အခန်း ဆယ့်ရှစ်
သူ “ဆင်ခြင်တွေးတော” ခဲ့
၁၊ ၂။ မာရိရဲ့ ခရီးစဉ်ကို ပြောပြပါ။ သူ ဘာကြောင့် မသက်မသာ ဖြစ်နေတယ်ဆိုတာ ရှင်းပြပါ။
မာရိဟာ မြည်းစီးနေရင်း ညောင်းလာလို့ သူ့ရဲ့ မပေါ့မပါး ခန္ဓာကိုယ်ကို အသာအယာ ရွှေ့လိုက်တယ်။ အချိန်အတော်ကြာ မြည်းစီးခဲ့ရလို့ သူပင်ပန်း ညောင်းညာနေပြီ။ ယောသပ်ကလည်း ဝေးလံတဲ့ ဘက်သလီဟင်မြို့ကို သွားတဲ့လမ်းအတိုင်း ရှေ့ကနေ တရွေ့ရွေ့ လမ်းလျှောက်နေတယ်။ ဗိုက်ထဲက ကလေးလေး လှုပ်တာကို မာရိ ထပ်ပြီး ခံစားလိုက်ရပြန်တယ်။
၂ မာရိရဲ့ကိုယ်ဝန် အတော်ရင့်နေပြီ။ အဲဒီအချိန်မှာ မာရိရဲ့ “ကိုယ်ဝန် နေ့စေ့လစေ့ ဖြစ်နေပြီ” လို့ ကျမ်းစာက ဆိုတယ်။ (လု. ၂:၅) လယ်ကွင်းတွေကို ဖြတ်ကျော်လာတဲ့အခါ လယ်ထွန်နေ၊ ပျိုးကြဲနေတဲ့ လယ်သမားတချို့ သူတို့ကို တွေ့တဲ့အခါ ဒီအမျိုးသမီး မပေါ့မပါးနဲ့ ဘာလို့များ ခရီးသွားတာလဲလို့ တွေးမိကြမှာပဲ။ နာဇရက်မြို့နဲ့ ဒီလောက်ဝေးတဲ့ နေရာကို မာရိ ဘာကြောင့် ထွက်လာရတာလဲ။
၃။ မာရိ ဘာတာ၀န် ရခဲ့သလဲ။ သူနဲ့ပတ်သက်ပြီး ဘာအကြောင်း သုံးသပ်ကြမလဲ။
၃ လူ့သမိုင်းမှာ အထူးခြားဆုံးဖြစ်တဲ့ တာဝန်ကို မာရိ ရခဲ့တဲ့ အချိန်ကစပြီး ခုလို အခြေအနေတွေ ပေါ်လာတော့တာပဲ။ ဘုရားသခင်ရဲ့ သား၊ မေရှိယသခင်ကို သူဖွားမြင်ရတော့မယ်။ (လု. ၁:၃၅) မီးဖွားခါနီးမှာပဲ ခရီးထွက်ဖို့ အကြောင်းပေါ်လာတယ်။ ဒီလိုဖြစ်ပျက်လာချိန်အတွင်း မာရိရဲ့ယုံကြည်ခြင်း အမျိုးမျိုး စမ်းသပ်ခံခဲ့ရတယ်။ သူ့ယုံကြည်ခြင်း ခိုင်ခံ့နေဖို့ ဘာက ကူညီပေးတယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။
ဘက်သလီဟင်ကို သွားတဲ့ခရီးစဉ်
၄၊ ၅။ (က) ဘက်သလီဟင်မြို့ကို ယောသပ်နဲ့ မာရိ ဘာကြောင့် သွားရတာလဲ။ (ခ) ဆီဇာရဲ့အမိန့်က ဘယ်ပရောဖက်ပြုချက်ကို ပြည့်စုံစေသလဲ။
၄ ယောသပ်နဲ့ မာရိတို့ပဲ ခရီးသွားနေကြတာ မဟုတ်ဘူး။ အဲဒီအချိန်မှာ ဆီဇာ သြဂတ်စတပ်က ပြည်သားအားလုံး မှတ်ပုံတင်ရမယ်ဆိုပြီး အမိန့်ထုတ်ထားလို့ လူတိုင်း ကိုယ့်ဇာတိမြို့ကိုပြန်ပြီး မှတ်ပုံတင်ကြရတယ်။ ယောသပ် ဘယ်လိုလုပ်သလဲ။ “ယောသပ်က ဒါဝိဒ်မျိုးနွယ်ဖြစ်တဲ့အတွက် ဂါလိလဲပြည်၊ နာဇရက်မြို့ကနေ ယုဒပြည်မှာရှိတဲ့ ဘက်သလီဟင်လို့ခေါ်တဲ့ ဒါဝိဒ်ရဲ့ နေရင်းမြို့ဆီ သွားတယ်” လို့မှတ်တမ်းက ဆိုတယ်။—လု. ၂:၁-၄။
