အခန်း ဆယ့်လေး
သူ ကရုဏာပြတတ်လာ
၁။ ဘယ်လို ခရီးမျိုးကို ယောန သွားရမှာလဲ။ နိနဝေမြို့နဲ့ ပတ်သက်ပြီး ယောန ဘယ်လို ခံစားနေသလဲ။
ယောနမှာ စဉ်းစားဖို့အချိန် အများကြီး ရမှာပဲ။ တစ်လ ဒါမှမဟုတ် အဲဒီထက်ကြာနိုင်တဲ့ မိုင် ၅၀၀ ကျော် ကုန်းကြောင်းခရီးရှည်ကို သူသွားရတော့မယ်။ အရင်ဆုံး တိုတဲ့လမ်းနဲ့ ပိုရှည်ပေမဲ့ အန္တရာယ်ကင်းတဲ့လမ်း နှစ်ခုထဲက တစ်ခုကို သူရွေးရမယ်။ ပြီးတဲ့နောက် ချိုင့်ဝှမ်းတွေ၊ တောင်ကြားလမ်း၊ တောင်ပေါ်လမ်းတွေကို ဖြတ်ကျော်ရမယ်။ ကျယ်ပြန့်တဲ့ ဆီးရီးယားကန္တာရနဲ့ ယူဖရေးတီးလို မြစ်ကြီးတွေကိုလည်း ကျော်ဖြတ်ရမယ်။ ဆီးရီးယားပြည်၊ မက်ဆိုပိုတေးမီးယားပြည်နဲ့ အဆီးရီးယားပြည်တွေက မြို့ရွာလေးတွေမှာ နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေကြား တည်းခိုဖို့နေရာ ရှာရဦးမယ်။ တစ်နေ့ပြီးတစ်နေ့ သူ လမ်းလျှောက်လာလေ သူသိပ်ကြောက်တဲ့ နိနဝေမြို့ကြီးနဲ့ နီးလာလေပဲ။
၂။ ယောနဟာ သူ့တာဝန်ကို ရှောင်လွှဲလို့ မရဘူးဆိုတာ ဘယ်လိုသိလာသလဲ။
၂ ဒီတစ်ခါတော့ တာဝန်ကိုရှောင်ပြီး နောက်ပြန်လှည့် ထွက်ပြေးလို့မရတော့ဘူး။ အရင်တစ်ခေါက်က ထွက်ပြေးဖို့ သူ ကြိုးစားခဲ့တယ်။ ရှေ့အခန်းမှာ တွေ့ခဲ့ရတဲ့အတိုင်း ယေဟောဝါဘုရားဟာ ပင်လယ်ပြင်မှာ မုန်တိုင်းကြီးတစ်ခု ကျရောက်စေခဲ့တယ်။ ငါးကြီးတစ်ကောင်ကို စေလွှတ်ပြီး ယောနကို မျိုချစေတယ်။ သုံးရက်ကြာတော့ ကုန်းပေါ်ကို အန်ထုတ်စေခဲ့တယ်။ ယေဟောဝါဘုရားက သူ့ကို အဲဒီလို စိတ်ရှည်ရှည်နဲ့ သွန်သင်ပေးခဲ့တဲ့အတွက် ယောနဟာ ပိုနှိမ့်ချပြီး နာခံတတ်တဲ့သူ ဖြစ်လာတယ်။—ယောန အခန်းကြီး ၁၊ ၂။
၃။ ယေဟောဝါဘုရားက ယောနကို ဘာအရည်အချင်း ပြခဲ့သလဲ။ ဒါတောင်မှ ဘယ်မေးခွန်း ပေါ်လာသလဲ။
၃ ယေဟောဝါဘုရားက ယောနကို နိနဝေမြို့ဆီသွားဖို့ ဒုတိယအကြိမ် စေလွှတ်တဲ့အခါ နာခံမှုရှိရှိ အရှေ့ဘက်ကို ခရီးရှည် နှင်ခဲ့တယ်။ (ယောန ၃:၁-၃ ကိုဖတ်ပါ။) ဒါပေမဲ့ ဘုရားသခင်ရဲ့ ပဲ့ပြင်ဆုံးမမှုကို ခံရလို့ ယောန လုံးလုံး ပြောင်းလဲသွားသလား။ ဥပမာ၊ ယေဟောဝါဘုရားက သူ့ကို ကရုဏာပြတဲ့အနေနဲ့ ရေနစ်ပြီး မသေအောင် ကယ်ဆယ်တယ်၊ စကားနားမထောင်တာကို အပြစ်မယူဘဲ သူ့တာဝန်ကို ထမ်းဆောင်ဖို့ ဒုတိယအကြိမ် အခွင့်အရေးပေးတယ်။ ယောန ဒီလို ကရုဏာပြခံရပြီးနောက်မှာ တခြားသူတွေကို သူ ကရုဏာ ပြန်ပြတတ်လာသလား။ မစုံလင်သူတွေဟာ အများအားဖြင့် တခြားသူတွေကို ကရုဏာ မပြတတ်ကြဘူး။ ယောန ကြိုးစား တိုက်လှန်ခဲ့ရတာတွေကနေ ဘာသင်ယူနိုင်တယ်ဆိုတာ ကြည့်ကြစို့။
