အခန်း ဆယ့်ငါး
ဘုရားသခင့် လူမျိုးဘက် သူရပ်တည်ခဲ့
၁-၃။ (က) ဧသတာဟာ သူ့ခင်ပွန်းနဲ့ သွားတွေ့ဖို့ ဘာကြောင့် ဒီလောက်တောင် ကြောက်နေရသလဲ။ (ခ) ဧသတာနဲ့ ပတ်သက်ပြီး ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
ဧသတာဟာ ရှုရှန်နန်းတော်ဝင်းနဲ့ နီးလာလေ စိတ်တည်ငြိမ်အောင် မနည်း ကြိုးစားနေရလေပဲ။ ရှုရှန်နန်းတော်ကြီးကို မြင်သူတိုင်း အံ့သြချီးမွမ်းအောင် တည်ဆောက်ထားပုံ ရတယ်။ နန်းတော်ကြီးရဲ့ အုတ်နံရံတွေမှာ အတောင်ပံပါတဲ့ နွားတွေ၊ လေးသမားတွေ၊ ခြင်္သေ့တွေရဲ့ ရောင်စုံရုပ်ကြွတွေ ပုံဖော်ထားတယ်။ အဲဒီအပြင် လိုင်းတွေဖော်ထားတဲ့ ကျောက်တိုင်ကြီးတွေ၊ ခံ့ညားထည်ဝါတဲ့ ကျောက်ဆစ်ရုပ်တုတွေလည်း ရှိတယ်။ နှင်းဖုံးနေတဲ့ ဇာဂရော့တောင်တန်းအနားက ကုန်းပြင်မြင့်ကြီးပေါ်မှာ တည်ဆောက်ထားတဲ့ ဒီနန်းတော်ကြီးကနေ ကြည်လင်တဲ့ ခိုအက်စ်ပိဇ်မြစ်ကို လှမ်းမြင်နေရတယ်။ ကြီးကျယ်ခမ်းနားတဲ့ အဲဒီနန်းတော်ကြီးဟာ ဧသတာ သွားတွေ့ရမယ့် ရှင်ဘုရင် စံမြန်းရာနေရာဖြစ်ပြီး နန်းတော်ကို မြင်တာနဲ့ သူ့ကိုယ်သူ “ဘုရင်မင်းမြတ်” လို့ခေါ်တဲ့ ရှင်ဘုရင်ရဲ့ တန်ခိုးအာဏာကို အမှတ်ရစေတယ်။ ဒီပုဂ္ဂိုလ်ဟာ ဧသတာရဲ့ ခင်ပွန်းသည်လည်း ဖြစ်ပါတယ်။
၂ ဧသတာရဲ့ ခင်ပွန်းတဲ့လား။ ဘုရင်အာရွှေရုဟာ သစ္စာရှိ ဂျူးအမျိုးသမီးတွေ မျှော်မှန်းမယ့် ခင်ပွန်းမျိုး မဟုတ်ဘူး။ * သူဟာ အာဗြဟံလို လူမျိုးကို အတုယူမယ့်လူစား မဟုတ်ဘူး။ အာဗြဟံဟာ ဇနီးစာရာရဲ့ စကားကို နားထောင်ပါဆိုတဲ့ ဘုရားသခင်ရဲ့ လမ်းညွှန်ချက်ကို နှိမ့်ချစွာ လက်ခံခဲ့တဲ့ ခင်ပွန်းမျိုးဖြစ်တယ်။ (က. ၂၁:၁၂) ဘုရင်အာရွှေရုဟာ ဧသတာ ကိုးကွယ်တဲ့ ယေဟောဝါဘုရားအကြောင်း၊ ဘုရားသခင့်ပညတ်အကြောင်း ဘာတစ်ခုမှ မသိတဲ့သူပဲ။ ဒါပေမဲ့ ပါရှန်းဥပဒေတွေကိုတော့ သူကောင်းကောင်း သိတယ်။ အဲဒီထဲမှာ အခု ဧသတာ လုပ်တော့မယ့် လုပ်ရပ်ကို တားမြစ်တဲ့ ဥပဒေလည်း ပါတယ်။ အဲဒီဥပဒေက ဘာလဲ။ ပါရှန်းဘုရင် မဆင့်ခေါ်ဘဲ ရောက်လာတဲ့ ဘယ်သူ့ကိုမဆို သေဒဏ်ပေးနိုင်တယ်ဆိုတဲ့ ဥပဒေပါပဲ။ ဧသတာဟာ ဘုရင် မဆင့်ခေါ်ဘဲ ဘုရင်ကို ဝင်တွေ့ဖို့ လိုနေတယ်။ ဘုရင်ရဲ့ ပလ္လင်ပေါ်ကနေ သူ့ကိုလှမ်းမြင်နိုင်တဲ့ နန်းတော် အတွင်းတံတိုင်းနား ရောက်လာတာနဲ့ ဧသတာဟာ ကိုယ့်သေတွင်း ကိုယ်တူးနေတယ်လို့ ခံစားနေရနိုင်တယ်။—ဧသတာ ၄:၁၁။ ၅:၁ ကိုဖတ်ပါ။
၃ ဧသတာ ဘာဖြစ်လို့ ဒီလောက် စွန့်စားနေရသလဲ။ ဒီထူးခြားတဲ့ အမျိုးသမီးရဲ့
ယုံကြည်ခြင်းကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။ ဧသတာဟာ ဘယ်လိုလုပ်ပြီး ပါရှားမိဖုရား ဖြစ်လာတယ်ဆိုတာ အရင်ဆုံး ကြည့်ကြစို့။ဧသတာရဲ့ နောက်ခံ
၄။ ဧသတာရဲ့ နောက်ခံကို ပြောပြပါ။ ဝမ်းကွဲအစ်ကို မော်ဒကဲနဲ့ ဘာကြောင့် အတူနေရသလဲ။
၄ ဧသတာဟာ မိဘမဲ့ဖြစ်တယ်။ သူ့မိဘတွေအကြောင်း မသိရသလောက်ပဲ။ သူ့မိဘတွေက သူ့ကို ဟဒဿလို့ နာမည်ပေးခဲ့တယ်။ ဟီဘရူးစကားလုံး ဟဒဿရဲ့ အဓိပ္ပာယ်က “မုရတု” ဖြစ်ပြီး မွှေးကြိုင်တဲ့ အဖြူရောင်ပန်း လှလှလေးတွေ ပွင့်တဲ့ ချုံပင်တစ်မျိုးဖြစ်တယ်။ ဧသတာရဲ့ မိဘတွေ ဆုံးသွားတော့ သနားကြင်နာတတ်တဲ့ သူ့၀မ်းကွဲအစ်ကို မော်ဒကဲက သူ့ကို ခေါ်ထားတယ်။ မော်ဒကဲဟာ ဧသတာထက် အသက်ပိုကြီးတယ်။ သူက ဧသတာကို သမီးအရင်းလေးလို ကျွေးမွေးစောင့်ရှောက်ထားတယ်။—ဧသ. ၂:၅-၇၊ ၁၅။