၅ အဲဒီအချိန်ကျမှ ဆီဇာ အမိန့်ထုတ်တာက တိုက်ဆိုင်မှု မဟုတ်ဘူး။ လွန်ခဲ့တဲ့ အနှစ် ၇၀၀ လောက်က ရေးခဲ့တဲ့ ကြိုဟောချက်တစ်ခုအရ မေရှိယဟာ ဘက်သလီဟင်မြို့ငယ်မှာ မွေးဖွားမိက္ခာ ၅:၂ ကိုဖတ်ပါ။) နာဇရက်မြို့ကနေ အဲဒီမြို့လေးကို ရောက်ဖို့ ရှမာရိနယ်ကိုဖြတ်ပြီး မိုင် ၈၀ လောက် တောင်တက်တောင်ဆင်း ခရီးသွားရတယ်။ ယောသပ်သွားရမှာက အဲဒီဘက်သလီဟင်မြို့ ဖြစ်နေတယ်။ အဲဒီမြို့ဟာ ယောသပ်နဲ့ မာရိ နှစ်ယောက်စလုံးရဲ့ ဘိုးဘေးဖြစ်သူ ဘုရင်ဒါဝိဒ်မျိုးနွယ်ရဲ့ ဇာတိမြို့ ဖြစ်တယ်။
ရမယ်။ နာဇရက်မြို့နဲ့ ခုနစ်မိုင်လောက်ပဲ ဝေးတဲ့ ဘက်သလီဟင် မြို့တစ်မြို့ ရှိသေးတယ်။ ဒါပေမဲ့ မေရှိယ ဖွားမြင်ရမယ့်မြို့ဟာ “ဘက်သလီဟင် ဧဖရတ်မြို့” ဖြစ်မယ်လို့ ပရောဖက်ပြုချက်က တိတိကျကျ ဖော်ပြထားတယ်။ (၆၊ ၇။ (က) ဘက်သလီဟင်မြို့ကို သွားတဲ့ခရီးက မာရိအတွက် ဘာကြောင့် ခက်ခဲနိုင်သလဲ။ (ခ) မာရိဟာ ယောသပ်ရဲ့ဇနီးဖြစ်လို့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေ ဘယ်လို ပြောင်းလဲသွားသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၆ အဲဒီကိုသွားဖို့ ယောသပ်ရဲ့ ဆုံးဖြတ်ချက်ကို မာရိ သဘောတူပါ့မလား။ ဒီခရီးဟာ မာရိအတွက် အတော်လေးခက်မှာ သေချာတယ်။ အဲဒီအချိန်ဟာ ဆောင်းဦးရာသီ အစောပိုင်းလည်း ဖြစ်ပုံရတယ်။ အဲဒါကြောင့် ခြောက်သွေ့ရာသီ တဖြည်းဖြည်း ကုန်သွားတဲ့အခါ မိုးနည်းနည်း ရွာနိုင်တယ်။ အဲဒီအပြင် ဘက်သလီဟင်မြို့ဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၂,၅၀၀ ကျော်မြင့်ပြီး အတက်လမ်းဖြစ်လို့ ရက်အနည်းငယ်လောက် ခရီးကြမ်း နှင်ကြရမှာဖြစ်တယ်။ ဒါကြောင့်လည်း ‘ဂါလိလဲပြည်ကနေ တက်သွားတယ်’ လို့ ကျမ်းစာက ဆိုတာ။ မာရိဟာ ကိုယ်ဝန် နေ့စေ့လစေ့ ဖြစ်နေလို့ မကြာခဏ အနားယူဖို့ လိုအပ်တဲ့အတွက် ပုံမှန်ထက် ခရီးပိုကြန့်ကြာနိုင်တယ်။ အခုလို မီးဖွားခါနီး ဗိုက်နာနေတဲ့အချိန်မှာ သူ့ကိုကူညီမယ့် မိသားစုနဲ့ မိတ်ဆွေတွေရဲ့ အနီးအနားမှာ မာရိ ရှိနေချင်မှာပဲ။ ဒါကြောင့် ဒီခရီးကို ထွက်လာဖို့ သူ့မှာ သတ္တိရှိရမယ်။
၇ ဘယ်လိုပဲဖြစ်ပါစေ မာရိဟာ “နာမည်စာရင်းပေးဖို့” ယောသပ်နဲ့ လိုက်သွားတယ်လို့ လုကာမှတ်တမ်းအရ သိရတယ်။ “စေ့စပ်ထိမ်းမြားထားတဲ့ ဇနီးမာရိကိုပါ ခေါ်သွားတယ်” လို့လု. ၂:၄၊ ၅) ယောသပ်ရဲ့ ဇနီးဖြစ်နေတဲ့အတွက် မာရိ ဆုံးဖြတ်ချက်ချပုံက ပြောင်းလဲသွားတယ်။ ခင်ပွန်းက အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် ဘုရားပေးတာဝန်အရ သူဟာ ထောက်မပေးသူအဖြစ် ယောသပ်ရဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံရတော့မယ်။ * ဒါကြောင့် မာရိဟာ ခင်ပွန်းကို နာခံခြင်းအားဖြင့် ယုံကြည်ခြင်းရှိကြောင်း ဖော်ပြခဲ့တယ်။