တရားစီရင်ချက်သတင်းနဲ့ မမျှော်လင့်ထားတဲ့ တုံ့ပြန်မှု
၄၊ ၅။ နိနဝေမြို့ကို “မြို့ကြီး” လို့ ယေဟောဝါဘုရား ဘာကြောင့်ပြောတာလဲ။ အဲဒီကနေ ဘုရားအကြောင်း ဘာသိရသလဲ။
၄ ယောနဟာ နိနဝေမြို့ကို ယေဟောဝါဘုရား ရှုမြင်သလို မရှုမြင်ဘူး။ “[ဘုရားသခင်ရှေ့မှာ] နိနဝေမြို့ဟာ မြို့ကြီးတစ်မြို့ဖြစ်” တယ်လို့ ဖတ်ရတယ်။ (ယောန ၃:၃) ယောနကျမ်းမှာ အဲဒီမြို့ကို “နိနဝေမြို့ကြီး” လို့ ယေဟောဝါဘုရား သုံးကြိမ် ခေါ်ဆိုထားတယ်။ (ယောန ၁:၂။ ၃:၂။ ၄:၁၁) ဒီမြို့ဟာ ယေဟောဝါဘုရားရှေ့မှာ ဘာကြောင့် မြို့ကြီး၊ အရေးပါတဲ့မြို့ ဖြစ်ရတာလဲ။
က. ၁၀:၁၁။ ယောန ၃:၃) နိနဝေမြို့ဟာ ခံ့ညားတဲ့ ဗိမာန်ကြီးတွေ၊ ကျောက်နံရံကြီးတွေ၊ တခြားအဆောက်အဦကြီးတွေရှိတဲ့ ခမ်းနားထည်ဝါတဲ့မြို့ ဖြစ်တယ်။ ဒါပေမဲ့ ဒီမြို့ဟာ အဲဒီအရာတွေကြောင့် ယေဟောဝါဘုရားရှေ့မှာ အရေးပါတာ မဟုတ်ပါဘူး။ ဘုရားအတွက် အရေးပါတာဟာ မြို့ထဲက လူတွေပဲ။ အဲဒီအချိန်မှာ နိနဝေမြို့ရဲ့ လူဦးရေဟာ အတော်များတယ်။ လူတွေ အရမ်းဆိုးပေမဲ့ သူတို့ကို ယေဟောဝါဘုရား စိတ်ဝင်စားတယ်။ လူ့အသက်ကို ဘုရား တန်ဖိုးထားရုံမက သူတို့တစ်ယောက်ချင်းစီ နောင်တရပြီး မှန်ရာလုပ်တာကို ဘုရား မြင်ချင်တယ်။
၅ နိနဝေမြို့ဟာ ရှေးဟောင်းမြို့ တစ်မြို့ဖြစ်တယ်။ ရေလွှမ်းမိုးဘေး ကျရောက်ပြီးနောက် နိမ်ရောဒ ဦးဆုံးတည်ခဲ့တဲ့ မြို့တွေထဲက တစ်မြို့ဖြစ်တယ်။ အဲဒီမြို့ရဲ့ နယ်နိမိတ်ထဲမှာ တခြားမြို့တွေလည်း ပါဝင်လို့ မြို့တစ်ဖက်ကနေ နောက်တစ်ဖက်အထိ လျှောက်ဖို့ သုံးရက်ကြာတယ်။ (၆။ (က) နိနဝေမြို့ကြီးကို ယောန ရောက်တဲ့အခါ ဘာကြောင့် ပိုကြောက်သွားနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။) (ခ) ယောနရဲ့ ကြေညာခြင်း လုပ်ငန်းကနေ သူ့အကြောင်း ဘာသိရသလဲ။
၆ နောက်ဆုံး၊ နိနဝေမြို့ကို ယောန ရောက်တော့ အဲဒီက ၁၂၀,၀၀၀ ထက်မကတဲ့ လူတွေကြားမှာ ရှိနေရတာ သူ့အတွက် ပိုကြောက်စရာ ဖြစ်လာနိုင်တယ်။ * ဘယ်လိုပဲဖြစ်ဖြစ် စည်ကားနေတဲ့ အဲဒီမြို့ထဲ တစ်ရက်ခရီးလောက် သူ လျှောက်ကြည့်လိုက်တယ်။ သူ့ရဲ့သတင်းကို ကြေညာဖို့ ပိုပြီးအချက်အချာကျတဲ့ နေရာကို ရှာတာဖြစ်နိုင်တယ်။ ဒီလူတွေကို ဘယ်ဘာသာစကားနဲ့ ပြောရင် ကောင်းမလဲ။ အဆီးရီးယား ဘာသာစကားကို သူပြောတတ်သလား။ အဲဒီစကားနဲ့ ပြောနိုင်ဖို့ ယေဟောဝါဘုရားက အံ့ဖွယ်နည်းနဲ့ သူ့ကို ကူညီပေးခဲ့သလား။ အဲဒါကို မသိရပါဘူး။ ယောနဟာ ဟီဘရူးစကားနဲ့ပဲ ကြေညာပြီး စကားပြန်တစ်ယောက်ကို