သင် သိပါသလား
သတေဖန် နှိပ်စက်ခံရချိန်မှာ ဘာကြောင့် ဒီလောက်တောင် တည်ငြိမ်နိုင်တာလဲ။
ရန်လိုနေတဲ့ လူအုပ်ရှေ့ သတေဖန် ရောက်နေတယ်။ တရားရုံးချုပ် အဖွဲ့ဝင် ၇၁ ယောက်ဟာ အစ္စရေးမှာ သြဇာအာဏာအရှိဆုံးပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ပုရောဟိတ်မင်း ကယာဖက သူတို့ကို ဆင့်ခေါ်ထားတယ်။ ကယာဖဟာ အစောပိုင်း လအနည်းငယ်တုန်းက ယေရှုကို သေဒဏ်စီရင်ရာမှာ ဦးဆောင်ခဲ့သူဖြစ်တယ်။ (မ. ၂၆:၅၇၊ ၅၉။ တ. ၆:၈-၁၂) မမှန်တဲ့သက်သေ တစ်ယောက်ပြီးတစ်ယောက် ခေါ်ထုတ်လာချိန်မှာ အံ့သြစရာတစ်ခုကို သူတို့ သတိထားမိကြတယ်။ သတေဖန်ရဲ့ မျက်နှာဟာ “ကောင်းကင်တမန်ရဲ့ မျက်နှာလို ဖြစ်နေ” တယ်။—တ. ၆:၁၃-၁၅။
ထိတ်လန့်ဖွယ် အခြေအနေမှာ သတေဖန် ဘာကြောင့် ဒီလောက် တည်ငြိမ်နိုင်တာလဲ။ တရားရုံးချုပ် မရောက်ခင်ကတည်းက သတေဖန်ဟာ ဘုရားသခင့် စွမ်းအားတော်ရပြီး ဘုရားအမှုတော်မှာ အပြည့်အဝ ပါဝင်နေသူဖြစ်တယ်။ (တ. ၆:၃-၇) အဲဒီစွမ်းအားတော်က သတေဖန် စစ်ဆေးမေးမြန်းခံရချိန်မှာ ကူညီပေးပြီး ပြန်အမှတ်ရစေခဲ့တယ်။ (ယော. ၁၄:၁၆) တမန်တော် အခန်းကြီး ၇ မှာ ပါတဲ့အတိုင်း သတေဖန် ရဲရဲရင့်ရင့် ထုချေတဲ့အခါ သန့်ရှင်းသော စွမ်းအားတော်က ဟီဘရူးကျမ်းစောင်ထဲက ကျမ်းချက် ၂၀ ကျော်ကို ပြန်အမှတ်ရစေခဲ့တယ်။ (ယော. ၁၄:၂၆) ဘုရားရဲ့ ညာဘက်မှာ ယေရှု ရပ်နေတဲ့ စိတ်အာရုံ မြင်ရတဲ့အခါ သတေဖန်ရဲ့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။—တ. ၇:၅၄-၅၆၊ ၅၉၊ ၆၀။
ကျွန်တော်တို့လည်း အနာဂတ်မှာ ခြိမ်းခြောက်ခံရ၊ နှိပ်စက်ညှဉ်းပန်း ခံရနိုင်တယ်။ (ယော. ၁၅:၂၀) ကျမ်းစာ ပုံမှန်ဖတ်ပြီး အမှုဆောင်မှာ တက်တက်ကြွကြွ ပါဝင်နေရင် ယေဟောဝါရဲ့ စွမ်းအားတော် ရရှိပါလိမ့်မယ်။ ဆန့်ကျင်မှု ကြုံရချိန်မှာ တည်တည်ငြိမ်ငြိမ် ခံရပ်ဖို့ ခွန်အားရရှိပါလိမ့်မယ်။—၁ ပေ. ၄:၁၂-၁၄။