လည်း ဖော်ပြထားတယ်။ (၈။ (က) ယောသပ်နဲ့အတူ ဘက်သလီဟင်မြို့ကို မာရိ ဘာကြောင့် လိုက်သွားတာ ဖြစ်နိုင်သလဲ။ (ခ) မာရိရဲ့ စံနမူနာက သစ္စာရှိသူတွေအတွက် ဘယ်လို လှုံ့ဆော်မှု ဖြစ်စေသလဲ။
၈ မာရိ နာခံမှုပြဖို့ တခြားအကြောင်းတစ်ခု ရှိသေးလား။ မေရှိယဟာ ဘက်သလီဟင်မြို့မှာ ဖွားမြင်မယ်ဆိုတဲ့ ပရောဖက်ပြုချက်ကို မာရိသိပါသလား။ ကျမ်းစာ မဖော်ပြဘူး။ ဒါပေမဲ့ ဒီပရောဖက်ပြုချက်ကို ဘာသာရေးခေါင်းဆောင်တွေအပြင် သာမန်လူတွေတောင်မှ သိတဲ့အတွက် မာရိလည်း သိနိုင်ပါတယ်။ (မ. ၂:၁-၇။ ယော. ၇:၄၀-၄၂) ဒီ့အပြင် မာရိဟာ ကျမ်းစာအသိပညာ ကြွယ်ဝသူဖြစ်တယ်။ (လု. ၁:၄၆-၅၅) ယောသပ်နဲ့ အတူခရီးထွက်ဖို့ မာရိ ဆုံးဖြတ်တာဟာ ခင်ပွန်းရဲ့စကားကို နာခံဖို့လား။ ဘုရင့်အမိန့်ကို နာခံဖို့လား။ ယေဟောဝါဘုရားရဲ့ ပရောဖက်ပြုချက် ပြည့်စုံဖို့လား။ အဲဒါတွေ အားလုံးကြောင့်လား။ ဘာကြောင့်ပဲဖြစ်ပါစေ သူဟာ တကယ် ပုံသက်သေကောင်းသူဖြစ်တယ်။ နှိမ့်ချနာခံတတ်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ယေဟောဝါဘုရား တကယ်တန်ဖိုးထားတယ်။ လက်အောက် ခံတာကို တန်ဖိုးမထားတော့တဲ့ ဒီနေ့ခေတ်မှာ မာရိရဲ့ စံနမူနာဟာ လက်အောက်ခံမှုပြဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးပါတယ်။
ခရစ်တော် မွေးဖွားလာ
၉၊ ၁၀။ (က) ဘက်သလီဟင်မြို့နဲ့ နီးလာတဲ့အခါ ယောသပ်နဲ့ မာရိတို့ ဘယ်အကြောင်းကို စဉ်းစားမိနိုင်သလဲ။ (ခ) သူတို့ ဘယ်မှာ တည်းလိုက်ရသလဲ၊ ဘာကြောင့်လဲ။
၉ ဘက်သလီဟင်ကို အဝေးကနေ လှမ်းမြင်လိုက်ရချိန်မှာ မာရိ စိတ်အေးသွားမှာပဲ။ မာရိနဲ့ ယောသပ်တို့ဟာ တောင်ကုန်းတွေကို တက်ရင်း ဆွတ်ခူးစရာ အသီးတွေ ကျန်နေသေးတဲ့ သံလွင်ခြံတွေကို ဖြတ်သွားတဲ့အခါ အဲဒီကျေးရွာလေးရဲ့ သမိုင်းကြောင်းကို တွေးမိကြပါလိမ့်မယ်။ ပရောဖက်မိက္ခာ ပြောခဲ့တဲ့အတိုင်း ဒီမြို့ငယ်လေးဟာ ယုဒမြို့တွေထဲမှာ ထည့်ရေတွက်လို့ မရလောက်အောင် မထင်ရှားတဲ့နေရာ ဖြစ်ပေမဲ့ အစောပိုင်း အနှစ်တစ်ထောင်ကျော်က ဒီနေရာမှာ ဗောဇ၊ နောမိ၊ ဒါဝိဒ်တို့ မွေးဖွားခဲ့ကြတယ်။
၁၀ အဲဒီကို ယောသပ်နဲ့ မာရိတို့ ရောက်တဲ့အချိန်မှာ လူတွေ ပြည့်ကျပ်နေတာ တွေ့လိုက်ရတယ်။ တခြားသူတွေလည်း မှတ်ပုံတင်ဖို့ သူတို့ထက်အရင် ရောက်နှင့်နေကြလို့ သူတို့တည်းခိုဖို့ နေရာမရှိတော့ဘူး။ * ဒါကြောင့် အဲဒီညမှာ နွားတင်းကုပ်မှာပဲ တည်းလိုက်ရတယ်။ တစ်ခါမှ မခံစားဖူးတဲ့ စူးရှပြင်းထန်တဲ့ နာကျင်မှုကို ဇနီးဖြစ်သူ ခံစားနေရတာ တွေ့တဲ့အခါ ယောသပ် ဘယ်လောက် စိတ်ပူနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဒီလိုနေရာမျိုးမှာမှ သားဖွားဝေဒနာကို မာရိ စပြီး ခံစားလာရတယ်။