သုံးခဲ့တာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ “နောက်ထပ် ရက် ၄၀ ကြာရင် နိနဝေမြို့ ဖျက်ဆီးခံရတော့မယ်” ဆိုတဲ့ ကြေညာချက်က ရိုးရှင်းပါတယ်။ အဲဒီကြေညာချက်ကို လူတွေ ကြိုက်မှာမဟုတ်တာ သေချာတယ်။ (ယောန ၃:၄) ဒီသတင်းကို သူ သတ္တိရှိရှိ၊ ယုံကြည်ခြင်းအပြည့်နဲ့ ထပ်ခါထပ်ခါ ကြေညာခဲ့တယ်။ ဒီနေ့ခေတ် ခရစ်ယာန်တွေ အရင်ကထက် အခု အထူးလိုအပ်တဲ့ အရည်အချင်းတွေပါပဲ။
ယောနရဲ့ ရိုးရှင်းတဲ့ သတင်းစကားကို လူတွေ လုံးဝကြိုက်မှာ မဟုတ်
၇၊ ၈။ (က) ယောန ကြေညာတဲ့သတင်းကို နိနဝေမြို့သားတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ (ခ) နိနဝေ ဘုရင်ကိုယ်တိုင် ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၇ ယောနရဲ့ ကြေညာချက်ကို နိနဝေမြို့သားတွေ အာရုံစိုက်လာကြတယ်။ ဒီသတင်းကို ကြားတာနဲ့ လူတွေ ဒေါသထွက်ပြီး သူ့ကို ရန်မူကြမယ်လို့ သူထင်ခဲ့မှာ သေချာတယ်။ ဒါပေမဲ့ ထင်သလိုမဟုတ်ဘဲ လူတွေက စကားနားထောင်ကြတယ်။ သူ့သတင်းစကားဟာ တစ်မြို့လုံး ပျံ့နှံ့သွားတယ်။ တစ်မြို့လုံးက အဲဒီ တရားစီရင်ခြင်းသတင်းကိုပဲ ပြောနေကြတော့တယ်။ ယောန ၃:၅ ကိုဖတ်ပါ။) ဆင်းရဲချမ်းသာမရွေး၊ အားရှိသူ၊ အားနည်းသူ၊ လူကြီးလူငယ်အားလုံး နောင်တယူကြ၊ အစာရှောင်ကြတယ်။ ဒါနဲ့ ဒီသတင်းက ဘုရင့်နားထဲ ရောက်သွားပါလေရော။
(၈ ယောန ကြေညာတဲ့သတင်းကို ဘုရင်လည်း ကြားရော သူပါ နောင်တယူ ပြောင်းလဲလာတယ်။ ဘုရားသခင်ကို ကြောက်တဲ့အတွက် ရာဇပလ္လင်ပေါ်ကနေဆင်းပြီး မင်းဝတ်တန်ဆာကို ချွတ်၊ သူ့လူတွေလိုပဲ အထည်ကြမ်းကို လိုက်ဝတ်ပြီး “ပြာပေါ်ထိုင်တယ်။” ပြီးတော့ လူတွေက သူတို့သဘောနဲ့သူတို့ အစာရှောင်တာကို မင်းကြီးအာဏာ၊ မှူးမတ်အာဏာကိုသုံးပြီး တရားဝင်အမိန့် ဖြစ်စေခဲ့တယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်တွေ အပါအဝင် လူတိုင်း အဝတ်ကြမ်း ဝတ်ဖို့ အမိန့်ရတယ်။ * ပြည်သူပြည်သားတွေဟာ ဆိုးတဲ့အမှု၊ ကြမ်းတမ်းရမ်းကားတဲ့ အမှုတွေ လုပ်တဲ့အတွက် အပြစ်ရှိပါတယ်လို့ နှိမ့်ချစိတ်နဲ့ ဝန်ခံခဲ့တယ်။ သူတို့ရဲ့နောင်တကို စစ်မှန်တဲ့ဘုရားသခင် တွေ့မြင်တဲ့အခါ ကရုဏာပြရင်ပြလိမ့်မယ်လို့ ဘုရင်မျှော်လင့်ပြီး “ဘုရားသခင်က . . . အမျက်တော်ပြေပြီး ငါတို့ကို မဖျက်ဆီးဘဲ နေလေမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ” လို့ ပြောတယ်။—ယောန ၃:၆-၉။
၉။ နိနဝေမြို့သားတွေနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသမားတွေ ဘယ်လို သံသယဝင်သလဲ။ သူတို့မှားတယ်ဆိုတာ ဘယ်လိုသိရသလဲ။