၅၊ ၆။ (က) မော်ဒကဲက ဧသတာကို ဘယ်လို ပြုစုပျိုးထောင်ခဲ့သလဲ။ (ခ) ရှုရှန်မှာ မော်ဒကဲနဲ့ ဧသတာတို့ရဲ့ ဘဝက ဘယ်လိုရှိသလဲ။
၅ မော်ဒကဲနဲ့ ဧသတာတို့ဟာ ပါရှားအင်ပါယာရဲ့ မြို့တော်မှာ ပြည်နှင်ခံ ဂျူးတွေအဖြစ် နေထိုင်ကြတယ်။ အဲဒီမှာ သူတို့ရဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ သူတို့လိုက်လျှောက်တဲ့ ဘုရားသခင့်ပညတ်ကြောင့် အထင်သေးခံရတယ်။ မော်ဒကဲဟာ သနားကြင်နာတတ်တဲ့ ယေဟောဝါဘုရားအကြောင်း ဧသတာကို သင်ပေးခဲ့လို့ သူတို့နှစ်ယောက် သိပ်ရင်းနှီးခဲ့မှာ သေချာတယ်။ ယေဟောဝါဘုရားဟာ အစ္စရေးတွေကို အခက်အခဲတွေကနေ အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးသလို နောင်လည်း ကယ်တင်ပေးမယ်လို့ ဧသတာကို ပြောပြခဲ့မှာပဲ။ (ဝတ်. ၂၆:၄၄၊ ၄၅) ဧသတာနဲ့ မော်ဒကဲတို့ဟာ တစ်ယောက်ကိုတစ်ယောက် ပိုချစ်ခင်ရင်းနှီးလာပြီး သစ္စာနှောင်ကြိုး ပိုခိုင်မြဲလာမှာ သေချာတယ်။
၆ မော်ဒကဲဟာ ရှုရှန်နန်းတော်မှာ အရာရှိတစ်ယောက်ဖြစ်နိုင်ပြီး ဂိတ်တံခါးမှာ တခြား ဘုရင့်အစေအပါးတွေနဲ့အတူ ထိုင်လေ့ရှိတယ်။ (ဧသ. ၂:၁၉၊ ၂၁။ ၃:၃) ဧသတာ ငယ်ငယ်တုန်းက ဘယ်လို ကြီးပြင်းလာတယ်ဆိုတာ မသိရပေမဲ့ ဝမ်းကွဲအစ်ကို မော်ဒကဲကိုရော အိမ်ကိုပါ ကောင်းကောင်း ကြည့်ရှုခဲ့မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ သူတို့ရဲ့အိမ်က နန်းတော်ရဲ့ မြစ်တစ်ဖက်မှာရှိတဲ့ သာမန်ရပ်ကွက်ထဲမှာ ရှိမယ်။ ရွှေထည်ငွေထည်တွေနဲ့ တခြားကုန်ပစ္စည်းတွေ ရောင်းချတဲ့ ရှုရှန်ဈေးထဲ လျှောက်ကြည့်ရတာကို ဧသတာ ပျော်ခဲ့မှာပဲ။ ဒါပေမဲ့ အဲဒီတန်ဖိုးကြီးတဲ့ ပစ္စည်းတွေက နောက်ပိုင်းမှာ သူ သုံးရမယ့်ပစ္စည်းတွေ ဖြစ်လာလိမ့်မယ် ဆိုတာ ကြိုတွေးမိမှာ မဟုတ်ဘူး။ အဲဒီတုန်းက သူ့ဘဝ ဘယ်လောက် ပြောင်းလဲသွားမလဲ ဆိုတာကိုလည်း သိမှာမဟုတ်ဘူး။
“ရုပ်ချော” သူ
၇။ ဝါရှတိကို မိဖုရားအဖြစ်ကနေ ဘာကြောင့် ဖယ်ရှားလိုက်တာလဲ။ နောက်ပိုင်း ဘာဆက်ဖြစ်ခဲ့သလဲ။
၇ တစ်နေ့တော့ နန်းတော်ထဲက အဖြစ်အပျက်တစ်ခုကြောင့် ရှုရှန်တစ်မြို့လုံး ပွက်လောရိုက်နေတယ်။ ဘုရင်အာရွှေရုဟာ သူ့ရဲ့ မှူးမတ်တွေနဲ့အတူ အကြီးအကျယ် ပွဲခံနေတုန်း မိဖုရားချော ဝါရှတိကို ဆင့်ခေါ်လိုက်တယ်။ အဲဒီအချိန်မှာ မိဖုရားကလည်း အမျိုးသမီးတွေနဲ့အတူ သီးခြားအဆောင်မှာ ပွဲခံနေတယ်။ ဘုရင်ဆင့်ခေါ်တာကို မိဖုရားက မသွားဘဲနေတယ်။ အရှက်ခွဲခံလိုက်ရလို့ ဒေါသထွက်နေတဲ့ ဘုရင်ဟာ မိဖုရားဝါရှတိကို ဘယ်လို အပြစ်ပေးရမလဲဆိုပြီး မှူးမတ်တွေနဲ့ တိုင်ပင်တယ်။ မှူးမတ်တွေ အကြံပေးတဲ့အတိုင်း ဝါရှတိကို မိဖုရားအဖြစ်ကနေ ဖယ်ရှားလိုက်တယ်။ အဲဒီနောက် မိဖုရားအသစ် ရွေးချယ်နိုင်ဖို့ ဘုရင့်အစေအပါးတွေဟာ ချောမောလှပတဲ့ အပျိုတွေကို တိုင်းပြည်အနှံ့ ရှာဖွေကြတော့တယ်။—ဧသ. ၁:၁–၂:၄။
၈။ (က) ဧသတာ အရွယ်ရောက်လာတဲ့အခါ မော်ဒကဲ ဘာကြောင့် စိုးရိမ်လာသလဲ။ (ခ) ရုပ်ရည်အလှနဲ့ ပတ်သက်ပြီး ကျမ်းစာရဲ့ မျှတတဲ့ အမြင်ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။ (ပညာအလိမ္မာ ၃၁:၃၀ ကိုလည်းကြည့်ပါ။)