၁၁။ (က) မာရိကို အမျိုးသမီးတွေ ဘာကြောင့် ကိုယ်ချင်းစာနိုင်သလဲ။ (ခ) ယေရှုဟာ ဘယ်လိုနည်းတွေနဲ့ “သားဦး” ဖြစ်သလဲ။
၁၁ မာရိကို အမျိုးသမီးတွေ ကိုယ်ချင်းစာကြမှာပါ။ အမွေရထားတဲ့ အပြစ်တရားကြောင့် အမျိုးသမီးအားလုံး သားဖွားဝေဒနာ ခံစားရလိမ့်မယ်လို့ အစောပိုင်း အနှစ် ၄,၀၀၀ လောက်က ယေဟောဝါဘုရား ကြိုဟောခဲ့တယ်။ (က. ၃:၁၆) အဲဒီဝေဒနာကို မာရိ မခံစားခဲ့ရဘူးဆိုတဲ့ အထောက်အထား မရှိပါဘူး။ လုကာက မာရိခံစားရတဲ့ ဝေဒနာကို အသေးစိတ်မဖော်ပြဘဲ “သားဦးလေးကို မွေးတယ်” လို့ပဲ ဆိုတယ်။ (လု. ၂:၇) မှန်ပါတယ်၊ မာရိရဲ့ အနည်းဆုံး သားသမီးခုနစ်ယောက်ထဲက “သားဦးလေး” ဖွားမြင်လာပါပြီ။ (မာ. ၆:၃) ဒါပေမဲ့ ဒီသားဦးဟာ ထူးခြားလိမ့်မယ်။ မာရိရဲ့ သားဦးဖြစ်ရုံမက ယေဟောဝါဘုရားရဲ့ “ဖန်ဆင်းရာအားလုံးမှာ သားဦး” ဖြစ်ပြီး ဘုရားသခင်ရဲ့ တစ်ပါးတည်းသောသားလည်း ဖြစ်တယ်။—ကော. ၁:၁၅။
၁၂။ ကလေးကို မာရိ ဘယ်နေရာမှာ သိပ်ထားရသလဲ။ ခရစ်တော်ဖွားမြင်ခြင်း ပြဇာတ်တွေ၊ ပန်းချီကားတွေ၊ ပြကွက် အခင်းအကျင်းတွေနဲ့ အဖြစ်မှန် ဘယ်လို ကွာခြားသလဲ။
၁၂ မာရိဟာ “ကလေးကို အနှီးနဲ့ပတ်ပြီး နွားစားခွက်ထဲမှာ သိပ်ထားရတယ်” ဆိုတဲ့ လူသိများတဲ့ အချက်ကို မှတ်တမ်းက ဆက်ဖော်ပြတယ်။ (လု. ၂:၇) ဒီမှတ်တမ်းကို ကမ္ဘာတစ်ခုလုံးက ခရစ်တော်ဖွားမြင်ခြင်း ပြဇာတ်တွေ၊ ပန်းချီကားတွေ၊ ပြကွက် အခင်းအကျင်းတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်ကြတယ်။ ဒါပေမဲ့ အဖြစ်မှန်ကို သုံးသပ်ကြည့်ပါ။ ယောသပ်နဲ့ မာရိဟာ နွားတင်းကုပ်မှာ တည်းခိုနေရတာဖြစ်ပြီး ကလေးကိုလည်း နွား စားခွက်ထဲမှာ သိပ်ထားရတယ်။ နွားတင်းကုပ်လို နေရာဟာ အဲဒီအချိန်ကကော အခုအချိန်မှာပါ လေကောင်းလေသန့်ရတဲ့နေရာ မဟုတ်ဘူး။ သန့်ရှင်းစင်ကြယ်တဲ့ နေရာလည်း မဟုတ်ဘူး။ အဲဒါကြောင့် ဖြစ်နိုင်ရင် ဘယ်မိဘကမှ နွားတင်းကုပ်မှာ မီးဖွားချင်မှာ မဟုတ်ဘူး။ မိဘတိုင်းက ကိုယ့်ကလေးအတွက် အကောင်းဆုံးပဲ ဖြစ်စေချင်တယ်။ ယောသပ်နဲ့ မာရိလည်း ဘုရားသခင်ရဲ့ သားတော်အတွက် အကောင်းတကာ့ အကောင်းဆုံး ဖြစ်စေချင်မှာပဲ။
၁၃။ (က) မာရိနဲ့ ယောသပ်တို့ဟာ ရှိတာနဲ့ အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ခဲ့ကြသလဲ။ (ခ) ပညာရှိ မိဘတွေဟာ ယောသပ်နဲ့ မာရိတို့လို ဘာကို ဦးစားထားပြီး သားသမီးတွေကို သွန်သင်ပေးနိုင်သလဲ။
