သင်၏သမာဓိကို ကိုင်စွဲထားမည်လော
သင်၏သမာဓိကို ကိုင်စွဲထားမည်လော
“ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိကိုမစွန့်လွှတ်။”—ယောဘ ၂၇:၅၊ ကဘ။
၁၊ ၂။ ကျွန်ုပ်တို့သည် အဘယ်တည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်ဖို့လိုသနည်း၊ အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။
သင်သည် အိမ်တစ်လုံးအတွက် အဆောက်အအုံပုံစံများကို ကြည့်ရှုလေ့လာနေသည်ဟု မြင်ယောင်ကြည့်ပါ။ အိမ်ပုံစံဒီဇိုင်း၏လက်တွေ့ကျမှုကို သင်အံ့အားသင့်သည်။ ထိုအိမ်သည် သင်နှင့်သင့်မိသားစုအား အကျိုးရှိစေနိုင်သည့်နည်းများကိုစဉ်းစားကာ သင်နှစ်ခြိုက်ပေမည်။ သို့သော် အိမ်ကိုအမှန်တကယ်တည်ဆောက်ခြင်းမရှိ၊ ယင်းအိမ်သို့ပြောင်းရွှေ့ခြင်းမရှိ၊ ယင်းအိမ်ကိုထိန်းသိမ်းခြင်းမရှိပါက ယင်းအဆောက်အအုံပုံစံများနှင့် သင့်တွေးတောခဲ့ရာများသည် အကျိုးမရှိသည်ကို သင်သဘောတူသည်မဟုတ်လော။
၂ အလားတူပင် ကျွန်ုပ်တို့သည် သမာဓိရှိခြင်းကို မိမိတို့နှင့်မိမိတို့ချစ်မြတ်နိုးသူများအတွက် ကောင်းကျိုးများစွာဖြစ်စေမည့် အလွန်အရေးကြီးသော အရည်အသွေးတစ်ခုအဖြစ် ရှုမြင်ကြပေမည်။ သို့သော် ကျွန်ုပ်တို့၏ခရစ်ယာန်သမာဓိကို တည်ဆောက်ခြင်းမရှိ၊ ထိန်းသိမ်းခြင်းမရှိလျှင် သမာဓိရှိခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့တွေးတောသည့်နှစ်သက်ဖွယ်ရာများသည် အကျိုးမရှိပါ။ ယနေ့လောကတွင် ပကတိဆောက်လုပ်ရေးစီမံကိန်းများသည် များစွာကုန်ကျလေ့ရှိသည်။ (လု. ၁၄:၂၈၊ ၂၉) အလားတူပင် သမာဓိကိုတည်ဆောက်ရာတွင် အချိန်နှင့်ခွန်အားကုန်ပါသည်၊ သို့သော် ကြိုးစားရကျိုးနပ်၏။ ဤမေးခွန်းသုံးခုကို သုံးသပ်ကြည့်ကြစို့– ကျွန်ုပ်တို့သည် သမာဓိရှိသူ မည်သို့ဖြစ်နိုင်သနည်း။ ကျွန်ုပ်တို့၏ခရစ်ယာန်သမာဓိကို မည်သို့ထိန်းသိမ်းနိုင်သနည်း။ တစ်ဦးတစ်ယောက်သည် အချိန်အတန်အရာမိမိ၏သမာဓိကို မထိန်းသိမ်းခဲ့သူဖြစ်လျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။
ကျွန်ုပ်တို့သည် သမာဓိရှိသူ မည်သို့ဖြစ်နိုင်သနည်း
၃၊ ၄။ (က) သမာဓိကိုတည်ဆောက်ရာတွင် အဘယ်နည်းများဖြင့် ယေဟောဝါကူညီသနည်း။ (ခ) ယေရှုပုံသက်သေပြခဲ့သကဲ့သို့ သမာဓိကို ကျွန်ုပ်တို့ မည်သို့တည်ဆောက်နိုင်သနည်း။