၉ နိနဝေမြို့သားတွေ ဒီလောက် မြန်မြန်ဆန်ဆန် စိတ်ပြောင်းသွားတာကို ဝေဖန်ရေးသမားတချို့က သံသယဝင်ကြတယ်။ ဒါပေမဲ့ ဒီလိုတုံ့ပြန်ပုံဟာ ရှေးခေတ် အဲဒီဒေသက လူတွေရဲ့ အယူသီးတဲ့၊ စိတ်မြန်တဲ့ စရိုက်နဲ့ ကိုက်ညီတယ်လို့ ကျမ်းပညာရှင်တွေက ဆိုတယ်။ နောက်ပိုင်းမှာ ယေရှုခရစ် ကိုယ်တိုင်က နိနဝေမြို့သားတွေ နောင်တရတဲ့အကြောင်း ပြောခဲ့လို့ အဲဒီဝေဖန်သူတွေ မှားတယ်ဆိုတာ သိနိုင်ပါတယ်။ (မဿဲ ၁၂:၄၁ ကိုဖတ်ပါ။) အဲဒီအဖြစ်အပျက်ကို ကောင်းကင်ကနေ ယေရှု တွေ့မြင်ခဲ့လို့ သူ ပြောနိုင်တာဖြစ်တယ်။ (ယော. ၈:၅၇၊ ၅၈) ဒါကြောင့် လူတွေ ဘယ်လောက်ပဲ ဆိုးတဲ့ပုံပေါက်နေပါစေ နောင်တရမှာ မဟုတ်ဘူးလို့ ဘယ်တော့မှ မယူမှတ်သင့်ဘူး။ လူ့စိတ်ကို ယေဟောဝါဘုရားပဲ သိနိုင်တယ်။
ဘုရားသခင့်ကရုဏာနဲ့ လူ့ခက်ထန်မှု ကွာခြား
၁၀၊ ၁၁။ (က) နိနဝေမြို့သားတွေ နောင်တရတဲ့အခါ ယေဟောဝါဘုရား ဘယ်လို တုံ့ပြန်သလဲ။ (ခ) ယေဟောဝါဘုရားရဲ့ စီရင်ချက်ဟာ မမှားဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ။
၁၀ နိနဝေမြို့သားတွေ နောင်တရတဲ့အခါ ယေဟောဝါဘုရား ဘယ်လို တုံ့ပြန်ခဲ့သလဲ။ နောက်ပိုင်းမှာ ယောန ဒီလို ရေးခဲ့တယ်– “စစ်မှန်တဲ့ ဘုရားသခင်က သူတို့ရဲ့ လုပ်ရပ်တွေ၊ မကောင်းတဲ့ လမ်းစဉ်ကနေ ပြန်လှည့်လာတာတွေကို မြင်တယ်။ ဒါကြောင့် သူတို့အပေါ် ဘေးဆိုးယောန ၃:၁၀။
ကျရောက်စေမယ်လို့ ပြောခဲ့တာကို ပြန်စဉ်းစားသုံးသပ်ပြီး ဘေးဆိုး မကျရောက်စေတော့ဘူး။”—၁၁ ဒါက နိနဝေမြို့နဲ့ ပတ်သက်ပြီး မိမိရဲ့ စီရင်ချက် မှားတယ်လို့ ယေဟောဝါဘုရား ဆိုလိုတာလား။ မဟုတ်ပါဘူး။ ယေဟောဝါဘုရားရဲ့ စီရင်ချက်က အပြစ်ပြောစရာ မရှိဘူးလို့ ကျမ်းစာက ဆိုတယ်။ (တရားဟောရာ ၃၂:၄ ကိုဖတ်ပါ။) နိနဝေမြို့အပေါ် ယေဟောဝါဘုရားရဲ့ ဖြောင့်မတ်တဲ့ အမျက်ဒေါသ ပြေသွားတာ ဖြစ်တယ်။ ဒီလူတွေ စိတ်ပြောင်းလဲသွားတာကို ဘုရားသခင်မြင်ပြီး သူတို့ကို အပြစ်ပေးဖို့ မလိုတော့ဘူးလို့ မြင်တယ်။ သူတို့ကို ကရုဏာပြဖို့ ဆုံးဖြတ်လိုက်တယ်။
၁၂၊ ၁၃။ (က) ယေဟောဝါဘုရားဟာ အကျိုးသင့်အကြောင်းသင့်ရှိပြီး ပြောင်းလွယ်ပြင်လွယ် ရုံသာမက ကရုဏာပြည့်ဝတဲ့ဘုရား ဖြစ်တယ်ဆိုတာ ဘယ်လို ဖော်ပြသလဲ။ (ခ) ယောန ကြိုဟောတဲ့စကား ဘာကြောင့် မမှားတာလဲ။