၈ ဝမ်းကွဲညီမလေး ဧသတာကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရင်း တစ်နေ့တခြား ချောမောလှပလာတာကို မော်ဒကဲ သတိထားမိတယ်။ ဧသတာရဲ့အလှကြောင့် ဂုဏ်ယူနေမှာဖြစ်သလို စိုးရိမ်စိတ်လည်း ရှိမှာပဲ။ ဧသတာဟာ “ရုပ်ချောပြီး ဆွဲဆောင်မှုရှိတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဧသ. ၂:၇) ရုပ်ရည်ချောမောလှပတာက နှစ်သက်စရာကောင်းပေမဲ့ ဉာဏ်ပညာနဲ့ နှိမ့်ချမှုရှိဖို့လည်း လိုတယ်ဆိုပြီး ကျမ်းစာက မျှတတဲ့အမြင်ကို ဖော်ပြပေးတယ်။ ဒီလိုမှမဟုတ်ရင် မာနကြီး မောက်မာလာပြီး တခြားဉာဉ်ဆိုးတွေ ရှိလာနိုင်တယ်။ (ပညာအလိမ္မာ ၁၁:၂၂ ကိုဖတ်ပါ။) အဲဒီလိုလူမျိုးကို တွေ့ဖူးတယ်မဟုတ်လား။ ဧသတာရဲ့အလှက သူ့ကို ကောင်းကျိုးပြုမလား၊ ဆိုးကျိုးပေးမလားဆိုတာ အချိန်က ပြောလိမ့်မယ်။
၉။ (က) ဘုရင့်အစေအပါးတွေက ဧသတာကို သတိထားမိတဲ့အခါ ဘာဆက်ဖြစ်ခဲ့သလဲ။ မောဒကဲနဲ့ ခွဲခွာရတာ ဘာကြောင့် ခက်ခဲနိုင်သလဲ။ (ခ) မော်ဒကဲက ဧသတာကို ဘာသာခြားတစ်ယောက်နဲ့ ဘာကြောင့် လက်ထပ်ခွင့်ပေးခဲ့သလဲ။ (လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၉ ဘုရင်ရဲ့ အစေအပါးတွေက အပျိုချောလေးတွေကို လိုက်ရှာတဲ့အခါ ဧသတာကိုလည်း တွေ့သွားတယ်။ ဒါနဲ့ ဧသတာကို မော်ဒကဲဆီကနေ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်ကို ခေါ်သွားကြတယ်။ (ဧသ. ၂:၈) သားအဖလို နေလာခဲ့ကြတဲ့ သူတို့ဟာ အဲဒီလို ခွဲခွာရလို့ အတော်လေး ဝမ်းနည်းကြမှာပဲ။ မော်ဒကဲဟာ သူ့ရဲ့ မွေးစားသမီးလေးကို ဘုရင်ပဲဖြစ်နေပါစေ ဘာသာခြားတစ်ယောက်နဲ့ လက်ထပ်စေချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ဘာမှ မတတ်နိုင်ခဲ့ဘူး။ * ဧသတာဟာ အိမ်ကနေ ထွက်မသွားခင် မော်ဒကဲရဲ့ ဆုံးမစကားတွေကို ဂရုတစိုက် မှတ်သားနေမှာ သေချာတယ်။ ရှုရှန်နန်းတော်ကို သွားနေတုန်း သူ့မှာ စဉ်းစားစရာတွေ အများကြီးရှိမှာပဲ။ ရှေ့ဆက်ပြီး ဘာတွေ ကြုံတွေ့ရဦးမလဲ။
“ဧသတာကို မြင်သူတိုင်း ချစ်ခင်ကြ”
၁၀၊ ၁၁။ (က) ဧသတာရဲ့ ပတ်ဝန်းကျင်အသစ်က သူ့ကို ဘယ်လို ဖြစ်စေနိုင်သလဲ။ (ခ) ဧသတာအတွက် စိုးရိမ်ပူပန်ကြောင်း မော်ဒကဲ ဘယ်လိုပြခဲ့သလဲ။
၁၀ ဧသတာဟာ သူ့အတွက် ဘာမဆို အသစ်အဆန်းဖြစ်နေတဲ့ ဝန်းကျင်ကို ရောက်သွားတယ်။ ပါရှားအင်ပါယာ တစ်ခွင်ကနေ ခေါ်လာတဲ့ “မိန်းမပျိုလေးတွေ” ထဲမှာ ဧသတာလည်းပါတယ်။ သူတို့ရဲ့ ဓလေ့ထုံးစံတွေ၊ ဘာသာစကားနဲ့ စိတ်ထားတွေက တော်တော့်ကို ကွဲပြားနေမှာပဲ။ ဟေဂဲလို့ခေါ်တဲ့ အပျိုတော်ထိန်းရဲ့ အုပ်ထိန်းမှုအောက်မှာ ဒီအပျိုလေးတွေအားလုံး နဂိုထက် ပိုချောမောလှပလာအောင် တစ်ကိုယ်လုံးကို အမွှေးနံ့သာတွေနဲ့ နှိပ်နယ်တာ အပါအဝင် အထူးအလှပြုပြင်ပေးတဲ့ အစီအစဉ်ကို တစ်နှစ်လောက် ခံယူရမှာဖြစ်တယ်။ (ဧသ. ၂:၈၊ ၁၂) အဲဒီလိုပတ်ဝန်းကျင်နဲ့ ဘဝပုံစံမျိုးမှာ ဒီအပျိုလေးတွေဟာ သူတို့ရဲ့ ရုပ်ရည်ကိုပဲ အလွန်အကျွံ အာရုံစိုက်လာပြီး အလှမာန်တွေ တက်လာတဲ့အပြင် အပြိုင်အဆိုင် စိတ်ဓာတ်လည်း ပေါ်လာနိုင်တယ်။ ဧသတာကော အဲဒီလိုဖြစ်ခဲ့သလား။
ဧသ. ၂:၁၁) နန်းတော်ဝင်းထဲက အစေအပါးတွေဆီကနေ သတင်းသဲ့သဲ့ ကြားတဲ့အခါ ဧသတာအတွက် မော်ဒကဲ ဂုဏ်ယူခဲ့မှာပဲ။ ဘာကြောင့်လဲ။