၁၃ ဒါပေမဲ့ သူတို့ဟာ အဆင်မပြေတဲ့ အခြေအနေတွေကို အာရုံစိုက်မနေကြဘူး။ အဲဒီအစား သူတို့မှာ ရှိတာနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့ကြတယ်။ ဥပမာ၊ မာရိဟာ ကလေးကို နွေးထွေးလုံခြုံနေစေဖို့ အနှီးတွေနဲ့ပတ်ရစ်ပြီး နွားစားခွက်ထဲမှာ ဂရုတစိုက် သိပ်ထားတာကို သတိပြုပါ။ မာရိဟာ လတ်တလော အခြေအနေကြောင့် စိုးရိမ်ကြောင့်ကြမနေဘဲ ကလေးကို အတတ်နိုင်ဆုံး ကြည့်ရှုစောင့်ရှောက်ခဲ့တယ်။ အရေးအကြီးဆုံးက ယေဟောဝါဘုရားကို ချစ်တတ်လာအောင် ကလေးကို ပြုစုပျိုးထောင်ဖို့ပဲဆိုတာ မာရိနဲ့ ယောသပ် နှစ်ယောက်စလုံး သိတယ်။ (တရားဟောရာ ၆:၆-၈ ကိုဖတ်ပါ။) ဝတ်ပြုရေးကို တန်ဖိုးမထားတော့တဲ့ အခုအချိန်မှာလည်း ပညာရှိတဲ့ မိဘတွေဟာ သားသမီးတွေကို ပြုစုပျိုးထောင်တဲ့အခါ ယေဟောဝါဘုရားကို ချစ်လာအောင် ဦးစားပေး သွန်သင်နေကြတယ်။
လည်ပတ်လာသူတွေကြောင့် အားရှိသွား
၁၄၊ ၁၅။ (က) သိုးထိန်းတွေဟာ ကလေးကို ဘာကြောင့် သိပ်တွေ့ချင်နေကြတာလဲ။ (ခ) နွားတင်းကုပ်ထဲက ကလေးကို တွေ့ပြီးနောက် သိုးထိန်းတွေ ဘာလုပ်ကြသလဲ။
၁၄ အေးဆေးငြိမ်သက်တဲ့ နေရာက ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ သိုးထိန်းတွေဟာ အဲဒီမိသားစု၊ အထူးသဖြင့် ကလေးကို တွေ့ချင်စောနဲ့ နွားတင်းကုပ်ထဲ အလောတကြီး ပြေးဝင်လာကြတယ်။ သူတို့ရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားမှုနဲ့ ဝမ်းသာမှုတွေကို တွေ့နိုင်ပါတယ်။ တောင်ကုန်းတွေပေါ်မှာ သိုးကျောင်းရာကနေ သူတို့ ရောက်လာကြတာ ဖြစ်တယ်။ * အံ့အားသင့်နေတဲ့ မိဘတွေကို သူတို့ အခုလေးတင် ကြုံတွေ့ခဲ့တဲ့ အံ့သြစရာ အဖြစ်အပျက်ကို ပြောပြကြတယ်။ ညသန်းခေါင်မှာ ကောင်းကင်တမန်တစ်ပါး ရုတ်တရက်ပေါ်လာပြီး ဝန်းကျင်တစ်ဝိုက်မှာ ယေဟောဝါရဲ့ ဘုန်းအသရေကြောင့် ထွန်းလင်းသွားတယ်။ ဘက်သလီဟင်မြို့မှာ ခရစ်တော် ဒါမှမဟုတ် မေရှိယ ဖွားမြင်ပြီလို့ အဲဒီကောင်းကင်တမန်က သူတို့ကို ပြောပြတယ်။ အဲဒီအပြင် ကလေးကို အနှီးနဲ့ပတ်ပြီး နွားစားခွက်ထဲ သိပ်ထားတာကို တွေ့ရလိမ့်မယ်လို့လည်း ပြောတယ်။ ပိုပြီးထူးဆန်းတာက ကောင်းကင်တမန်အများကြီး ချက်ချင်း ပေါ်လာပြီး ဘုရားသခင်ကို ချီးမွမ်းကြတယ်။—လု. ၂:၈-၁၄။
လု. ၂:၁၇၊ ၁၈) အဲဒီအချိန်က ဘာသာရေးခေါင်းဆောင်တွေဟာ သိုးထိန်းတွေကို အထင်သေးကြတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားကတော့ နှိမ့်ချပြီး သစ္စာရှိတဲ့ အဲဒီသိုးထိန်းတွေကို တန်ဖိုးထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီအဖြစ်အပျက်က မာရိအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