၁၂ ယေဟောဝါဘုရားဟာ ဘာသာရေးခေါင်းဆောင်တွေ ပုံဖော်သလို ခက်ထန်၊ အေးတိအေးစက်နိုင်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ဘုရား မဟုတ်ပါဘူး။ အဲဒီအစား ဘုရားဟာ အကျိုးသင့်အကြောင်းသင့်ရှိပြီး ပြောင်းလွယ်ပြင်လွယ် ရုံသာမက ကရုဏာပြည့်ဝတဲ့ဘုရား ဖြစ်တယ်။ လူဆိုးတွေကို အပြစ်စီရင်ဖို့ ဘုရားသခင် ဆုံးဖြတ်တဲ့အခါ မြေကြီးပေါ်က ကိုယ်စားလှယ်တွေကို ဦးဆုံး အသုံးပြုပြီး သတိပေးခိုင်းတယ်။ နိနဝေမြို့သားတွေလို လူဆိုးတွေ နောင်တယူပြီး ပြောင်းလဲလာတာကို ဘုရားသခင် သိပ်တွေ့ချင်လို့ပါပဲ။ (ယေဇ. ၃၃:၁၁) ပရောဖက်ယေရမိကို ယေဟောဝါဘုရား ဒီလိုပြောခဲ့တယ်– “လူမျိုးတစ်မျိုး ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံကို နုတ်ပစ်မယ်၊ ဖြိုဖျက်မယ်၊ ဖျက်ဆီးမယ်လို့ ငါပြောလိုက်ပေမဲ့၊ အဲဒီလူမျိုးက ငါရှုတ်ချတဲ့ ဆိုးညစ်မှုကို စွန့်ပစ်မယ်ဆိုရင် ငါကလည်း သူတို့အပေါ် ကျရောက်စေမယ်လို့ ရည်ရွယ်ထားတဲ့ ဘေးဆိုးနဲ့ပတ်သက်ပြီး စိတ်ကိုပြောင်းလဲမယ်။”—ယေ. ၁၈:၇၊ ၈။
နိနဝေမြို့သားတွေလို လူဆိုးတွေလည်း နောင်တယူပြီး လမ်းစဉ် ပြောင်းလဲတာကို ဘုရားသခင် အလွန်တွေ့မြင်ချင်
၁၃ ဒီလိုဆိုရင် ယောနကြိုဟောတဲ့ စကား မှားနေသလား။ မမှားပါဘူး။ အဲဒါက လူတွေအတွက် သတိပေးချက်ဖြစ်တယ်။ နိနဝေမြို့သားတွေ ဆိုးလို့ သတိပေးလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ နောင်တယူခဲ့တယ်။ အကယ်၍ နိနဝေမြို့သားတွေသာ ပြန်ဆိုးသွမ်းမယ်ဆိုရင် သူတို့ကို ဘုရားသခင် ဖျက်ဆီးမှာ သေချာတယ်။ နောက်ပိုင်းမှာ အဲဒီအတိုင်းပဲ ဖြစ်ခဲ့တယ်။—ဇေ. ၂:၁၃-၁၅။
၁၄။ နိနဝေမြို့သားတွေကို ယေဟောဝါဘုရား ကရုဏာပြတဲ့အခါ ယောန ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၁၄ ပျက်စီးမယ်လို့ ထင်တဲ့အချိန်မှာ မပျက်စီးတဲ့အခါ ယောန ဘယ်လို တုံ့ပြန်ခဲ့သလဲ။ “ယောနကတော့ အကြီးအကျယ် မကျေမနပ်ဖြစ်ပြီး ဒေါသထွက်တယ်” လို့ ဖတ်ရတယ်။ (ယောန ၄:၁) အနန္တတန်ခိုးရှင်ကို အပြစ်တင်တဲ့ပုံပေါက်တဲ့ စကားတွေနဲ့တောင် ယောနဆုတောင်းခဲ့တယ်။ သူ့ နေရင်းပြည်ကနေ မထွက်ခဲ့ရင် ကောင်းသားဆိုပြီး ပြောတယ်။ ယေဟောဝါဘုရားဟာ နိနဝေမြို့အပေါ် ဘေးဆိုးကျရောက်စေမှာ မဟုတ်ဘူးဆိုတာ သူ သိလို့ တာရှိပြည်ကို ထွက်ပြေးခဲ့တာဆိုပြီး ဆင်ခြေပေးတယ်။ သေသွားတာကမှ ပိုကောင်းဦးမယ်။ သူ့အသက်ကို နုတ်ယူလိုက်ပါလို့လည်း ပြောသေးတယ်။—ယောန ၄:၂၊ ၃ ကိုဖတ်ပါ။
၁၅။ (က) ယောန ဘာကြောင့် စိတ်ဆိုးပြီး နာကြည်းခဲ့သလဲ။ (ခ) သောကရောက်နေတဲ့ ဒီပရောဖက်ကို ယေဟောဝါဘုရား ဘယ်လို ဆက်ဆံခဲ့သလဲ။
ယောန ၄:၄) ယောန ဖြေ မဖြေဆိုတာကို ကျမ်းစာမှာ မဖော်ပြထားဘူး။