၁၁ ဧသတာအတွက် မော်ဒကဲလောက် စိုးရိမ်မယ့်သူ ရှိမှာမဟုတ်ပါဘူး။ ဧသတာရဲ့ အခြေအနေနဲ့ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ သိနိုင်ဖို့ မော်ဒကဲဟာ အပျိုတော် နန်းဆောင်ဝင်းရှေ့ နေ့တိုင်း ဖြတ်လျှောက်ပြီး သတင်းမေးတယ်လို့ ကျမ်းစာဆိုတယ်။ (၁၂၊ ၁၃။ (က) ပတ်၀န်းကျင်က ဧသတာကို ဘယ်လို ရှုမြင်ကြသလဲ။ (ခ) ဧသတာဟာ ဂျူးလူမျိုးဖြစ်ကြောင်း မဖော်ပြတာကို မော်ဒကဲ ဘာကြောင့် ဝမ်းသာမိနိုင်သလဲ။
၁၂ ဟေဂဲဟာ ဧသတာကို သဘောကျပြီး မျက်နှာသာပေးတယ်။ သူ့အတွက် အစေခံမိန်းကလေး ခုနစ်ယောက်ပေးပြီး အပျိုတော်နန်းဆောင်ရဲ့ အကောင်းဆုံးနေရာမှာ နေခွင့်ပေးခဲ့တယ်။ “ဧသတာကို မြင်သူတိုင်း ချစ်ခင်ကြတယ်” လို့လည်း ကျမ်းစာမှာ ဖော်ပြတယ်။ (ဧသ. ၂:၉၊ ၁၅) ရုပ်ရည်လှပမှု တစ်ခုတည်းနဲ့ လူတိုင်း သူ့ကို သဘောကျကြပါ့မလား။ မဖြစ်နိုင်ပါဘူး။ ဧသတာဟာ ရုပ်ရည်လှရုံမက တခြား အရည်အသွေးကောင်းတွေလည်း ရှိတယ်။
ဧသ. ၂:၁၀) ပါရှန်း နန်းတွင်းသားတွေဟာ ဂျူးတွေကို မုန်းနေကြောင်း မော်ဒကဲသိထားလို့ ဧသတာကို ဂျူးမှန်းမသိအောင် သတိရှိရှိ နေထိုင်ဖို့ မှာထားတယ်။ ဧသတာဟာ သူ့မျက်စိအောက်မှာ မရှိတော့ပေမဲ့ သတိပညာရှိရှိ၊ နာခံမှုရှိရှိ မှာထားတဲ့အတိုင်း လုပ်နေမှန်း သိရလို့ မော်ဒကဲ ဝမ်းသာမှာပဲ။
၁၃ ဥပမာ၊ ကျမ်းစာထဲမှာ ဒီလို ဖတ်ရတယ်– “ဧသတာလည်း မော်ဒကဲ မှာထားတဲ့အတိုင်း သူ့လူမျိုး၊ သူ့ဆွေမျိုးအကြောင်း လုံးဝမပြောဘဲ လျှို့ဝှက်ထားတယ်။” (၁၄။ ဒီနေ့ခေတ် လူငယ်တွေ ဧသတာကို ဘယ်လို အတုယူနိုင်သလဲ။
၁၄ ဒီနေ့ခေတ် လူငယ်တွေလည်း မိဘတွေနဲ့ အုပ်ထိန်းသူတွေကို ပျော်ရွှင်စေနိုင်တယ်။ မိဘတွေရဲ့ မျက်စိအောက်မှာ မရှိတဲ့အခါ၊ ဘဝကို အလေးအနက် မထားသူတွေ၊ အကျင့်ပျက်သူတွေ၊ ရက်စက်ကြမ်းတမ်းသူတွေ ကြားမှာ ရှိနေတဲ့အခါမှာတောင် မကောင်းတဲ့သြဇာကို တွန်းလှန်ပြီး မှန်တဲ့စံနှုန်းတွေနဲ့အညီ နေထိုင်နိုင်ပါတယ်။ ဧသတာကို အတုယူပြီး အဲဒီလို လုပ်မယ်ဆိုရင် ကောင်းကင်ဖခင်ရဲ့ စိတ်ကို ရွှင်လန်းစေနိုင်မယ်။—ပညာအလိမ္မာ ၂၇:၁၁ ကိုဖတ်ပါ။
၁၅၊ ၁၆။ (က) ဘုရင့် ချစ်ခင်မြတ်နိုးမှုကို ဧသတာ ဘယ်လို ရလာသလဲ။ (ခ) ဘဝအသစ်က ဧသတာအတွက် ဘာကြောင့် ခက်ခဲနိုင်သလဲ။
၁၅ ဘုရင့်ဆီ အခစားဝင်ဖို့ ဧသတာရဲ့အလှည့် ရောက်လာတဲ့အခါ အလှဆုံးဖြစ်အောင် ခြယ်သဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ကြိုက်သလောက် အသုံးပြုခွင့်ရထားတယ်။ ဒါပေမဲ့ ဧသတာဟာ ဟေဂဲ အကြံပေးတာကလွဲလို့ ဘာတစ်ခုမှ ထပ်မတောင်းဆိုခဲ့ပါဘူး။ (ဧသ. ၂:၁၅) ရုပ်ရည်အလှ တစ်မျိုးတည်းနဲ့ ဘုရင်က သူ့ကို သဘောကျမှာ မဟုတ်ဘူးဆိုတာ ဧသတာ သိထားပုံရတယ်။ နန်းတွင်းမှာ ကျိုးနွံပြီး နှိမ့်ချတဲ့ သဘောထား မရှိသလောက်ပဲဆိုတာ သူသတိထားမိမှာပဲ။ သူ ထင်တဲ့ အတိုင်းပဲ။
၁၆ ကျမ်းစာမှာ ဒီလို အဖြေပေးတယ်– “မင်းကြီးလည်း ဧသတာကို တခြားမိန်းကလေးတွေထက် ပိုချစ်မြတ်နိုးတယ်။ ဧသတာကို တခြား အပျိုစင်တွေထက် မျက်နှာသာပိုပေးပြီး ပိုနှစ်သက်တဲ့အတွက် ရာဇခေါင်းဆောင်း ဆောင်းပေးပြီး ဝါရှတိနေရာမှာ မိဖုရားမြှောက်လိုက်တယ်။” (ဧသ. ၂:၁၇) နှိမ့်ချတဲ့ ဒီဂျူးအမျိုးသမီးလေးဟာ အဲဒီအချိန်က ကမ္ဘာပေါ်မှာ တန်ခိုးအာဏာ အရှိဆုံးပုဂ္ဂိုလ်ရဲ့ မိဖုရားအသစ် ဖြစ်လာတဲ့အခါ အလိုက်အထိုက်နေဖို့ အတော့်ကို ခက်ခဲမှာပဲ။ သူ့ဘဝအခြေအနေ ပြောင်းလဲသွားလို့ မာနကြီးသွားသလား။ မာနမကြီးခဲ့ပါဘူး။