၃ ယေဟောဝါသည် ကျွန်ုပ်တို့သမာဓိရှိသူဖြစ်မည်မဖြစ်မည်ကိုဆုံးဖြတ်ရန် အခွင့်ပေးခြင်းဖြင့် ကျွန်ုပ်တို့အားဂုဏ်တင်ကြောင်း ရှေ့ဆောင်းပါးတွင်တွေ့ရှိခဲ့သည်။ သို့သော် ဝမ်းသာစရာမှာ ကိုယ်တော်သည် ဤကိစ္စတွင် ကျွန်ုပ်တို့ကိုချည်း ပစ်၍မထားပါ။ ဤအဖိုးထိုက်အရည်အသွေးတည်ဆောက်ပုံကို ကိုယ်တော်သွန်သင်ပေးပြီး ယင်းသွန်သင်ချက်များကို လက်တွေ့ကျင့်သုံးရန်အထောက်အကူပြုသည့် ကိုယ်တော်၏သန့်ရှင်းသောစွမ်းအားတော်ကိုလည်း ကျွန်ုပ်တို့အား ရက်ရောစွာပေးတော်မူသည်။ (လု. ၁၁:၁၃) သမာဓိရှိရှိလျှောက်လှမ်းဖို့ ကြိုးစားနေသူများကို ဝတ်ပြုကိုးကွယ်ရေးနှင့်ဆိုင်သည့်ကာကွယ်မှုကိုပင် ပေးတော်မူသည်။—သု. ၂:၇။
၄ ကျွန်ုပ်တို့ သမာဓိရှိသူများဖြစ်ရန် ယေဟောဝါမည်သို့သွန်သင်ပေးသနည်း။ အဓိကမှာ မိမိ၏သားတော်ယေရှုကို ကမ္ဘာပေါ်သို့စေလွှတ်ခြင်းအားဖြင့်ဖြစ်သည်။ ယေရှုသည် လုံးလုံးနာခံသည့်လမ်းစဉ်ဖြင့် နေထိုင်ခဲ့သည်။ ကိုယ်တော်သည် “အသေခံရသည့်တိုင်အောင် နာခံတော်မူ၏။” (ဖိ. ၂:၈) ယေရှုသည် ပြုသမျှအားလုံးတွင်၊ အလွန့်အလွန်ခက်ခဲချိန်တွင်ပင် ကောင်းကင်ခမည်းတော်ကို နာခံခဲ့သည်။ “ကျွန်ုပ်၏အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်ပါစေ” ဟုယေဟောဝါအား ကိုယ်တော်ပြောခဲ့သည်။ (လု. ၂၂:၄၂) ကျွန်ုပ်တို့တစ်ယောက်စီသည် မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘ကျွန်ုပ်တွင် ထိုသို့သောနာခံတတ်သည့်သဘောထား ရှိပါသလော။’ စိတ်ရင်းမှန်နှင့်နာခံတတ်သည့်လမ်းစဉ်ကိုလိုက်စားခြင်းဖြင့် ကျွန်ုပ်တို့သည် သမာဓိရှိသူများဖြစ်ကြမည်။ နာခံမှု အထူးအရေးပါသည့် ဘဝကဏ္ဍတချို့ကို သုံးသပ်ကြည့်ပါ။
၅၊ ၆။ (က) ကျွန်ုပ်တို့ကို အခြားသူတို့မြင်ပုံမရသည့်အချိန်၌ပင် သမာဓိစောင့်သိဖို့အရေးကြီးကြောင်း ဒါဝိဒ်မည်သို့အလေးပေးခဲ့သနည်း။ (ခ) ယနေ့ ခရစ်ယာန်များသည် တစ်ဦးတည်းရှိနေချိန်တွင် သမာဓိရှိရန် အဘယ်စိန်ခေါ်ချက်များနှင့် ရင်ဆိုင်ရသနည်း။
၅ ကျွန်ုပ်တို့တစ်ဦးတည်းရှိနေပုံရသည့် အချိန်တွင်ပင် ယေဟောဝါအားနာခံဖို့လိုသည်။ ဆာလံဆရာဒါဝိဒ်သည် တစ်ဦးတည်းရှိနေနိုင်သည့်အချိန်အခါများတွင် သမာဓိရှိခြင်း၏အရေးကြီးမှုကို သတိပြုခဲ့သည်။ (ဆာလံ ၁၀၁:၂ [ကဘ] ကိုဖတ်ပါ။ *) ဘုရင်အနေနှင့်ဒါဝိဒ်သည် လူတို့နှင့်အမြဲရှိနေတတ်သည်။ ကြည့်ရှုနေသူရာနှင့်ချီ၊ ထောင်နှင့်ချီ၍ပင်ရှိသည့်အခါများစွာရှိသည်မှာ ယုံမှားဖွယ်မရှိပါ။ (ဆာလံ ၂၆:၁၂ နှင့်နှိုင်းယှဉ်ပါ။) ထိုသို့သောအချိန်များတွင် သမာဓိရှိရန် အရေးကြီးသည်၊ အကြောင်းမှာ ဘုရင်သည် လူတို့ရှေ့တွင် ပုံသက်သေကောင်းပြဖို့လိုသောကြောင့်ဖြစ်သည်။ (တရား. ၁၇:၁၈-၂၀) သို့သော် ဒါဝိဒ်သည် တစ်ဦးတည်းရှိနေချိန်ဖြစ်နိုင်သည့်—“ကိုယ့်အိမ်တွင်”—သမာဓိရှိဖို့လိုဆဲဖြစ်ကြောင်း သိရှိခဲ့သည်။ ကျွန်ုပ်တို့ကောအသို့နည်း။