၁၅ ဒါကြောင့်လည်း နှိမ့်ချမှုရှိတဲ့ အဲဒီသိုးထိန်းတွေဟာ ဘက်သလီဟင်မြို့ထဲ အမြန်ရောက်လာကြတာ။ ကောင်းကင်တမန် ပြောတဲ့အတိုင်း မွေးကင်းစကလေးကို တွေ့လိုက်တဲ့အခါ သူတို့ သိပ်ဝမ်းသာကြမှာပဲ။ အဲဒီသတင်းကောင်းကို ပြန်ပြောပြကြတော့ “ကြားတဲ့သူအားလုံး တအံ့တဩ ဖြစ်ကြတယ်” လို့မှတ်တမ်းက ဆိုတယ်။ (နှိမ့်ချပြီး သစ္စာရှိတဲ့ သိုးထိန်းတွေကို ယေဟောဝါဘုရား တန်ဖိုးထားတယ်ဆိုတာ ထင်ရှား
၁၆။ မာရိဟာ တကယ် ဆင်ခြင်တွေးတောတတ်သူ ဖြစ်မှန်း ဘယ်လို ဖော်ပြခဲ့သလဲ။ သူ့ယုံကြည်ခြင်းကို ခိုင်ခံ့စေတဲ့ အဓိက အကြောင်းရင်းက ဘာလဲ။
၁၆ မာရိဟာ မီးဖွားပြီးခါစဖြစ်လို့ နွမ်းနယ်နေမှာပဲ။ ဒါပေမဲ့ သူတို့ပြောသမျှကို အာရုံစိုက် နားထောင်ခဲ့တယ်။ ပြီးတော့ “မာရိက အဲဒီအကြောင်းကို စိတ်ထဲ မှတ်ထားပြီး ဘာကို ဆိုလိုတယ်ဆိုတာ ဆင်ခြင်တွေးတော” တယ်။ (လု. ၂:၁၉) ဒီအမျိုးသမီးဟာ တကယ့်ကို ဆင်ခြင်တွေးတောတတ်သူပါ။ ကောင်းကင်တမန်ဆီကလာတဲ့ သတင်းစကားဟာ သိပ်အရေးကြီးတယ်ဆိုတာ သူသိတယ်။ သူ့ရဲ့သားဟာ ဘယ်သူဘယ်ဝါဖြစ်ပြီး ဘယ်လောက် အရေးပါတယ်ဆိုတာ ယေဟောဝါဘုရားက သူ့ကို သိစေချင်တယ်။ ဒါကြောင့် နားထောင်ရုံထက်မက နောက်ပိုင်းမှာ ထပ်ခါထပ်ခါ ပြန် ဆင်ခြင်တွေးတောနိုင်ဖို့ ကြားသမျှကို မာရိ ကောင်းကောင်း မှတ်သားထားတယ်။ ဒါက မာရိရဲ့ ဘဝတစ်လျှောက်လုံးမှာ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပဲ။—ဟီဘရူး ၁၁:၁ ကိုဖတ်ပါ။
၁၇။ အရေးကြီးတဲ့ အမှန်တရားတွေနဲ့ ပတ်သက်ပြီး မာရိရဲ့ စံနမူနာကို ဘယ်လို အတုယူနိုင်သလဲ။
၁၇ မာရိရဲ့ စံနမူနာကို သင် အတုယူမလား။ ယေဟောဝါဘုရားဟာ အရေးကြီးတဲ့ အမှန်တရားတွေကို ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီအမှန်တရားတွေကို အာရုံမစိုက်ဘူးဆိုရင် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် ကျမ်းစာကို လက်ရာမြောက်တဲ့ စာအုပ်တစ်အုပ်အနေနဲ့ မဟုတ်ဘဲ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားအဖြစ် လက်ခံပြီး မှန်မှန်ဖတ်ရှုရမယ်။ (၂ တိ. ၃:၁၆) အဲဒီနောက် မာရိလိုပဲ ဘုရားသခင်နဲ့ ပတ်သက်တဲ့ အမှန်တရားတွေကို သေချာမှတ်သားပြီး ဆင်ခြင်တွေးတောဖို့ လိုတယ်။ ကျမ်းစာမှာ ဖတ်ရှုရတဲ့အရာတွေကို တွေးတောဆင်ခြင်မယ်၊ ယေဟောဝါဘုရားရဲ့ သွန်သင်ချက်ကို ဘယ်လို ပိုပြီးအပြည့်အဝ ကျင့်သုံးနိုင်မလဲဆိုတာ လေးလေးနက်နက် စဉ်းစားမယ်ဆိုရင် ယုံကြည်ခြင်း တိုးများလာပါလိမ့်မယ်။