၁၇။ (က) ဧသတာဟာ မွေးစားအဖေ မော်ဒကဲရဲ့ စကားကို ဘယ်လို ဆက်နားထောင်ခဲ့သလဲ။ (ခ) ဧသတာရဲ့ စံနမူနာက ဘာကြောင့် တန်ဖိုးရှိသလဲ။
၁၇ ဧသတာဟာ မွေးစားအဖေ မော်ဒကဲရဲ့ စကားကို နားထောင်နေတုန်းပါပဲ။ သူဟာ ဂျူးလူမျိုးဖြစ်တယ်ဆိုတာကို ဆက်ပြီး လျှို့ဝှက်ထားတယ်။ အဲဒီအပြင် ဘုရင်အာရွှေရုကို လုပ်ကြံဖို့ လျှို့ဝှက်ကြံစည်နေကြတာကို မော်ဒကဲသိသွားတဲ့အခါ ဧသတာကို ပြောပြလိုက်တယ်။ ဧသတာလည်း မော်ဒကဲကိုယ်စား မင်းကြီးဆီ လျှောက်တင်ခဲ့တယ်။ ဒါနဲ့ အဲဒီအကြံအစည် ပျက်သွားတယ်။ (ဧသ. ၂:၂၀-၂၃) ဧသတာဟာ နှိမ့်ချနာခံပြီး ဘုရားသခင်ကို ယုံကြည်ကြောင်း ဆက်ဖော်ပြခဲ့တယ်။ ဒီနေ့ခေတ်မှာ မနာခံဘဲ ပုန်ကန်တာကို သာမန်ကိစ္စလို့ သဘောထားနေကြပြီး နာခံမှုကို အရည်အသွေးကောင်းလို့ မသတ်မှတ်ကြတော့ဘူး။ ဒါကြောင့် ဧသတာရဲ့ စံနမူနာက သိပ်တန်ဖိုးရှိပါတယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိသူတွေကတော့ ဧသတာလိုပဲ နာခံမှုကို တန်ဖိုးထားကြတယ်။
ဧသတာရဲ့ ယုံကြည်ခြင်း စမ်းသပ်ခံရ
၁၈။ (က) မော်ဒကဲက ဟာမန်ကို ဘာကြောင့် ဦးမချတာလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။) (ခ) ဒီနေ့အချိန်မှာ သစ္စာရှိအမျိုးသား၊ အမျိုးသမီးတွေဟာ မော်ဒကဲရဲ့ စံနမူနာကို ဘယ်လို အတုယူနေကြသလဲ။
၁၈ ဘုရင်အာရွှေရုရဲ့ နန်းတော်မှာ ဟာမန်လို့ခေါ်တဲ့ လူတစ်ယောက် ထင်ပေါ်လာတယ်။ ဘုရင်က သူ့ကို ဝန်ကြီးချုပ်၊ အဓိက အကြံပေးအရာရှိနဲ့ အင်ပါယာရဲ့ ဒုတိယအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ခန့်ထားတယ်။ ဒီအရာရှိကို တွေ့တဲ့သူတိုင်း ဦးညွှတ်ပျပ်ဝပ် ရမယ်လို့တောင် ဘုရင်က အမိန့်ထုတ်ထားတယ်။ (ဧသ. ၃:၁-၄) အဲဒီအမိန့်ကြောင့် မော်ဒကဲ အခက်တွေ့သွားတယ်။ ဘုရင့်အမိန့်ကို နာခံရမယ်ဆိုပေမဲ့ ဘုရားသခင်ကို မလေးစားတဲ့ အထိတော့ နာခံစရာမလိုဘူးလို့ သူခံယူထားတယ်။ ဟာမန်က အာဂတ်လူမျိုး ဖြစ်တယ်။ သူဟာ ပရောဖက်ရှမွေလ ကွပ်မျက်ခဲ့တဲ့ အာမလက်ဘုရင် အာဂတ်ကနေ ဆင်းသက်လာသူဖြစ်တယ်။ (၁ ရှ. ၁၅:၃၃) အာမလက်လူတွေဟာ ဆိုးသွမ်းလွန်းလို့ ယေဟောဝါဘုရားနဲ့ အစ္စရေးတွေရဲ့ ရန်သူဖြစ်လာတယ်။ အာမလက်လူမျိုးကို သုတ်သင်ပယ်ရှင်းဖို့ ဘုရားသခင်က စီရင်ချက်ချပြီးသား ဖြစ်တယ်။ * (တရား. ၂၅:၁၉) ဒါကြောင့် သစ္စာရှိဂျူးတစ်ယောက်က အာမလက်လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဦးချနိုင်ပါ့မလဲ။ အဲဒီအတွက် မော်ဒကဲဟာ သတ္တိရှိရှိ ဦးမချဘဲနေတယ်။ ဒီနေ့ထက်ထိ သစ္စာရှိအမျိုးသား၊ အမျိုးသမီးတွေဟာ “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ” ဆိုတဲ့မူကို အသက်စွန့်ပြီး လိုက်နာနေကြတုန်းပဲ။—တ. ၅:၂၉။
၁၉။ ဟာမန် ဘာလုပ်ချင်နေသလဲ။ ဘုရင်ကို သူဘယ်လို အယုံသွင်းသလဲ။
