မခံရပ်နိုင်အောင် ဖြစ်လာတဲ့အခါ
ဥပမာ၊ အမေရိကန်ပြည်ထောင်စုက ဆယ်လီ *ဟာ ဟာရီကိန်းမုန်တိုင်းကြောင့် ပိုင်ဆိုင်ရာ အားလုံးနီးပါး ဆုံးရှုံးသွားတယ်။ “ဘယ်လို ရှေ့ဆက်ရမှန်း မသိတော့ဘူး။ ရက်အတော်ကြာတဲ့အထိ စိတ်ပျက်လက်ပျက် ဖြစ်နေမိတယ်” လို့ သူပြောတယ်။
ချစ်ခင်ရသူ ဆုံးပါးသွားရင်ကော။ ဩစတြေးလျက ဂျဲနစ် ဒီလိုပြောပြတယ်– “သားနှစ်ယောက်စလုံး ဆုံးပါးသွားတော့ ကျွန်မဘဝ ကြေမွပျက်စီးသွားသလို ခံစားရတယ်။ ‘ကျွန်မ ရင်ကွဲမတတ် ခံစားနေရတယ်။ အိပ်စက်အနားယူခွင့် ပေးပါ။ ပြန်နိုးမထချင်တော့ဘူး’ လို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။”
ဒေနီယယ်ကျတော့ ဇနီးသည် ဖောက်ပြန်သွားလို့ စိတ်ထိခိုက်နေတယ်။ “ကျွန်တော့်ဇနီးက ဖောက်ပြန်မိသွားတယ်လို့ ဝန်ခံတဲ့အခါ ကျွန်တော့်ရင်ကို ဓားနဲ့ ထိုးသွင်းလိုက်သလိုပဲ။ နာကျင်မှု ထပ်ခါထပ်ခါ ခံစားရတယ်။ လအတော်ကြာ ခံရတယ်” လို့ သူရှင်းပြတယ်။
ဒီကင်းမျှော်စင် စာစောင်က အောက်ပါအခြေအနေတွေမှာတောင် အသက်ရှင်ရကျိုး နပ်နိုင်ပုံကို သုံးသပ်သွားပါမယ်။
အရင်ဆုံး သဘာဝဘေးနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်သလဲ။
^ ဆောင်းပါးတွေမှာ နာမည်တချို့ ပြောင်းထားပါတယ်။