မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Ismail Sen/Anadolu Agency via Getty Images

သတိနဲ့ စောင့်နေကြပါ

တူရကီနဲ့ ဆီးရီးယားမှာ အင်အားပြင်း ငလျင်လှုပ်ခတ်—ကျမ်းစာအဆိုက ဘာလဲ

တူရကီနဲ့ ဆီးရီးယားမှာ အင်အားပြင်း ငလျင်လှုပ်ခတ်—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်၊ တနင်္လာနေ့မှာ တူရကီနဲ့ ဆီးရီးယားမှာ အင်အားပြင်း ငလျင် လှုပ်ခတ်သွားတယ်။

  •   “တနင်္လာနေ့မှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြီးကြောင့် တူရကီတစ်ခွင်နဲ့ ဆီးရီးယား အနောက်မြောက်ပိုင်းမှာ လူပေါင်း ၃,၇၀၀ ကျော် သေဆုံးသွားတယ်။ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ၊ အိုးအိမ်ဆုံးရှုံးသွားသူတွေဟာ အေးခဲနေတဲ့ ရာသီဥတုကြောင့် ပိုဒုက္ခရောက်ကြပြီး အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ဖို့လည်း အခက်တွေ့ကြတယ်။”—၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်ထုတ် ရိုက်တာသတင်း။

 ဝမ်းနည်းစရာကောင်းတဲ့ ဒီသတင်းတွေ ဖတ်ရတဲ့အခါ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရတယ်။ ဒီလို အခြေအနေမျိုးမှာ “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ယေဟောဝါဘုရားကို အားကိုးနိုင်ပါတယ်။ (၂ ကောရိန္သု ၁:၃) ဘုရားသခင်က ကျမ်းစာကနေတစ်ဆင့် “ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေး” ပါတယ်။—ရောမ ၁၅:၄

 သမ္မာကျမ်းစာမှာ

  •   ငလျင်အကြောင်း ကြိုဟောထားတယ်။

  •   နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ရှာတွေ့နိုင်တဲ့ နေရာကို ဖော်ပြထားတယ်။

  •   ဆင်းရဲဒုက္ခအားလုံးကို ဘုရားသခင်က ဖယ်ရှားပေးမယ့်ပုံကိုလည်း သိရပါတယ်။

 အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုကို သိနိုင်ဖို့ အောက်ပါဆောင်းပါးတွေကို ဖတ်ပါ–

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