၁၉ ဟာမန် ဒေါသပေါက်ကွဲနေတယ်။ မော်ဒကဲတစ်ယောက်တည်းကိုပဲ သတ်ရုံလောက်နဲ့ သူမကျေနပ်ဘူး။ မော်ဒကဲရဲ့ လူမျိုးတစ်မျိုးလုံးကို ရှင်းပစ်ချင်နေတယ်။ ဒါနဲ့ ဟာမန်ဟာ ဂျူးတွေကို အထင်လွဲအောင် ဘုရင်ကို အယုံသွင်းတယ်။ ဘယ်လူမျိုးလဲဆိုတာ မဖော်ပြဘဲ သူတို့ဟာ “ဟိုတစ်စု ဒီတစ်စု ပျံ့နှံ့နေတဲ့ လူမျိုးတစ်မျိုး” ဖြစ်ပြီး တိုင်းပြည်အတွက် အသုံးမဝင်တဲ့သူတွေလို့ သွယ်ဝိုက်ပြောခဲ့တယ်။ ပိုဆိုးတာက သူတို့ဟာ ဘုရင့်ဥပဒေတွေကို မနာခံတဲ့အတွက် အန္တရာယ်ပေးမယ့် သူပုန်တွေလို့တောင် ပြောတယ်။ အင်ပါယာအတွင်းမှာ နေထိုင်တဲ့ ဂျူးအားလုံးကို ကွပ်မျက်ဖို့ ကုန်ကျစရိတ်ကို ဘုရင့်ဘဏ္ဍာတိုက်ထဲ ငွေသွင်းပေးမယ်လို့လည်း သူအဆိုပြုတယ်။ * ဘုရင်အာရွှေရုကလည်း ဟာမန်ရဲ့ အကြံအစည်အတိုင်း အမိန့်ထုတ်နိုင်ဖို့ သူ့ရဲ့ တံဆိပ်လက်စွပ်ကို ပေးလိုက်တယ်။—ဧသ. ၃:၅-၁၀။
၂၀၊ ၂၁။ (က) ဟာမန်ရဲ့ ကြေညာချက်က မော်ဒကဲအပါအဝင် ပါရှားအင်ပါယာ တစ်ခုလုံးမှာရှိတဲ့ ဂျူးလူမျိုးတွေကို ဘယ်လို ဖြစ်သွားစေသလဲ။ (ခ) မော်ဒကဲက ဧသတာကို ဘာလုပ်ဖို့ မေတ္တာရပ်ခံသလဲ။
ဧသတာ ၃:၁၂–၄:၁ ကိုဖတ်ပါ။
၂၀ မကြာခင်မှာပဲ မြင်းစီးစေတမန်တွေဟာ ဂျူးတွေကို မျိုးဖြုတ်သတ်မယ့် အမိန့်ကို အင်ပါယာအနှံ့ လိုက်ကြေညာကြတယ်။ အဲဒီအမိန့်ကို အဝေးမှာရှိတဲ့ ဂျေရုဆလင်မြို့က ဂျူးအကြွင်းအကျန်တွေ ကြားတဲ့အခါ ဘယ်လို ခံစားရမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ သူတို့တွေဟာ ဗာဗုလုန် နယ်နှင်ခံဘဝကနေ ပြန်ရောက်လာကြပြီး ဂျေရုဆလင်မြို့ရိုးကိုတောင် ပြန်မဆောက်ရသေးဘူး။ အဲဒီသတင်းဆိုးကို မော်ဒကဲ ကြားတဲ့အခါ ဂျေရုဆလင်မြို့မှာ ရှိသူတွေအပြင် ရှုရှန်မှာရှိတဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေအတွက်ပါ စိုးရိမ်မိမှာပဲ။ စိတ်ကယောက်ကယက်ဖြစ်နေတဲ့ မော်ဒကဲဟာ သူ့အဝတ်တွေကို ဆွဲဖြဲ၊ လျှော်တေအဝတ်ကိုဝတ်၊ ခေါင်းပေါ် ပြာတွေလူးပြီး မြို့လယ်ခေါင်မှာ အသံကျယ်ကျယ်နဲ့ ငိုကြွေးနေတော့တယ်။ ဟာမန်ကတော့ သူ့ကြောင့် ဂျူးတွေ ပူဆွေးသောက ရောက်နေတာကို အရေးတောင်မလုပ်ဘဲ ဘုရင်နဲ့အတူ သောက်စားနေတယ်။—၂၁ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်ဆိုတာ မော်ဒကဲ သိလိုက်တယ်။ ဒါပေမဲ့ ဘာလုပ်နိုင်မလဲ။ မော်ဒကဲ စိတ်သောက ရောက်နေတာကို ဧသတာ သိသွားတဲ့အခါ အဝတ်အစားတွေ ပို့ပေးပြီး နှစ်သိမ့်ခဲ့ပေမဲ့ မော်ဒကဲ လက်မခံဘူး။ ယေဟောဝါဘုရားဟာ သူချစ်ရတဲ့ ဧသတာကို ဒီတိတ္ထိဘုရင်ရဲ့ မိဖုရားဖြစ်စေတာ ဘာကြောင့်လဲလို့ သူအရင်ကတည်းက သိချင်နေပါလိမ့်မယ်။ အခုတော့ တဖြည်းဖြည်း သိလာပါပြီ။ ဒီအခါ မော်ဒကဲဟာ မိဖုရားဧသတာဆီ လူလွှတ်ပြီး “ကိုယ့်လူမျိုးဧသ. ၄:၄-၈။
အတွက်” ဘုရင့်ဆီမှာ အသနားခံဖို့ မေတ္တာရပ်ခံတယ်။—၂၂။ ခင်ပွန်းဖြစ်တဲ့ ဘုရင်ကို သွားတွေ့ဖို့ ဧသတာ ဘာကြောင့် စိုးရိမ်နေသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၂၂ အဲဒီ မေတ္တာရပ်ခံချက်ကို ဧသတာ ကြားတဲ့အခါ တော်တော်စိုးရိမ်သွားမှာ သေချာတယ်။ ဒါက သူ့ယုံကြည်ခြင်းအတွက် အခက်ခဲဆုံး စမ်းသပ်မှုပဲ။ မော်ဒကဲကို အကြောင်းပြန်လိုက်တဲ့ စကားမှာ သူ့ရဲ့ စိုးရိမ်မှုကို မကွယ်မဝှက် ဖော်ပြခဲ့တယ်။ ဘုရင် မဆင့်ခေါ်ဘဲ ရှေ့တော်မှောက် ဝင်ရင် သေဒဏ် ပေးခံရမယ်ဆိုတဲ့ ဥပဒေကိုလည်း ပြန်ပြောပြခဲ့တယ်။ ဘုရင်ဟာ သူ့ရဲ့ ရွှေရာဇလှံတံကို ကမ်းပေးမှသာ ဥပဒေချိုးဖောက်သူ အသက်ချမ်းသာ ရမယ်။ ဘုရင့်ဆင့်ခေါ်မှုကို ငြင်းပယ်ခဲ့တဲ့ ဝါရှတိ ဘယ်လိုဖြစ်ခဲ့သလဲ။ ဧသတာကော ရှင်ဘုရင်ရဲ့ သက်ညှာမှုကို ခံရဖို့ မျှော်လင့်နိုင်ပါ့မလား။ သူ့ကို ရှင်ဘုရင် မဆင့်ခေါ်တာ ရက်ပေါင်း ၃၀ ရှိသွားပြီလို့ ဧသတာက မော်ဒကဲကို ပြောပြတယ်။ အဲဒီအကြောင်းကြောင့် ဘုရင်က သူ့ကို မချစ်တော့ဘူးလားလို့ ဧသတာ စဉ်းစားနေမိနိုင်တယ်။ *—ဧသ ၄:၉-၁၁။