၆ ဆာလံ ၁၀၁:၃ တွင် ဒါဝိဒ်၏စကားများကို ဤသို့တွေ့ရ၏– ‘မကောင်းသောအမှုအရာကို မျက်မှောက်မပြုပါ။’ ယနေ့ ကျွန်ုပ်တို့မျက်စိရှေ့တွင် အထူးသဖြင့် တစ်ဦးတည်းရှိနေချိန်တွင် မကောင်းသောအမှုအရာများ ပေါ်လာနိုင်သည့် အခွင့်အလမ်းများစွာရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ များစွာသောသူတို့အဖို့ အင်တာနက်အသုံးပြုခြင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ မတော်လျော်သော၊ ညစ်ညမ်းခြင်းပင်ဖြစ်သော အကြောင်းအရာများကိုကြည့်ရှုရန် အလွယ်တကူသွေးဆောင်ခံရကြသည်။ သို့သော် ယင်းသို့ပြုခြင်းသည် အထက်ပါစကားများကိုရေးသားရန် ဒါဝိဒ်အားမှုတ်သွင်းခဲ့သည့် ဘုရားသခင်အား နာခံရာရောက်ပါမည်လော။ ညစ်ညမ်းရုပ်ပုံများသည် အန္တရာယ်ရှိသည်၊ အကြောင်းမှာ မှားယွင်းသော၊ လိုချင်တပ်မက်သောဆန္ဒများ တောက်လောင်လာစေသည်၊ ကိုယ်ကိုကိုယ်သိသောစိတ်ကို ယိုယွင်းပျက်စီးစေသည်၊ အိမ်ထောင်ရေးကိုတိုက်စားပြိုလဲစေကာ ပါဝင်ပတ်သက်သူအားလုံးကို အကျိုးယုတ်အရှက်ရစေသောကြောင့်ဖြစ်သည်။—သု. ၄:၂၃; ၂ ကော. ၇:၁; ၁ သက်. ၄:၃-၅။
၇။ တစ်ဦးတည်းရှိစဉ် သမာဓိစောင့်ထိန်းရန် အဘယ်မူက အထောက်အကူပြုနိုင်သနည်း။
၇ အမှန်မှာ ယေဟောဝါ၏ကျေးကျွန်တို့သည် တစ်ဦးတည်းရှိနေသည့်အချိန်ဟူ၍ တစ်ခါမျှမရှိပါ။ ကျွန်ုပ်တို့၏ခမည်းတော်သည် ကျွန်ုပ်တို့ကိုမေတ္တာနှင့်ကြည့်ရှုနေသည်။ (ဆာလံ ၁၁:၄ ကိုဖတ်ပါ။) သွေးဆောင်မှုများကို သင်ခုခံတွန်းလှန်နေသည်ကို ယေဟောဝါတွေ့မြင်သည့်အခါ ကိုယ်တော်အလွန်နှစ်သက်ကျေနပ်မည်ဖြစ်သည်။ သင်သည် ထိုသို့တွန်းလှန်နေခြင်းဖြင့် မဿဲ ၅:၂၈ တွင်တွေ့ရသော ယေရှု၏သတိပေးစကားပါဆိုလိုချက်ကို လိုက်နာခြင်းဖြစ်သည်။ မှန်ပါသည်၊ အမှားပြုရန်သွေးဆောင်မှုဖြစ်စေမည့် ရုပ်ပုံများကိုမကြည့်ရန် စိတ်ဆုံးဖြတ်ထားပါ။ ညစ်ညမ်းရုပ်ပုံများကိုကြည့်ခြင်း သို့မဟုတ် ယင်းစာပေများကိုဖတ်ခြင်းဖြစ်သော ရှက်ဖွယ်အမှုပြုရန် သင်၏အဖိုးထိုက်သမာဓိနှင့် မလှဲလှယ်လိုက်ပါနှင့်။
၈၊ ၉။ (က) ဒံယေလနှင့် သူ၏အဖော်တို့သည် သမာဓိနှင့်ပတ်သက်၍ အဘယ်စိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့ရသနည်း။ (ခ) ယနေ့ ခရစ်ယာန်လူငယ်လေးများသည် ယေဟောဝါနှင့်ခရစ်ယာန်ချင်းတို့၏ နှစ်သက်လက်ခံမှုကို မည်သို့ရရှိကြသနည်း။
၈ ကျွန်ုပ်တို့သည် မယုံကြည်သူများကြား၌ရှိချိန်တွင်လည်း ယေဟောဝါကိုနာခံခြင်းဖြင့် သမာဓိရှိသူများ ဖြစ်နိုင်ပါသည်။ ဒံယေလနှင့် သူ၏အဖော်သုံးဦးကို သတိရပါ။ လူငယ်အရွယ်တွင် သူတို့သည် ဗာဗုလုန်သို့ သုံ့ပန်းများအဖြစ် ခေါ်ဆောင်ခံခဲ့ရသည်။ ထိုတွင်သူတို့ဒံ. ၁:၃-၉။
