည်းနဲ့ ကူညီပေးခြင်းအားဖြင့် ယေဟောဝါ ကောင်းချီးပေးတယ်
-
လု ၂:၂၅-၃၅—မေရှိယ ဖြစ်လာမယ့် ကလေးငယ်ကို မြင်ခွင့် သက်ကြီး ရှိမောင်ကို ယေဟောဝါ ပေးတယ်။ အဲဒီနောက် ကလေးငယ်နဲ့ပတ်သက်ပြီး ရှိမောင် ပရောဖက်ပြုတယ်
-
တ ၇:၂၃၊ ၃၀-၃၆—အစ္စရေးလူမျိုးကို ဦးဆောင်ရမယ့် တာဝန် ယေဟောဝါ ပေးချိန်မှာ ပရောဖက် မောရှေ အသက် ၈၀ ရှိပြီ
-
သစ္စာရှိ သက်ကြီးသူတွေ ဘယ်လို ဆက်ဆံခံရသင့်သလဲ
-
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
-
က ၄၅:၉-၁၁။ ၄၇:၁၂—မိမိဆီ လာနေဖို့ သက်ကြီး ဖခင် ယာကုပ်ကို ယောသပ် ခေါ်တယ်။ သေဆုံးချိန်အထိ ကြည့်ရှုစောင့်ရှောက်တယ်
-
ရု ၁:၁၄-၁၇။ ၂:၂၊ ၁၇၊ ၁၈၊ ၂၃—သက်ကြီး နောမိကို ရုသ အပြော၊ အလုပ်နဲ့ ထောက်မတယ်
-
ယဟ ၁၉:၂၆၊ ၂၇—မိခင်ကို စောင့်ရှောက်ပေးဖို့ ချစ်တပည့် ယောဟန်ကို ယေရှု သစ်တိုင်ပေါ် သေဆုံးခါနီး မှာတယ်
-
အသင်းတော်က သက်ကြီးသူတွေကို ဘယ်လို လက်တွေ့ကျကျ ကူညီနိုင်သလဲ