၂၃။ (က) ဧသတာရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာအောင် မော်ဒကဲ ဘာပြောသလဲ။ (ခ) မော်ဒကဲကို ဘာကြောင့် အတုယူထိုက်သလဲ။
၂၃ မော်ဒကဲက ဧသတာကို ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ပြတ်ပြတ်သားသား ဒီလိုအကြောင်းပြန်တယ်။ ဧသတာ ဘာမှမလုပ်ရင်လည်း တစ်နည်းနည်းနဲ့တော့ ဂျူးတွေ ကယ်တင်ခံရမှာပဲ။ အကယ်၍ နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်လာရင် ဧသတာကော လွတ်ပါ့မလားလို့ ပြောတယ်။ ဘုရားသခင်ဟာ သူ့လူမျိုးကို မျိုးပြုတ်သွားစေမှာ မဟုတ်သလို ကတိတွေကိုလည်း မပြည့်စုံဘဲ မနေစေဘူးဆိုတာကို မော်ဒကဲ အခိုင်အမာ ယုံကြည်တယ်။ (ယောရှု ၂၃:၁၄) အဲဒီနောက် မော်ဒကဲက ဧသတာကို “မင်း မိဖုရားဖြစ်လာတာဟာ အခုလို အန္တရာယ် ကြုံရချိန်အတွက်များလားဆိုတာ ဘယ်သူပြောနိုင်မှာလဲ” လို့ မေးလိုက်တယ်။ (ဧသ. ၄:၁၂-၁၄) မော်ဒကဲကို အတုယူထိုက်တယ် မဟုတ်လား။ မော်ဒကဲဟာ သူ့ဘုရား ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားတယ်။ ကျွန်တော်တို့ကော ယုံကြည်ကိုးစားသလား။—ပညာ. ၃:၅၊ ၆။
သေရမှာကို ကြောက်တဲ့စိတ်ထက် ပိုအားကြီးတဲ့ ယုံကြည်ခြင်း
၂၄။ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိကို ဧသတာ ဘယ်လိုပြခဲ့သလဲ။
၂၄ ဧသတာ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်ရမယ့်အချိန် တန်ပြီ။ ဒါနဲ့ ဂျူးတွေကို သူနဲ့အတူ သုံးရက် အစာရှောင်ကြဖို့ မော်ဒကဲကို မှာလိုက်တယ်။ ပြီးတော့ “သေရမယ်ဆိုရင်လည်း အသေခံပါ့မယ်” လို့လည်း ပြောလိုက်တယ်။ အဲဒီစကား ရိုးရိုးလေးမှာ သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ထင်ရှားနေလို့ အခုထက်ထိ လူတွေ အမှတ်ရနေကြတုန်းပဲ။ (ဧသ. ၄:၁၅-၁၇) ဧသတာဟာ အဲဒီသုံးရက်အတွင်းမှာ ခါတိုင်းထက် ပိုပြီး ထက်ထက်သန်သန် ဆုတောင်းခဲ့မှာပဲ။ အချိန်ကျပါပြီ။ ဘုရင့်မျက်နှာသာရဖို့ ဧသတာဟာ အလှဆုံး ဝတ်ဆင်ပြီး ဘုရင်ကို သွားတွေ့ပါတော့တယ်။
၂၅။ ဧသတာဟာ သူ့ခင်ပွန်းဆီ သွားတဲ့အခါ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပြောပြပါ။
၂၅ ဒီဆောင်းပါးရဲ့အစမှာ ဖော်ပြထားတဲ့အတိုင်း ဘုရင့်နန်းတော်ထဲကို ဧသတာ ဝင်သွားလိုက်တယ်။ သူ ဘယ်လောက်များ စိုးရိမ်နေပြီး အပြင်းအထန် ဆုတောင်းနေမယ်ဆိုတာ မြင်ယောင်ကြည့်နိုင်တယ်။ ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရင်အာရွှေရုကို မြင်ရတဲ့နေရာနားအထိ သူဝင်သွားတယ်။ ဘုရင်ရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး သူ့စိတ်အခြေအနေကို ဧသတာ ခန့်မှန်းနေမှာပဲ။ အကယ်၍ စောင့်နေရမယ်ဆိုရင် သူ့အတွက် အချိန် ကုန်ခဲပါလိမ့်မယ်။ ဒါပေမဲ့ မကြာပါဘူး၊ ခင်ပွန်းသည်က သူ့ကို မြင်သွားတယ်။ အံ့သြသွားပေမဲ့ မျက်နှာထား ပြေလျော့သွားပြီး ရွှေရာဇလှံတံကို ကမ်းပေးလိုက်တယ်။—ဧသ. ၅:၁၊ ၂။
၂၆။ စစ်မှန်တဲ့ ခရစ်ယာန်တွေဟာ ဧသတာလို ရဲစွမ်းသတ္တိရှိဖို့ ဘာကြောင့် လိုအပ်သလဲ။ သူလုပ်ရမယ့် အလုပ်တွေက ဘာကြောင့် အခုမှ အစပဲရှိသေးသလဲ။