၏ပတ်ပတ်လည်၌ ယေဟောဝါအကြောင်းအနည်းငယ်သာသိသူနှင့် လုံးလုံးမသိသူတို့ရှိကြပြီး ဟေဗြဲလူငယ်လေးဦးသည် ဘုရားသခင့်ပညတ်တရားကတားမြစ်ထားသော ခဲဖွယ်စားဖွယ်များစားသုံးရန် ဖိအားပေးခံခဲ့ရသည်။ ဘုရားသခင့်ပညတ်နှင့်မညီသည့်အရာ များများစားစားမပါဟု ထိုယောက်ျားလေးတို့ အလွယ်တကူဆင်ခြင်မိနိုင်သည်။ သူတို့လေးဦး အဘယ်အရာလုပ်နေသည်ကို သူတို့၏မိဘများ၊ အသက်ကြီးသူများ၊ ယဇ်ပုရောဟိတ်များ မမြင်နိုင်ကြပါ။ မည်သူမြင်မည်နည်း။ ယေဟောဝါကိုယ်တော်မူကား မြင်တော်မူသည်။ ထို့ကြောင့် သူတို့သည် ဖိအားပေးမှု၊ ခြိမ်းခြောက်မှုခံရသည့်ကြားမှ မြဲမြံစွာရပ်တည်ခဲ့ပြီး ကိုယ်တော်ကိုနာခံခဲ့သည်။—၉ ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေလူငယ်လေးများသည် ခရစ်ယာန်များအတွက်ချမှတ်ထားသော ဘုရားသခင့်စံနှုန်းကိုကိုင်စွဲခြင်း၊ ထိခိုက်မှုရှိသောရွယ်တူချင်းဖိအားကို တွန်းလှန်ခြင်းအားဖြင့် အလားတူမြဲမြံစွာရပ်တည်ကြသည်။ အသင်လူငယ်များသည် မူးယစ်ဆေး၊ အကြမ်းဖက်၊ ဆဲဆို၊ အကျင့်ယိုယွင်းမှုတို့နှင့် အခြားလုပ်ရပ်မှားများတွင် မပါဝင်ငြင်းဆိုသည့်အခါ သင်သည် ယေဟောဝါကိုနာခံနေခြင်းဖြစ်သည်။ သင်ထိုသို့ပြုလုပ်ပါက သင်သည် သမာဓိစောင့်ထိန်းနေခြင်းဖြစ်သည်။ သင်သည် မိမိကိုယ်ကိုအကျိုးဖြစ်စေပြီး ယေဟောဝါနှင့်ခရစ်ယာန်ချင်းတို့၏ နှစ်သက်လက်ခံမှုကို ရရှိသည်။—ဆာ. ၁၁၀:၃။
၁၀။ (က) မတရားမေထုန်နှင့်ပတ်သက်၍ မှားယွင်းသောအဘယ်ရှုမြင်ပုံက လူငယ်တချို့အား မိမိတို့၏သမာဓိကိုချိုးဖျက်စေခဲ့သနည်း။ (ခ) သမာဓိက မတရားမေထုန်အန္တရာယ်နှင့်ပတ်သက်၍ မည်သို့ပြုမူစေသနည်း။
၁၀ ဆန့်ကျင်ဘက်လိင်ရှင်နှင့် ဆက်ဆံသည့်အခါတွင်လည်း နာခံမှုလိုသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က မတရားမေထုန်ကိုတားမြစ်ထားကြောင်း ကျွန်ုပ်တို့သိထားကြသည်။ သို့သော် နာခံမှုရှိသူအဖြစ်မှ ထိန်းချုပ်မှုမရှိသူအဖြစ်သို့ အလွယ်တကူလျှောကျသွားနိုင်သည်။ ဥပမာ၊ လူငယ်တချို့က ပါးစပ်ဖြင့် သို့မဟုတ် စအိုဖြင့်လိင်ဆက်ဆံခြင်း သို့မဟုတ် လက်ဖြင့်အပြန်အလှန် ရာဂစိတ်ဖြေပေးခြင်းတို့သည် “မေထုန်ပြုခြင်း” မဟုတ်ဟုထင်ကြသောကြောင့် ယင်းလုပ်ရပ်များသည် မကောင်းသောလုပ်ရပ်မဟုတ်ဟု ဆင်ခြင်ကြသည်။ မတရားမေထုန်အတွက် သမ္မာကျမ်းစာစကားလုံးတွင် ယင်းသို့သောအပြုအမူများ၊ မှားယွင်းသောလုပ်ရပ်ပါဝင်ပြီး ယင်းကိုပြုကျင့်သူများသည် နှင်ထုတ်ခံရနိုင်ကြောင်း ထိုလူငယ်များ မေ့လျော့ကြသည်—သို့မဟုတ် လျစ်လျူရှုခြင်းပင် ဖြစ်ပေမည်။ * သို့သော် ပို၍ဆိုးသည်မှာ သမာဓိစောင့်ထိန်းဖို့လိုသည်ကို သူတို့လျစ်လျူရှုကြသည်။ ကျွန်ုပ်တို့သည် သမာဓိစောင့်ထိန်းရန် ကြိုးစားနေကြသောကြောင့် မကောင်းသောအပြုအမူအတွက် ဆင်ခြေဆင်လက်များပေးရန် မကြိုးစားကြပါ။ ကျွန်ုပ်တို့သည် ဆုံးမမှုမခံရဘဲ အပြစ်နားသို့နီးနိုင်သရွေ့နီးနီးသွားရန် မကြိုးစားကြပါ။ အသင်းတော်ကပေးလှာနိုင်သည့် ဆုံးမမှုတစ်ခုတည်းကိုသာ အာရုံမစိုက်ကြပါ။ ယင်းအစား ယေဟောဝါနှစ်သက်ရာကိုပြုလုပ်ခြင်း၊ ကိုယ်တော်စိတ်တော်နာကျင်မည့်အရာကိုရှောင်ခြင်းအပေါ် အာရုံစိုက်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်နားသို့ မည်မျှအထိသွားနိုင်သည်ကိုစဉ်းစားမည့်အစား ယင်း၏အဝေးတွင်နေကာ “မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြ” သည်။ (၁ ကော. ၆:၁၈) သို့ဖြင့် ကျွန်ုပ်တို့သည် အမှန်တကယ် သမာဓိစောင့်သိသူများဖြစ်ကြောင်း တင်ပြကြသည်။
ကျွန်ုပ်တို့၏သမာဓိကို မည်သို့ထိန်းသိမ်းနိုင်သနည်း
၁၁။ နာခံမှုလုပ်ရပ်တိုင်းသည် အဘယ်ကြောင့်အရေးပါသနည်း။ ဥပမာပြပါ။
၁၁ ကျွန်ုပ်တို့သည် နာခံခြင်းအားဖြင့် သမာဓိကိုတည်ဆောက်ကြသောကြောင့် နာခံမှုရှိသည့်လမ်းစဉ်တွင် ခံရပ်တည်ကြည်ခြင်းအားဖြင့် သမာဓိကို ထိန်းသိမ်းကြသည်။ နာခံမှုရှိသောလုပ်ရပ်တစ်ခုသည် အရေးမပါပုံ—အသေးအမွှားကိစ္စတစ်ခုဖြစ်ပုံရပေမည်။ သို့တိုင် ထိုသို့သောနာခံသည့်လုပ်ရပ်များသည် နောက်ဆုံးတွင် သမာဓိရှိသောမှတ်တမ်းတစ်ခု ဖြစ်စေသည်။ ဥပမာ– အုတ်တစ်ချပ်သည် အရေးမပါပုံရပေမည်၊ သို့သော် အုတ်ချပ်များစွာကို အတူတကွနေရာတကျ အသေအချာစီထားခြင်းဖြင့် အိမ်ကောင်းတစ်လုံးကို တည်ဆောက်နိုင်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏နာခံမှုလုပ်ရပ်များကို မပြတ်တင်ပြခြင်းဖြင့် သမာဓိကိုထိန်းသိမ်းကြသည်။—လု. ၁၆:၁၀။
၁၂။ ဒါဝိဒ်သည် နှိပ်စက်မှု၊ မတရားမှုနှင့်ရင်ဆိုင်ရချိန်တွင် သမာဓိထိန်းသိမ်းခဲ့သည့် ပုံနမူနာတစ်ခုကို မည်သို့ချမှတ်ခဲ့သနည်း။
၁၂ ကျွန်ုပ်တို့သည် ခက်ခဲကျပ်တည်းမှု၊ နှိပ်စက်မှု သို့မဟုတ် မတရားမှုတို့နှင့် ရင်ဆိုင်ရချိန်တွင် ခံရပ်တည်ကြည်သည့်အခါ အထူးသဖြင့် ကျွန်ုပ်တို့၏သမာဓိထင်ရှားသည်။ ကျမ်းစာပါ ဒါဝိဒ်၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ လူငယ်တစ်ဦးအရွယ်တွင် သူသည် ယေဟောဝါ၏အခွင့်အာဏာကိုကိုယ်စားပြုသူဟု ယူမှတ်ခြင်းခံရသောဘုရင်တစ်ဦး၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်တည်ကြည်ခဲ့ရသည်။ သို့သော် ဘုရင်ရှောလုသည် ယေဟောဝါ၏မျက်နှာသာဆုံးရှုံးခဲ့ပြီး ဘုရားသခင့်နှစ်သက်မှုကိုရရှိသူ ဒါဝိဒ်အား အလွန့်အလွန်မနာလိုဖြစ်နေသည်။ သို့တိုင် ရှောလုတွင် အတန်ကြာသည်အထိ အခွင့်အာဏာရှိဆဲဖြစ်ပြီး