မှတ်သားထားရမယ့် နောက်ထပ်စကားတွေ
၁၈။ (က) ယေရှု ငယ်ငယ်တုန်းက မာရိနဲ့ ယောသပ်တို့ဟာ မောရှေပညတ်ကို ဘယ်လို လိုက်နာခဲ့ကြသလဲ။ (ခ) မာရိနဲ့ ယောသပ်တို့ရဲ့ ပူဇော်သက္ကာက သူတို့ရဲ့ စီးပွားရေး အခြေအနေအကြောင်း ဘာဖော်ပြသလဲ။
၁၈ ကလေး ရှစ်ရက်ပြည့်တဲ့နေ့မှာ မာရိနဲ့ယောသပ်ဟာ မောရှေရဲ့ ပညတ်အတိုင်း လု. ၁:၃၁) အဲဒီနောက် ရက် ၄၀ ပြည့်တဲ့အခါ ဘက်သလီဟင်မြို့ကနေ ၆ မိုင်လောက် ဝေးတဲ့ ဗိမာန်တော်ဆီသွားကြတယ်။ ပြီးတော့ ပညတ်တရားက ဆင်းရဲသားတွေအတွက် ခွင့်ပြုထားတဲ့ ခိုနှစ်ကောင် ဒါမှမဟုတ် ချိုးနှစ်ကောင်ကို စင်ကြယ်ရာ ပူဇော်သက္ကာအဖြစ် ဆက်သခဲ့ကြတယ်။ တတ်နိုင်တဲ့ တခြားမိဘတွေလို သိုးထီးတစ်ကောင်နဲ့ ချိုးငှက်တစ်ကောင်ကို မပူဇော်နိုင်လို့ ရှက်နေမယ်ဆိုရင်တောင် ပညတ်တရားကို အတတ်နိုင်ဆုံး လိုက်နာကြတယ်။ အဲဒီမှာရှိနေတုန်း သူတို့ တကယ်အားရှိသွားတယ်။—လု. ၂:၂၁-၂၄။
ကလေးကို အရေဖျားဖြတ်ပေးပြီး မှာထားတဲ့အတိုင်း ယေရှုလို့ နာမည်ပေးခဲ့ကြတယ်။ (၁၉။ (က) မာရိ တန်ဖိုးထားရတဲ့ နောက်ထပ် ဘယ်စကားတွေကို ရှိမောင် ပြောခဲ့သလဲ။ (ခ) အန္နဟာ ကလေးငယ်ယေရှုကို တွေ့တဲ့အခါ ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၁၉ ရှိမောင်လို့ခေါ်တဲ့ အသက်ကြီးသူတစ်ယောက် သူတို့ဆီလာပြီး မာရိ တန်ဖိုးထားတဲ့ နောက်ထပ်စကားတွေကို ပြောဆိုခဲ့တယ်။ ရှိမောင် မသေဆုံးခင် မေရှိယကို မြင်ရလိမ့်မယ်ဆိုတဲ့ ကတိကို ရထားတယ်။ ယေဟောဝါဘုရားကလည်း သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ကလေးငယ်ယေရှုဟာ ကြိုဟောထားတဲ့ ကယ်တင်ရှင်ဖြစ်တယ်လို့ သူ့ကို အသိပေးခဲ့တယ်။ အဲဒီအပြင် တစ်နေ့ကျရင် မာရိခံစားရမယ့် ဝေဒနာအကြောင်း ရှိမောင် သတိပေးတယ်။ မာရိဟာ ဓားရှည်နဲ့ အခွင်းခံရသလို ဖြစ်ရလိမ့်မယ် လို့ သူပြောတယ်။ (လု. ၂:၂၅-၃၅) အနှစ်သုံးဆယ်ကျော် ကြာပြီးနောက် မာရိအတွက် ခက်ခဲတဲ့အချိန် ရောက်လာတဲ့အခါ အဲဒီစကားတွေက သူ့ကို ခံနိုင်ရည်ရှိစေခဲ့မှာပါ။ အဲဒီနောက် အန္နဆိုတဲ့ ပရောဖက်မတစ်ယောက်ကလည်း ကလေးငယ်ယေရှုကို မြင်တဲ့အခါ ဂျေရုဆလင်မြို့ လွတ်မြောက်ရမယ့် အချိန်နဲ့ပတ်သက်ပြီး စောင့်မျှော်နေသူအားလုံးကို ယေရှုအကြောင်း ပြောပြတယ်။—လုကာ ၂:၃၆-၃၈ ကိုဖတ်ပါ။
၂၀။ ကလေးငယ်ယေရှုကို ဂျေရုဆလင်မြို့က ဗိမာန်တော်ဆီ ခေါ်သွားတာဟာ ဘာကြောင့် တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်သလဲ။
