မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာစရာ အကြောင်းအရာ

ဆန့်ကျင်ခံရချိန်မှာ သတ္တိရှိရှိ မှန်ရာ လုပ်ပါ

ဆန့်ကျင်ခံရချိန်မှာ သတ္တိရှိရှိ မှန်ရာ လုပ်ပါ

ပရောဖက် ယေရမိနဲ့ ဧဗဒမေလက် သတ္တိရှိပုံကနေ ဘာသင်ယူနိုင်ကြောင်း သိရဖို့ ယေရမိ ၃၈:၁-၁၃ ကို ဖတ်ပါ။

အထက်အောက်စကားတွေ ဆန်းစစ်ကြည့်ပါ။ ယေဟောဝါဆီက သတင်းစကား ကြေညာဖို့ ယေရမိ ဘာကြောင့် သတ္တိ လိုအပ်သလဲ။ (ယေ. ၂၇:၁၂-၁၄။ ၂၈:၁၅-၁၇။ ၃၇:၆-၁၀) ယေရမိ ကြေညာတဲ့ သတင်းစကားကို ကြားတဲ့အခါ လူတွေ ဘယ်လို တုံ့ပြန်ကြသလဲ။—ယေ. ၃၇:၁၅၊ ၁၆

ထပ်လေ့လာပါ။ ယေရမိ ဘယ်လို ဆန့်ကျင်ခံရသလဲ။ (jr ၂၆-၂၇ ပိုဒ်. ၂၀-၂၂) ရှေးခေတ်က ရေလှောင်ကန်တွေဟာ ဘယ်လိုမျိုးလဲ၊ ဘာအတွက် သုံးသလဲ။ (က၁၁ ၁/၁ ၁၉ ပိုဒ်. ၁-၄။ က၀၈ ၆/၁ ၁၅၊ လေးထောင့်ကွက်) ရွှံ့နွံတွေပဲ ရှိတဲ့ ရေလှောင်ကန်ထဲ ချခံရချိန်မှာ ယေရမိ ဘယ်လို ခံစားရမလဲ။ ဧဗဒမေလက် ဘာစိုးရိမ်မိနိုင်သလဲ။—က၁၂ ၅/၁ ၃၁ ပိုဒ်. ၂-၃။

သင်ခန်းစာတွေ စဉ်းစားပါ။ ဒီလိုစဉ်းစားပါ–

  • ‘သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ကာကွယ်ပေးပုံနဲ့ပတ်သက်ပြီး ဒီမှတ်တမ်းကနေ ငါ ဘာသင်ယူရသလဲ။’ (ဆာ. ၉၇:၁၀။ ယေ. ၃၉:၁၅-၁၈)

  • ‘ဘယ်လို အခြေအနေတွေမှာ ငါ သတ္တိရှိဖို့ လိုမလဲ။’

  • ‘ဆန့်ကျင်ခံရချိန်မှာ သတ္တိရှိရှိ မှန်ရာ လုပ်နိုင်ဖို့ ဘယ်လို ပြင်ဆင်ထားနိုင်သလဲ။’ (က၁၁ ၃/၁ ၃၀) a

a ကိုယ်ပိုင်လေ့လာမှုမှာ ဘာတွေ လေ့လာနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ၂၀၂၃၊ ဇူလိုင် ကင်းမျှော်စင် မှာ ပါတဲ့ “လေ့လာစရာ အကြံပြုလွှာ” ကို ကြည့်ပါ။