မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ရခဲတဲ့ ကန္တာရတောကြောင်

တွေ့ရခဲတဲ့ ကန္တာရတောကြောင်

နှစ်လကြာ သားလွယ်ထားပြီးနောက် ပျမ်းမျှအားဖြင့် သုံးကောင်ပေါက်

ကန္တာရတောကြောင်ဟာ ခြောက်သွေ့တဲ့ သဲကန္တာရအလယ်၊ ညအမှောင်မှာ ပုန်းခိုရာမြေတွင်းထဲကနေ ထွက်ပေါ်လို့လာပါတယ်။ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး အသံကိုလည်း နားစွင့်တယ်။ နောက်၊ မြေကြီးပေါ်ဝပ်လိုက်ပြီး သဲပြင်ပေါ် ခြေသံလုံလုံ စလှမ်းလိုက်တယ်။

ကန္တာရတောကြောင်ဟာ သတိမရှိတဲ့သားကောင်ကို ရုတ်တရက် ခုန်အုပ်လိုက်တယ်။ တစ်ညလုံး ပုန်းလျှိုးကွယ်လျှိုးလှည့်လည်ပြီး တစ်ခါတလေ သားကောင်တွေကို ခုန်ဖမ်းတတ်တယ်။ စားနိုင်တာထက် ပိုဖမ်းမိရင် ကျန်တာကို သဲထဲမှာ ဝှက်ထားခဲ့တယ်။ မနက်ဝေလီဝေလင်းအချိန်မှာ မြေတွင်းထဲပြန်ဝင်သွားပြီး နေ့အချိန်မှာတော့ အပြင်မထွက်သလောက်ပဲ။ တွေ့ရခဲပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဒီတောကြောင်ရဲ့ အသွင်အပြင်တချို့ကို သုံးသပ်ကြည့်ပါ။