မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ငါတို့ကို အနိုင်သွေးဆောင်လေ၏”

“ငါတို့ကို အနိုင်သွေးဆောင်လေ၏”

“ငါတို့ကို အနိုင်သွေးဆောင်လေ၏”

အရှေ့တိုင်းသားများသည် ဧည့်ဝတ်ပျူငှာမှုကြောင့် လူသိများ၏။ ဥပမာ၊ အိန္ဒိယနိုင်ငံရှိ မိသားစုတစ်စုသည် မမျှော်လင့်ဘဲရောက်လာသော ဧည့်သည်ကို ကျွေးမွေးရန် သူတို့အငတ်ခံပေမည်။ အီရန်နိုင်ငံရှိ မိခင်တစ်ဦးသည် ဧည့်သည်အချိန်မရွေးရောက်လာလျှင် ဧည့်ခံနိုင်ရန် ရေခဲသေတ္တာတွင် ရိက္ခာအပြည့်ထည့်ထားလေ့ရှိသည်။

ကျမ်းစာတွင်မှတ်တမ်းတင်ထားသော လူများစွာလည်း ထိုသို့ရက်ရောသောစိတ်ဓာတ်ရှိကြသည်။ ထူးခြားသောပုံသက်သေတစ်ဦးမှာ ဂျူးဘာသာပြောင်းဝင်လာသူ လုဒိဖြစ်၏။ သူသည် မာကေဒေါနိပြည်၊ ဖိလိပ္ပိမြို့တွင် နေထိုင်သည်။ ဥပုသ်နေ့တစ်နေ့တွင် လုဒိနှင့်အမျိုးသမီးများသည် ဖိလိပ္ပိမြို့ပြင်ရှိ မြစ်ကမ်းဘေးတွင် စုရုံးနေကြသည်ကို တမန်တော်ပေါလုနှင့် သူ၏ခရီးသွားဖော်များ တွေ့ ရှိခဲ့ကြသည်။ ပေါလုစကားပြောဆိုစဉ် လုဒိ၏နှလုံးကို ယေဟောဝါလှုံ့ဆော်ပေးလေသည်။ ထို့ကြောင့် သူနှင့်အိမ်သားများ နှစ်ခြင်းခံခဲ့ကြ၏။ ထို့နောက် ခရီးသွားများကို “ကျွန်မသည် သခင်ဘုရား[ယေဟောဝါ]၌ အမှန်ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင် ကျွန်မအိမ်သို့ဝင်၍နေကြပါ” ဟုတောင်းပန်၏။ လုဒိသည် “ငါတို့ကို အနိုင်သွေးဆောင်လေ၏”  ဟု ပေါလု၏ ခရီးဖော်လုကာက ဆိုခဲ့သည်။—⁠တမန်တော် ၁၆:၁၁-၁၅

လုဒိနည်းတူ ယနေ့ခရစ်ယာန်များလည်း နယ်လှည့်ကြီးကြပ်မှူးနှင့် သူတို့၏ဇနီးများကဲ့သို့သော ယုံကြည်သူချင်းများကို ဧည့်ဝတ်ပျူငှာကြသည်။ သူတို့ကို “အနိုင်သွေးဆောင်” ပြီး အိမ်တွင်ဧည့်ခံကြသည်။ ထိုသို့ဧည့်ဝတ်ပြုသောကြောင့် အားပေးစကားကြားရပြီး ဝိညာဉ်ရေးပေါင်းသင်းမှုပြုနိုင်ကြသည်။ ယေဟောဝါသက်သေအများစုသည် မချမ်းသာကြသော်လည်း “ဧည့်သည်ဝတ်ကိုကြိုးစား၍ပြုကြ” သည်။ (ရောမ ၁၂:၁၃; ဟေဗြဲ ၁၃:၂) ပေးကမ်းစွန့်ကြဲလိုသောစိတ်ဓာတ်က သူတို့ကိုပျော်ရွှင်စေသည်။ “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်” ဟူသော ယေရှု၏စကား မှန်ကန်လိုက်လေခြင်း။—⁠တမန်တော် ၂၀:⁠၃၅