၁၅ ယောန ဘာကြောင့် စိတ်အနှောင့်ယှက် ဖြစ်ရတာလဲ။ သူ့စိတ်ထဲရှိတာတွေကို ကျွန်တော်တို့ မသိနိုင်ပေမဲ့ နိနဝေမြို့သားတွေ ရှေ့မှာ တရားစီရင်ချက်သတင်းကို ယောန တကယ် ကြေညာခဲ့တယ်။ အဲဒီသတင်းကို နိနဝေမြို့သားတွေ ယုံတယ်။ အခုတော့ သူပြောသလို မဖြစ်လာဘူး။ ကဲ့ရဲ့လှောင်ပြောင် ခံရတော့မယ်၊ ပရောဖက် အတုအယောင်အဖြစ် သတ်မှတ်ခံရတော့မယ်လို့ သူ စိုးရိမ်နေသလား။ ဘယ်လိုပဲဖြစ်ပါစေ၊ လူတွေနောင်တရတာ၊ သူတို့ကို ယေဟောဝါဘုရား ကရုဏာပြတာကို ယောန မနှစ်သက်ဘူး။ အဲဒီအစား ပိုစိတ်ဆိုး နာကြည်းလာပြီး သူ့ကိုယ်သူ သနားနေတယ်။ သူ့နာမည်ပျက်ပြီလို့ ခံစားနေရတယ်။ ဒါပေမဲ့ ကရုဏာပြည့်ဝတဲ့ ဘုရားသခင်ဟာ ဒီသောကရောက်နေသူရဲ့ ကောင်းကွက်ကို တွေ့မြင်နေဆဲပဲ။ မရိုသေ၊ မလေးစားတဲ့အတွက် ယောနကို အပြစ်ပေးမယ့်အစား ယေဟောဝါဘုရားက “မင်း ဒီလောက် စိတ်ဆိုးသင့်သလား’’ လို့ ကြင်ကြင်နာနာ မေးလိုက်တယ်။ (၁၆။ ဘယ်လိုအချက်တွေမှာ ဘုရားသခင်နဲ့ အမြင်ချင်း ကွဲပြားနိုင်သလဲ။ ယောနရဲ့ အဖြစ်အပျက်ကနေ ဘာသင်ယူနိုင်သလဲ။
၁၆ ယောနရဲ့ လုပ်ရပ်ကို ကျွန်တော်တို့ အပြစ်တင်မိနိုင်တယ်။ ဒါပေမဲ့ မစုံလင်တဲ့ လူသားတွေရဲ့ အမြင်နဲ့ ဘုရားသခင်ရဲ့ အမြင် မတူတာ မဆန်းပါဘူး။ အဖြစ်ဆိုးတွေကို ယေဟောဝါဘုရား တားဆီးပေးသင့်တယ်၊ လူဆိုးတွေကို ချက်ချင်း စီရင်သင့်တယ်၊ ဒီလောကစနစ်ကို အဆုံးသတ်သင့်တာ ကြာပြီလို့ တချို့ ယူဆကြမယ်။ ကျွန်တော်တို့ရဲ့ အမြင်နဲ့ ယေဟောဝါရဲ့ အမြင် မတူတဲ့အခါ ပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ အမြင်ဖြစ်တယ်။ ဘုရားရဲ့အမြင်က အမြဲမှန်တယ်ဆိုတာ ယောနအဖြစ်အပျက်က သတိရစေတယ်။
ယောနကို ယေဟောဝါဘုရား သင်ခန်းစာပေးပုံ
၁၇၊ ၁၈။ (က) နိနဝေမြို့ကနေ ထွက်သွားပြီး ယောန ဘာလုပ်သလဲ။ (ခ) ယေဟောဝါဘုရားရဲ့ အံ့ဖွယ်အမှုတွေက ယောနကို ဘာဖြစ်စေခဲ့သလဲ။
၁၇ ပရောဖက်ဟာ စိတ်ပျက်လက်ပျက်နဲ့ နိနဝေမြို့ကနေ ထွက်ပြီး သူ့အိမ်ကိုမပြန်ဘဲ မြို့ကို အပေါ်စီးကနေ မြင်နိုင်တဲ့ တောင်တန်းတွေရှိတဲ့ အရှေ့ဘက်ကို သွားလိုက်တယ်။ အဲဒီမှာ အရိပ်ခိုဖို့ တဲလေးတစ်လုံး ဆောက်ပြီး နိနဝေမြို့ကို စောင့်ကြည့်နေတယ်။ အဲဒီမြို့ ပျက်စီးသွားတာကို သူမြင်ချင်နေတဲ့ပုံပဲ။ ခေါင်းမာတဲ့ ဒီလူ ကရုဏာပြတတ်လာအောင် ယေဟောဝါဘုရား ဘယ်လိုသင်ပေးမလဲ။