၂၀ ယောသပ်နဲ့ မာရိတို့ဟာ ကလေးကို ဂျေရုဆလင်မြို့မှာရှိတဲ့ ယေဟောဝါဘုရားရဲ့ ဗိမာန်တော်ကို ခေါ်လာခဲ့တာဟာ တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒီလိုနည်းနဲ့ သူတို့ဟာ ယေဟောဝါဘုရားရဲ့ ဗိမာန်တော်ကို တစ်သက်တာလုံး သစ္စာရှိသွားဖို့ ကလေးကို လေ့ကျင့်ပေးခဲ့ကြတယ်။ အဲဒီမှာရှိနေတုန်း ယေဟောဝါဘုရားကို သူတို့အတတ်နိုင်ဆုံး ပေးဆက်ကြပြီး သွန်သင်ချက်တွေ၊ အားပေးစကားတွေ ကြားခဲ့ရတယ်။ ဗိမာန်တော်ကနေ ပြန်လာတဲ့နေ့မှာ မာရိရဲ့ ယုံကြည်ခြင်း ပိုပြီး ခိုင်ခံ့လာမှာပဲ။ အဲဒီအပြင် သူ့ရဲ့ နှလုံးထဲမှာ ဆင်ခြင်တွေးတောစရာ၊ တခြားသူတွေကို ပြောပြစရာ အရေးကြီးတဲ့စကားတွေ ပြည့်နေမှာ သေချာတယ်။
၂၁။ မာရိလို ယုံကြည်ခြင်း ပိုခိုင်ခံ့လာဖို့ ဘယ်လို လုပ်နိုင်မလဲ။
၂၁ အဲဒီပုံသက်သေကို အတုယူတဲ့ ဒီနေ့ခေတ် မိဘတွေကို တွေ့ရတာ အားရှိစရာပါပဲ။ ယေဟောဝါသက်သေ မိဘတွေဟာ သားသမီးတွေကို အစည်းအဝေးတက်ဖို့ မှန်မှန်ခေါ်သွားကြတယ်။ အဲဒီလိုလုပ်တဲ့ မိဘတွေဟာ ယုံကြည်သူချင်းတွေကို အတတ်နိုင်ဆုံး အားပေးတည်ဆောက်ကြတယ်။ သူတို့ဟာ အစည်းအဝေးက ပြန်လာတဲ့အခါ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်၊ ပိုပျော်ရွှင်လာတယ်၊ တခြားသူတွေကို ပြန်ပြောပြစရာတွေ အများကြီး ရလာကြတယ်။ သူတို့လို လူတွေနဲ့ တွေ့ဆုံရတာ တကယ် ကြည်နူးစရာပါပဲ။ ဒီလိုနည်းနဲ့ ကျွန်တော်တို့လည်း မာရိလို ယုံကြည်ခြင်း ပိုခိုင်ခံ့လာပါလိမ့်မယ်။
^ အပိုဒ်၊ 7 ဒီခရီးစဉ်နဲ့ ‘မာရိက ဧလိရှဗက်ဆီ ခပ်သုတ်သုတ် ခရီးနှင်တယ်’ ဆိုပြီး ဖော်ပြခဲ့တဲ့ ခရီးစဉ် ကွာခြားတာကို သတိပြုပါ။ (လု. ၁:၃၉) အဲဒီအချိန်မှာ မာရိဟာ စေ့စပ်ထားပေမဲ့ လက်မထပ်ရသေးတဲ့အတွက် ယောသပ်ကို တိုင်ပင်စရာမလိုဘဲ ခရီးသွားနိုင်ခဲ့တယ်။ လက်ထပ်ပြီးချိန်မှာတော့ ယောသပ်ဦးဆောင်တဲ့အတိုင်း သူတို့အတူ ခရီးထွက်ခဲ့ကြတယ်။
^ အပိုဒ်၊ 10 အဲဒီခေတ်က ခရီးသည်တွေအတွက် တည်းခိုစရာနေရာကို မြို့တွေမှာ စီစဉ်ပေးထားလေ့ရှိတယ်။
^ အပိုဒ်၊ 14 အဲဒီအချိန်မှာ သိုးထိန်းတွေဟာ တောင်ကုန်းတွေပေါ်မှာ သိုးကျောင်းနေတယ်ဆိုတဲ့ အချက်က ကျမ်းစာအဖြစ်အပျက်တွေကနေ သိရတဲ့ အောက်ပါအချက်ကို ထောက်ခံတယ်– ဒီဇင်ဘာလမှာ ခရစ်တော် မွေးဖွားခဲ့တာမဟုတ်ဘူး။ အဲဒီလမှာဆိုရင် သိုးတွေကို အိမ်နားမှာပဲ ထားလေ့ရှိတဲ့အတွက် အောက်တိုဘာလ ဆန်းပိုင်းမှာ ခရစ်တော် မွေးဖွားခဲ့တာ ဖြစ်တယ်။