၂၆ ဧသတာဟာ အခစားဝင်ခွင့်ရပြီး ဘုရင်ကို လျှောက်တင်လိုက်တယ်။ ဘုရားသခင်နဲ့ ဘုရားလူမျိုးဘက် ဧသတာ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တယ်။ သူဟာ အခုအချိန်အထိ ဘုရားသခင့်ကျေးကျွန် အားလုံးအတွက် တကယ်ကောင်းတဲ့ ယုံကြည်ခြင်း စံနမူနာရှင်ပဲ။ ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ ဒီလို စံနမူနာကောင်းသူတွေကို တန်ဖိုးထားကြတယ်။ ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြတာဟာ စစ်မှန်တဲ့ နောက်လိုက်တွေရဲ့ အမှတ်အသားဖြစ်တယ်လို့ ယေရှုပြောခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ။) အဲဒီလို မေတ္တာတင်ပြဖို့ ဧသတာလို သတ္တိမျိုး ရှိဖို့လိုတယ်။ အဲဒီနေ့မှာ ဘုရားလူမျိုးဘက် သူရပ်တည်ခဲ့တာဟာ အစပဲရှိပါသေးတယ်။ ဘုရင် မျက်နှာသာပေးနေတဲ့ အကြံပေးပုဂ္ဂိုလ် ဟာမန်ဟာ လူယုတ်မာ ဖြစ်တယ်ဆိုတာ ဘုရင်နားဝင်အောင် ဧသတာ ဘယ်လို ပြောရမလဲ။ သူ့ရဲ့လူမျိုး အသက်ချမ်းသာရအောင် သူ ဘယ်လို ကူညီပေးနိုင်မလဲ။ ဒီမေးခွန်းတွေကို နောက်အခန်းမှာ သုံးသပ်ကြမယ်။
^ အပိုဒ်၊ 2 အာရွှေရုဟာ ဘီစီ ငါးရာစုအစောပိုင်းမှာ ပါရှားအင်ပါယာကို အုပ်ချုပ်ခဲ့တဲ့ ဇားဇိခ် ၁ ဖြစ်နိုင်တယ်လို့ လူအများ ယူမှတ်တယ်။
^ အပိုဒ်၊ 9 အခန်း ၁၆ ပါ “ဧသတာကျမ်းနဲ့ ပတ်သက်တဲ့ မေးခွန်းများ” လေးထောင့်ကွက်ကို ကြည့်ပါ။
^ အပိုဒ်၊ 18 ဘုရင်ဟေဇကိလက်ထက်မှာ အာမလက်လူ “အကြွင်းအကျန်” ကို ချေမှုန်းပြီးပြီဖြစ်လို့ ဟာမန်ဟာ နောက်ဆုံးကျန်ရစ်တဲ့ အာမလက် လူနည်းစုထဲက တစ်ယောက်ဖြစ်နိုင်တယ်။—၁ ရာ. ၄:၄၃။
^ အပိုဒ်၊ 19 ဟာမန် ပေးမယ်လို့ပြောတဲ့ ငွေတဲလင့် ၁၀,၀၀၀ ဟာ ဒီနေ့ခေတ် ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ သန်းပေါင်းရာနဲ့ချီ တန်တယ်။ အာရွှေရုဟာ ဇားဇိခ် ၁ ဖြစ်မယ်ဆိုရင် ဟာမန်ပေးမယ်လို့ ပြောတဲ့ငွေဟာ သူ့အတွက် မက်မောစရာဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ဂရိလူတွေနဲ့ စစ်ဆင်နွှဲဖို့ သူ့ရည်ရွယ်ချက်အတွက် ငွေအများကြီး လိုအပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီစစ်ပွဲမှာ သူအကြီးအကျယ် ရှုံးနိမ့်သွားပါတယ်။
^ အပိုဒ်၊ 22 ဇားဇိခ် ၁ ဟာ ဒေါသကြီးပြီး စိတ်အပြောင်းအလဲမြန်သူ ဖြစ်တယ်ဆိုပြီး နာမည်ကြီးတယ်။ ဂရိနိုင်ငံကို ဇားဇိခ် စစ်တိုက်ချိန်နဲ့ ပတ်သက်ပြီး သာဓကတချို့ကို ဂရိသမိုင်းပညာရှင် ဟီရိုဒိုးတပ်စ် မှတ်တမ်းတင်ခဲ့တယ်။ ဟယ်လီစပွန့် ရေလက်ကြားကို ဖြတ်ကူးနိုင်ဖို့ သင်္ဘောတွေကို တန်းစီပြီး တံတားဆောက်လုပ်ကြလို့ ဘုရင်က အမိန့်ပေးခဲ့တယ်။ လေမုန်တိုင်းကြောင့် အဲဒီတံတား ပျက်စီးသွားတဲ့အခါ တံတားဆောက်တဲ့သူတွေကို ခေါင်းဖြတ်သတ်ဖို့ အမိန့်ပေးခဲ့တယ်။ ပြီးတော့ ကျိန်စာကို အသံကျယ်ကျယ်နဲ့ ဖတ်ပြနေချိန်မှာ ဟယ်လီစပွန့် ရေလက်ကြားကို “အပြစ်ပေး” တဲ့အနေနဲ့ ရေကို ကြာပွတ်နဲ့ ရိုက်ခိုင်းတယ်။ အဲဒီတိုက်ပွဲမှာပဲ သူဌေးတစ်ယောက်က သူ့သားကို စစ်တပ်ထဲ မထည့်ဖို့ တောင်းပန်တဲ့အခါ ဇားဇိခ်က အဲဒီလူရဲ့သားကို ထက်ပိုင်းပိုင်းခိုင်းပြီး သတိပေးတဲ့အနေနဲ့ အသေကောင်ကို ပြသထားတယ်။