၁၈ ယေဟောဝါဘုရားက ဘူးပင်ကို ညတွင်းချင်း ပေါက်စေတယ်။ ယောန နိုးလာတဲ့အခါ အရွက်တွေ ဝေဆာနေလို့ သူဆောက်ထားတဲ့ တဲလေးထက် ပိုအရိပ်ရတဲ့ အပင်ကို တွေ့တဲ့အခါ ပျော်သွားတယ်။ အံ့သြစရာနည်းနဲ့ အပင် ပေါက်လာတာက ဘုရားသခင့် ကောင်းချီးပဲလို့ သူယူမှတ်ပြီး “ယောန သိပ်ကျေနပ်သွားတယ်။” ဒါပေမဲ့ ယေဟောဝါဘုရားက ယောနကို အပူဒဏ်ကနေ ကာကွယ်ပေးဖို့၊ ဒေါသပြေစေဖို့ ဒီအပင်ကို ပေါက်စေခဲ့တာ မဟုတ်ဘူး။ ယောန အမြင်မှန်ရသွားအောင် သင်ပေးချင်လို့ ဖြစ်တယ်။ ဒါနဲ့ အံ့သြစရာတွေ ထပ်လုပ်ယောန ၄:၆-၈။
ပြတယ်။ ဘုရားလွှတ်လိုက်တဲ့ ပိုးကောင်က အပင်ကို ကိုက်လိုက်လို့ အပင်သေသွားတယ်။ အဲဒီနောက် “ချစ်ချစ်တောက်ပူတဲ့ အရှေ့လေ” ကိုတိုက်စေတယ်။ နေရှိန် ပြင်းလွန်းလို့ ယောန “နုံးချည့်” နေတယ်။ ဒါနဲ့ သူ အရမ်းစိတ်ဓာတ်ကျသွားပြီး သေပဲသေချင်နေတယ်။—၁၉၊ ၂၀။ ယေဟောဝါဘုရားက ဘူးပင်နဲ့ ပတ်သက်ပြီး ယောနကို ဘယ်လို ကျိုးကြောင်းဆင်ခြင်ပြခဲ့ သလဲ။
၁၉ ဘူးပင်သေသွားလို့ မင်း စိတ်ဆိုးသင့်သလားလို့ ယောနကို ယေဟောဝါဘုရား ထပ်မေးပြန်တယ်။ နောင်တရမယ့်အစား ယောနက “စိတ်ဆိုးသင့်တာပေါ့။ သေချင်လောက်အောင်ကို စိတ်ဆိုးပါတယ်” လို့ပြောလိုက်တယ်။ အခု ယောနကို ယေဟောဝါဘုရား သင်ခန်းစာပေးဖို့ အချိန်တန်ပြီ။—ယောန ၄:၉။
၂၀ ယောနဟာ သူ မစိုက်ပျိုး၊ မပြုစုဘဲနဲ့ ညချင်းပေါက်လာတဲ့ အပင်တစ်ပင်ကို ဒီလောက်တောင် နှမြောနေတယ်။ ဒါဆိုရင် “တိရစ္ဆာန်အများကြီးကို မပြောနဲ့ဦး၊ အမှားအမှန်ကိုတောင် ခွဲခြားမသိနိုင်တဲ့ လူ ၁၂၀,၀၀၀ ကျော်ရှိတဲ့ နိနဝေမြို့ကြီးကို ငါ ပိုယောန ၄:၁၀၊ ၁၁။ *
မနှမြောသင့်ဘူးလား” လို့ ဘုရားသခင် ကျိုးကြောင်းဆင်ခြင်ပြတယ်။—၂၁။ (က) ယေဟောဝါဘုရားက ဘယ်ပုံဥပမာကိုသုံးပြီး ယောနကို သင်ခန်းစာပေးခဲ့သလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်ဖို့ ယောနအကြောင်းက ဘယ်လို ကူညီပေးသလဲ။
၂၁ ဒီဘူးပင် ပုံဥပမာကနေ ယေဟောဝါဘုရား ဘာသင်ပေးချင်သလဲဆိုတာ သင် သဘောပေါက်ပါသလား။ အဲဒီအပင် ကြီးထွားလာဖို့ ယောန ဘာတစ်ခုမှ မလုပ်ပေးခဲ့ဘူး။ ယေဟောဝါဘုရားကျတော့ အဲဒီ နိနဝေမြို့သားတွေရဲ့ အသက်သခင်ဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ တခြားဖန်ဆင်းရာ အားလုံးကို ကျွေးမွေးစောင့်ရှောက်သလို သူတို့ကိုပါ ကျွေးမွေးစောင့်ရှောက်ထားတာ။ တိရစ္ဆာန်တွေရဲ့ အသက်ကို ထားလိုက်ဦး၊ လူ ၁၂၀,၀၀၀ ရဲ့အသက်ထက် ဘူးပင်လေးကို ယောန ဘယ်လိုလုပ်ပြီး ပိုတန်ဖိုးထားနိုင်တာလဲ။ ယောနဟာ တစ်ကိုယ်ကောင်းဆန်ဆန် တွေးတောလို့ မဟုတ်လား။ ဒီအပင်ကို သူနှမြောတာက သူ့ကို အကျိုးပြုနေလို့ပါ။ နိနဝေမြို့အပေါ် ယောန ဒေါသထွက်နေတာက သူမျက်နှာ မပျက်ချင်လို့၊ သူပြောတာ မှန်တယ်ဆိုတာ ပြချင်လို့ ဆိုတဲ့ ကိုယ်ကျိုးအတွက်ပဲ။ ယောနအကြောင်းက ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်ကြည့်ဖို့ ကူညီပေးတယ်။ တစ်ကိုယ်ကောင်းစိတ် မရှိသူ ဘယ်သူရှိလို့လဲ။ ယေဟောဝါဘုရားက ကျွန်တော်တို့ကို တစ်ကိုယ်ကောင်း မဆန်ဖို့၊ စာနာတတ်ဖို့၊ ကရုဏာပြတတ်ဖို့ စိတ်ရှည်ရှည်နဲ့ သင်ပေးတာ ဘယ်လောက် ကျေးဇူးတင်စရာ ကောင်းသလဲ။
