မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုအတူတကွလေ့လာရန်

မိသားစုအတူတကွလေ့လာရန်

ဒီပုံမှာ ဘာမှားနေသလဲ

လုကာ ၁၇:၁၁-၁၉ ကိုဖတ်ပါ။ ဒီပုံမှာ ဘယ်အချက် သုံးချက် မှားနေသလဲ။ အောက်မှာပါတဲ့ မျဉ်းကြောင်းတွေမှာ အဖြေတွေကို ချရေးပါ။ ရုပ်ပုံတွေကို အရောင်ခြယ်ပါ။

ဆွေးနွေးရန်–

နူနာစွဲသူတစ်ယောက်က တခြားနူနာစွဲသူတွေ မလုပ်တဲ့ ဘယ်အရာကို လုပ်ဆောင်ခဲ့သလဲ။

သဲလွန်စ– လုကာ ၁၇:၁၅၊ ၁၆ ကိုဖတ်ပါ။

သူ့ရဲ့လုပ်ရပ်ကို ကျွန်ုပ်တို့ဘယ်လို တုပနိုင်သလဲ။

သဲလွန်စ– ကောလောသဲ ၃:၁၅; ၁ သက်သာလောနိတ် ၅:၁၈ တို့ကို ဖတ်ပါ။

ဘယ်သူ့ကို နေ့တိုင်း ကျေးဇူးတင်ဖို့ သတိရသင့်သလဲ။

သဲလွန်စ– ဆာလံ ၁၀၇:၈; ယာကုပ် ၁:၁၇ တို့ကို ဖတ်ပါ။

မိသားစုလုပ်ဆောင်နိုင်ရာ–

ယေဟောဝါဘုရားသခင်ကို ဘာကြောင့် ကျေးဇူးတင်ရသလဲ၊ မိသားစုဝင်ထဲက တစ်ယောက်ယောက်နဲ့ သူငယ်ချင်းကောင်း တစ်ယောက်ယောက်ကို ဘာကြောင့်ကျေးဇူးတင်ရသလဲ ဆိုတဲ့အကြောင်း မိသားစုဝင် တစ်ယောက်ချင်းစီကို အနည်းဆုံး အချက်တစ်ချက် ချရေးစေပါ။ ပြီးနောက်၊ သူတို့ကို ကျေးဇူးတင်ကြောင်း ပြသနိုင်တဲ့ လက်တွေ့ကျတဲ့ နည်းတွေကို စာရင်းလုပ်ပါ။

စုထားပါ၊ သင်ယူပါ

ကျမ်းစာကတ်နံပါတ် ၅ မောရှေ

မေးခွန်းများ

က။ ယေဟောဝါက မောရှေကို ဘယ်ကျမ်းတွေကို ရေးဖို့ စွမ်းအားတော်နဲ့ လှုံ့ဆော်ခဲ့သလဲ။

ခ။ မောရှေရဲ့ မိဘနာမည် ဘယ်လိုခေါ်သလဲ။ သူ့ကို ဘယ်သူက မွေးစားခဲ့သလဲ။

ဂ။ ဒီကျမ်းစာသားကို ပြည့်စုံအောင် ဖြည့်ပါ– မောရှေဟာ “မမြင်ရသေးသောအရှင်ကို . . .”

ကိုယ်ရေးအကျဉ်း

ကျမ်းစာမှတ်တမ်းမှာ မောရှေဟာ အံ့ဖွယ်အမှုလုပ်ဖို့ ပထမဆုံး တန်ခိုးရတဲ့သူ ဖြစ်ပါတယ်။ သူက ဘုရားသခင့်ပရောဖက်၊ တရားသူကြီး၊ ပညတ်တရားပေးသူနဲ့ ရှေးအစ္စရေးတွေကို ဦးဆောင်ရတဲ့ တာဝန်တွေကိုလည်း ရခဲ့ပါတယ်။ သူ့ကို အစ္စရေးလူမျိုးတွေက အံ့ဖွယ်အမှုအများကြီး လုပ်ခဲ့သူအဖြစ် သိခဲ့ကြတယ်။—တရားဟောရာ ၃၄:၁၀-၁၂; ထွက်မြောက်ရာ ၄:၁-၉

အဖြေများ

က။ ကမ္ဘာဦး၊ ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တောလည်ရာ၊ တရားဟောရာ၊ ယောဘနဲ့ ဆာလံ ၉၀ အပြင် ဆာလံ ၉၁ လည်းဖြစ်နိုင်

ခ။ အာမရံနဲ့ ယောခေဗက်။ ဖာရောဘုရင်ရဲ့ သမီးတော်။—ထွက်မြောက်ရာ ၁:၁၅-၂:၁၀; ၆:၂၀

ဂ။ “. . . မြင်ရသကဲ့သို့ တည်ကြည်လျက်နေ၏။” —ဟေဗြဲ ၁၁:၂၇

ညီအစ်ကို၊ ညီအစ်မတွေနဲ့ သူတို့နေထိုင်တဲ့ ဒေသတွေ

ကျွန်မနာမည်က မာပီနိုနာ ဖြစ်ပါတယ်။ ကျွန်မအသက်က ရှစ်နှစ်ပါ။ မာဒါဂက်စကာနိုင်ငံမှာ နေထိုင်ပါတယ်။ မာဒါဂက်စကာမှာ ယေဟောဝါသက်သေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ သိပါသလား။ ၁၀,၀၀၀ လား၊ ၂၄,၀၀၀ လား ဒါမှမဟုတ် ၆၂,၀၀၀ လား။

ကျွန်မနေထိုင်တဲ့ နေရာကို ထောက်ပြနိုင်မလား။ အဲဒီနေရာကို ဝိုင်းပြပါ။ သင်နေတဲ့နေရာကို အစက်ချပြီး မာဒါဂက်စကာနဲ့ သင်တို့အကွာအဝေးကို ကြည့်ပါ။

ကလေးတွေ ရုပ်ပုံရှာကြည့်ပါ

ဒီရုပ်ပုံက ဒီစာစောင်ရဲ့ ဘယ်နေရာမှာ ပါသလဲ။ ရုပ်ပုံကို ကိုယ်ပိုင်စကားနဲ့ ရှင်းပြပါ။

 

စာမျက်နှာ

  1. ၁။ နူနာစွဲသူ ၁၀ ယောက် ဖြစ်ပါတယ်။ ၁၁ ယောက် မဟုတ်ပါ။

  2. ၂။ ဒီမှတ်တမ်းမှာ နူနာစွဲသူအားလုံးက အမျိုးသားတွေပါ။

  3. ၃။ ပြန်လာတဲ့သူက “ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတင်စကားပြော” တာဖြစ်တယ်။

  4. ၄။ ၂၄,၀၀၀

  5. ၅။ ခ။