မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့မြေ၊ သူတို့ဓလေ့

ပနားမားသို့ အလည်တစ်ခေါက်

ပနားမားသို့ အလည်တစ်ခေါက်

ပနားမားနိုင်ငံကို ပနားမားတူးမြောင်းကြောင့် လူသိများပုံရတယ်။ အဲဒီတူးမြောင်းက အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ် ပေးတဲ့ ရေလမ်းဖြစ်တယ်။ ပနားမားက မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်ကို ဆက်သွယ်ပေးသလို လူတွေကိုလည်း ပေါင်းကူးဆက်သွယ်ပေးတယ်။ အဲဒါက လူအမျိုးမျိုး၊ ယဉ်ကျေးမှုအဖုံဖုံရဲ့ ဇာတိမြေဖြစ်စေတယ်။ လူဦးရေအများစုက နယ်ခံတိုင်းရင်းသားနဲ့ ဥရောပသွေးနှောတဲ့ ကပြားတွေဖြစ်ကြတယ်။

သင် သိပါသလား။ ပနားမားရွှေရောင်ဖားက မိတ်ဖက်ကို ဆွဲဆောင်ဖို့နဲ့ ပြိုင်ဘက်ကို သတိပေးဖို့ သူ့ရဲ့လက်ကို “ဝှေ့ယမ်း” လေ့ရှိတယ်

၁၅၀၁ ခုနှစ်မှာ စပိန်လူမျိုးနယ်မြေသစ်ရှာဖွေသူတွေရောက်ရှိလာပြီး ဒေသခံတိုင်းရင်းသားများစွာကို တွေ့ရှိခဲ့ကြတယ်။ တချို့က အခုထိ ရှိနေဆဲဖြစ်တယ်။ အဲဒီထဲက တစ်မျိုးကတော့ ဂူနာလူမျိုးဖြစ်တယ်။ ဂူနာ အများစုက ဘိုးဘေးတွေနေခဲ့တဲ့ဒေသဖြစ်တဲ့ စန်ဘဲလ် ကျွန်းစုနဲ့ ပနားမားကိုလံဘီယာနယ်စပ်အနီးက ကရစ်ဘီယံကမ်းခြေတစ်လျှောက်မှာ နေထိုင်ကြပြီး ဝမ်းစာအတွက် အမဲလိုက်၊ လုံးထွင်းလှေနဲ့ ငါးဖမ်း၊ စိုက်ပျိုးကြတယ်။

ဂူနာအသိုင်းအဝိုင်းမှာ အမျိုးသားတစ်ဦး အိမ်ထောင်ပြုတဲ့အခါ အမျိုးသမီးရဲ့မိသားစုနဲ့ သွားရောက်နေထိုင်ပြီး သူတို့အတွက် အလုပ်လုပ်ပေးတယ်။ သူ့ဇနီး သမီးမိန်းကလေးမွေးတဲ့အခါ သူနဲ့သူ့မိသားစုက ယောက္ခမတွေနဲ့ခွဲပြီး တစ်အိုးတစ်အိမ် ထူထောင်တယ်။

ပနားမားနိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော် ၃၀၀ ဝန်းကျင်ရှိတယ်။ စပိန်ဘာသာစကားအပြင် တရုတ်၊ အင်္ဂလိပ်၊ ဂူဂျရာသီ၊ ဂူနာ၊ ဟေတီ ကရီအောလ်၊ နော့ဘီနဲ့ ပနားမားလက်သင်္ကေတပြစကားတွေနဲ့ စည်းဝေးတွေ ကျင်းပကြတယ်။