၂၂။ (က) ကရုဏာပြတာနဲ့ ပတ်သက်တဲ့ ယေဟောဝါဘုရားရဲ့ ပညာသားပါတဲ့ သွန်သင်ချက်က ယောနကို ဘယ်လို အကျိုးပြုသလဲ။ (ခ) ကျွန်တော်တို့အားလုံး ဘာသင်ယူဖို့ လိုသလဲ။
၂၂ ယောန သင်ခန်းစာယူခဲ့ပါသလား။ သူ့ရဲ့နာမည်တပ်ထားတဲ့ ကျမ်းစောင်ကို အဖြေမပေးထားတဲ့ ယေဟောဝါဘုရားရဲ့ မေးခွန်းနဲ့ အဆုံးသတ်ထားတယ်။ ယောန တစ်ခါမှ အဖြေမပေးခဲ့ဘူးလို့ ဝေဖန်ရေးသမားတချို့က ပြောကြတယ်။ အမှန်တော့ အဲဒီကျမ်း တစ်ကျမ်းလုံးက သူ့အဖြေပါပဲ။ ဒီကျမ်းစောင်ကို ယောန ရေးမှန်း ထင်ရှားတယ်။ ဇာတိမြေကို ဘေးမသီရန်မခ ပြန်ရောက်သွားပြီး ဒီမှတ်တမ်းကို ရေးနေတဲ့ ပရောဖက်ရဲ့ပုံကို မြင်ယောင်ကြည့်လိုက်ပါ။ သူဟာ အသက်ပိုကြီးလာ၊ ပိုပညာရှိလာပြီး ပိုနှိမ့်ချသူဖြစ်လာတာ သေချာပါတယ်။ သူ့ရဲ့ အမှားတွေ၊ ပုန်ကန်မှုနဲ့ ကရုဏာပြဖို့ ငြင်းဆိုခဲ့တာတွေကို ပြန်တွေးမိပြီး ခေါင်းတစ်ခါခါနဲ့ သူ့ကျမ်းစောင်ကို ရေးသားနေတာ မြင်ယောင်နိုင်ပါတယ်။ ယောနဟာ ယေဟောဝါဘုရား ပညာသားပါပါ သင်ပေးတာကို သင်ခန်းစာ ယူခဲ့မှန်း သေချာတယ်။ သူ ကရုဏာပြတတ် လာပါတယ်။ ကျွန်တော်တို့ကော။—မဿဲ ၅:၇ ကိုဖတ်ပါ။
^ အပိုဒ်၊ 6 ယောနခေတ်က အစ္စရေး ဆယ်နွယ်နိုင်ငံရဲ့မြို့တော် ရှမာရိမှာ လူဦးရေ ၂၀,၀၀၀၊ ၃၀,၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းကြတယ်။ အဲဒါက နိနဝေမြို့ရဲ့ လူဦးရေ လေးပုံတစ်ပုံတောင် မရှိဘူး။ အဲဒီတုန်းက နိနဝေမြို့ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးမြို့ ဖြစ်နိုင်တယ်။
^ အပိုဒ်၊ 8 ဒီအသေးစိတ် ဖော်ပြချက်က ထူးဆန်းနေပုံရပေမဲ့ ရှေးအချိန်က အဲဒီလို ဖြစ်ခဲ့ဖူးတယ်။ ရှေးခေတ် ပါရှန်းလူမျိုးဟာ သူတို့လေးစားတဲ့ ဗိုလ်ချုပ်တစ်ဦး ကွယ်လွန်သွားတဲ့အခါ သူတို့ရဲ့ ဝမ်းနည်းပူဆွေး ငိုကြွေးခြင်းဓလေ့မှာ ခြံမွေးတိရစ္ဆာန်တွေကိုပါ ပါဝင်စေတယ်လို့ ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ်က ဆိုတယ်။
^ အပိုဒ်၊ 20 အဲဒီလူတွေဟာ အမှားအမှန်ကိုတောင် ခွဲခြားမသိနိုင်ဘူးလို့ ဘုရားသခင်ပြောတာက သူတို့ဟာ ကလေးသူငယ်တွေလို ဘုရားသခင်ရဲ့ ပညတ်စံနှုန်းတွေကို လုံးဝ မသိတာကို ဆိုလိုတယ်။