ဒါဝိဒ်အားလိုက်လံဖမ်းဆီးရန် ဣသရေလစစ်တပ်ကိုသုံးခဲ့သည်။ ယေဟောဝါသည် ယင်းမတရားမှုကို နှစ်အတန်ကြာအထိ ဆက်ခွင့်ပြုခဲ့သည်။ ဒါဝိဒ်သည် ဘုရားသခင်အား စိတ်နာကြည်းခဲ့ပါသလော။ ခံရပ်တည်ကြည်စရာအကြောင်းမရှိဟု သူဆုံးဖြတ်ခဲ့သလော။ မဆုံးဖြတ်ခဲ့ပါ။ သူသည် ဘုရားသခင်ဘိသိက်ပေးထားသော ရှောလု၏အနေအထားကို ဆက်၍နက်ရှိုင်းစွာလေးစားခဲ့ပြီး ရှောလုအားလက်တုံ့ပြန်ရန် အခွင့်အရေးရလျက်နှင့် လက်တုံ့မပြန်ခဲ့ပါ။—၁၃။ ကျွန်ုပ်တို့ကိုထိခိုက်စေ သို့မဟုတ် စိတ်နာစေပါက ကျွန်ုပ်တို့၏သမာဓိကို မည်သို့ထိန်းသိမ်းနိုင်သနည်း။
၁၃ ယနေ့ကျွန်ုပ်တို့အတွက် ဒါဝိဒ်၏ပုံနမူနာသည် အလွန်အကျိုးရှိသည်။ ကျွန်ုပ်တို့သည် မစုံလင်သောလူသားတို့နှင့်ဖွဲ့စည်းထားသည့် ကမ္ဘာချီအသင်းတော်တွင်ပါဝင်သူများဖြစ်ကြပြီး အသင်းတော်ရှိတစ်ဦးတစ်ယောက်သည် ကျွန်ုပ်တို့အားပြစ်မှားမိနိုင်သည် သို့မဟုတ် အသင်းတော်မှသွေဖည်ပင်သွေဖည်သွားနိုင်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏လူမျိုး တစ်မျိုးလုံးအနေနှင့် ဘယ်တော့မျှဖောက်ပြန်မည်မဟုတ်သောခေတ်တွင် အသက်ရှင်ခွင့်ကောင်းချီးရရှိကြသည်။ (ဟေရှာ. ၅၄:၁၇) သို့တိုင် တစ်ဦးတစ်ယောက်သည် ကျွန်ုပ်တို့အားစိတ်ပျက်စေ သို့မဟုတ် စိတ်နာကြည်းစေပါက မည်သို့တုံ့ပြန်သင့်သနည်း။ ယုံကြည်သူချင်းအား စိတ်နာကြည်းကာ အမျက်သိုထားမည်ဆိုပါက ဘုရားသခင်အပေါ်ကျွန်ုပ်တို့၏သမာဓိ လျော့နေခြင်းဖြစ်နိုင်သည်။ အခြားသူတို့၏အပြုအမူက ဘုရားသခင်အား စိတ်နာကြည်းလာရန် သို့မဟုတ် တည်ကြည်သောလမ်းစဉ်မှစွန့်ခွာရန် အကြောင်းပြချက် ဘယ်တော့မျှမဖြစ်စေရပါ။ (ဆာ. ၁၁၉:၁၆၅) စုံစမ်းနှောင့်ယှက်မှုများရင်ဆိုင်ရလျှင်ပင် ခံရပ်တည်ကြည်ခြင်းက သမာဓိစောင့်ထိန်းရန် အထောက်အကူပြုမည်။
၁၄။ သမာဓိစောင့်သိသူများသည် အဖွဲ့အစည်းဆိုင်ရာအပြောင်းအလဲများနှင့် အယူဝါဒပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို အဘယ်နည်းဖြင့်တုံ့ပြန်ကြသနည်း။
၁၄ ကျွန်ုပ်တို့သည် အပြစ်ရှာတတ်သည့်အကျင့်ကိုရှောင်ခြင်းဖြင့် သမာဓိကို ထိန်းသိမ်းနိုင်ကြသည်။ ဆိုလိုသည်မှာ ယေဟောဝါအား ဆက်၍တည်ကြည်ခြင်းဖြစ်သည်။ ကိုယ်တော်သည် မိမိလူမျိုးကို ယခင်ကထက်ပိုပြီး ယခုအချိန်တွင် ကောင်းချီးပေးနေသည်။ ကမ္ဘာပေါ်တွင် စင်ကြယ်သောဝတ်ပြုရေးကို ဤမျှချီးမြှောက်ခြင်းသည် သမိုင်းတစ်လျှောက်တွင် တစ်ခါမျှမရှိခဲ့ပါ။ (ဟေရှာ. ၂:၂-၄) ကျမ်းချက်ရှင်းပြချက်များတွင် သို့မဟုတ် ကိစ္စရပ်များလုပ်ဆောင်မှုတို့တွင် ပြုပြင်ပြောင်းလဲမှုများရှိသည့်အခါ ကျွန်ုပ်တို့သည် ယင်းတို့ကိုလက်ခံလိုကြသည်။ ဝတ်ပြုရေးနှင့်ဆိုင်သောအလင်း ထွန်းလင်းနေဆဲဖြစ်သည့် အထောက်အထားကို ကျွန်ုပ်တို့တွေ့မြင်လိုကြသည်။ (သု. ၄:၁၈) ပြောင်းလဲမှုတစ်ခုသည် နားလည်ရခက်သည်ဟုတွေ့ရှိရလျှင် ယင်းကိုနားလည်သဘောပေါက်ရန် အကူအညီပေးဖို့ ယေဟောဝါထံကျွန်ုပ်တို့ဆုတောင်းကြသည်။ ယင်းအတောအတွင်း သမာဓိစောင့်သိခြင်းဖြစ်သော နာခံမှုရှိသည့်လမ်းစဉ်တွင် ခံရပ်တည်ကြည်ကြသည်။
တစ်ဦးတစ်ယောက်သည် သမာဓိမစောင့်သိတော့လျှင်အသို့နည်း
၁၅။ သင်၏သမာဓိကို သင့်ထံမှ မည်သူတစ်ဦးသာ နုတ်ယူသွားနိုင်သနည်း။
၁၅ ယင်းမေးခွန်းသည် အလွန်အရေးကြီးသည့်မေးခွန်းမဟုတ်လော။ ရှေ့ဆောင်းပါးတွင် ကျွန်ုပ်တို့လေ့လာခဲ့သည့်အတိုင်း သမာဓိရှိရန် အလွန်အရေးကြီးသည်။ သမာဓိမရှိပါက ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ဆက်ဆံရေးကောင်းရှိမည်မဟုတ်သကဲ့သို့ စစ်မှန်သောမျှော်လင့်ယောဘ ၂၇:၅၊ ကဘ) သင်သည် ထိုသို့စိတ်ပိုင်းဖြတ်ထားပြီး ယေဟောဝါနှင့်နီးကပ်စွာနေပါက သင်၏သမာဓိ ဘယ်တော့မျှပျောက်ဆုံးမည်မဟုတ်ပါ။—ယာ. ၄:၈။
ချက်လည်းရှိမည်မဟုတ်ပါ။ ဤအချက်ကိုစိတ်စွဲထားပါ– သင်၏သမာဓိကို သင့်ထံမှနုတ်ယူသွားနိုင်သည့်သူ စကြဝဠာတွင် တစ်ဦးတည်းသာရှိသည်။ ထိုသူမှာ သင်ကိုယ်တိုင်ပင်ဖြစ်သည်။ ယင်းအမှန်တရားကို ယောဘကောင်းစွာသဘောပေါက်ခဲ့သည်။ သူဤသို့ဆိုခဲ့၏– “ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိကိုမစွန့်လွှတ်။” (၁၆၊ ၁၇။ (က) တစ်ဦးတစ်ယောက်သည် ကြီးလေးသည့်အပြစ်ကျူးလွန်ပါက အဘယ်အရာသည် မှားယွင်းသည့်လုပ်ရပ်ဖြစ်သနည်း။ (ခ) အဘယ်အရာမှာ မှန်ကန်သည့်လုပ်ရပ်ဖြစ်သနည်း။
၁၆ သို့တိုင် အချို့သူတို့သည် သမာဓိစောင့်ထိန်းရန် ပျက်ကွက်ကြသည်။ တမန်တော်များသက်ရှိထင်ရှားဆဲအချိန်ကကဲ့သို့ပင် ယနေ့အချို့သောသူတို့သည် ကြီးလေးသောအပြစ်များကို ထပ်တလဲလဲပြုကျင့်ခဲ့ကြသည်။ သင်သည် ထိုသို့ဖြစ်ခဲ့ပါက အခြေအနေမှာ မျှော်လင့်ချက်မရှိတော့ပြီလော။ မဟုတ်ပါ။ အဘယ်အရာပြုလုပ်နိုင်သနည်း။ မပြုလုပ်ရသည့်အရာကို ဦးဆုံးသုံးသပ်ကြည့်ကြစို့။ လူ့သဘောထားမှာ အမှားပြုမိပါက မိဘများ၊ ခရစ်ယာန်ချင်းများ သို့မဟုတ် အကြီးအကဲများမသိစေရန် ဖုံးကွယ်ထားလိုကြသည်။ သို့သော် သမ္မာကျမ်းစာက ဤသို့သတိပေး၏– “မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကိုခံရလိမ့်မည်။” (သု. ၂၈:၁၃) မည်သည့်အရာကိုမျှ ဘုရားသခင်ထံမှ မဖုံးကွယ်ထားနိုင်သောကြောင့် အပြစ်ကိုဖုံးကွယ်ထားရန်ကြိုးစားသူသည် ဝမ်းနည်းဖွယ်အမှားဖြစ်သည်။ (ဟေဗြဲ ၄:၁၃ ကိုဖတ်ပါ။) အချို့သူတို့သည် ကြီးလေးသည့်အပြစ်ကိုပြုနေလျက်နှင့် ယေဟောဝါအားအမှုဆောင်နေသယောင် နှစ်ဘဝစံဖို့ပင်ကြိုးစားကြသည်။ ထိုကဲ့သို့သောအသက်တာသည် သမာဓိမရှိသောအသက်တာ—သမာဓိရှိခြင်းနှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ကြီးလေးသောအပြစ်များကိုဖုံးကွယ်ထားသူတို့၏ဝတ်ပြုမှုကို ယေဟောဝါမနှစ်သက်ပါ။ ထိုကဲ့သို့သောဟန်ဆောင်မှုသည် ကိုယ်တော်အား အမျက်ထွက်စေသည်။—သု. ၂၁:၂၇; ဟေရှာ. ၁:၁၁-၁၆။
၁၇ ခရစ်ယာန်တစ်ဦးသည် ကြီးလေးသည့်အမှားပြုမိသည့်အခါ လုပ်ဆောင်ဖို့လိုသည့် ရှင်းလင်းသောသမ္မာကျမ်းစာလမ်းညွှန်ချက်ရှိသည်။ ခရစ်ယာန်အကြီးအကဲများ၏အကူအညီ ရှာရမည့်အချိန်ဖြစ်သည်။ ယေဟောဝါသည် အကြီးအကဲများအား ဝတ်ပြုရေးနှင့်ပတ်သက်၍ဖျားနာနေသူတို့ကို အကူအညီပေးနိုင်သူများအဖြစ် ခန့်အပ်ထားသည်။ (ယာကုပ် ၅:၁၄ ကိုဖတ်ပါ။) ပေးနိုင်ဖွယ်ရှိသောဆုံးမပဲ့ပြင်မှု သို့မဟုတ် ပြုပြင်တည့်မတ်ပေးမှုကိုကြောက်ရွံ့ခြင်းက ဝတ်ပြုရေးတွင်သင်ပြန်လည်ကျန်းမာလာစေရန် လုပ်ဆောင်ခြင်းကို အဟန့်အတားမဖြစ်ပါစေနှင့်။ ပညာရှိသူတစ်ဦးသည် အသက်အန္တရာယ်ရှိသော ကျန်းမာရေးပြဿနာတစ်ခုကိုကုသရာတွင် ခေတ္တနာကျင်မှုဖြစ်စေသည့် ဆေးထိုးခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းကိုပင် ခွင့်ပြုမည်မဟုတ်လော။—ဟေဗြဲ ၁၂:၁၁။
၁၈၊ ၁၉။ (က) သမာဓိပြန်လည်ရှိနိုင်ကြောင်း ဒါဝိဒ်၏ပုံနမူနာက မည်သို့ဖော်ပြသနည်း။ (ခ) သင်၏သမာဓိနှင့်ပတ်သက်၍ သင့်ဆုံးဖြတ်ချက်ကား အဘယ်နည်း။
၁၈ အပြည့်အဝပြန်လည်ကျန်းမာလာရန် မျှော်လင့်ချက်ရှိသလော။ ပျောက်ဆုံးသွားပြီဖြစ်သော ယခင်ရှိခဲ့သည့်သမာဓိကို ပြန်ရနိုင်ပါသလော။ ဒါဝိဒ်၏ပုံနမူနာကို ပြန်သုံးသပ်ကြည့်ပါ။ သူသည် ကြီးလေးသည့်အမှားကို ကျူးလွန်ခဲ့သည်။ သူသည် အခြားသူ၏ဇနီးကို တပ်မက်စိတ်နှင့်ကြည့်ခဲ့ပြီး သူ့သားအိမ်ရာပြစ်မှားခဲ့ကာ အပြစ်မဲ့သောအိမ်ထောင်ဖက်အသတ်ခံရစေရန် အစီအစဉ်များပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် ဒါဝိဒ်ကို သမာဓိရှိသူအဖြစ်ယူမှတ်ရန် အလွန်ခက်ခဲသည်မဟုတ်လော။ သို့သော် သူ၏အခြေအနေသည် မျှော်လင့်ချက်မရှိတော့ပြီလော။ ဒါဝိဒ်သည် ပြင်းပြင်းထန်ထန်ဆုံးမပဲ့ပြင်မှုလိုအပ်ခဲ့ပြီး ဆုံးမခံခဲ့ရသည်။ သူ၏စိတ်ရင်းမှန်နှင့်နောင်တရမှုကြောင့် ယေဟောဝါ၏သနားကြင်နာမှုကို ခံစားခဲ့ရသည်။ ဒါဝိဒ်သည် ဆုံးမပဲ့ပြင်မှုမှသင်ယူခဲ့ပြီး ဘုရားသခင်အားနာခံခြင်း၊ ထိုနာခံသည့်လမ်းစဉ်တွင် ဆက်ခံရပ်တည်ကြည်ခြင်းအားဖြင့် သူ့တွင်သမာဓိပြန်ရှိလာခဲ့သည်။ ဒါဝိဒ်၏အသက်တာက နယပုံပြင် ၂၄:၁၆ ပါဤစကားအတိုင်းဖြစ်၏– “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။” ရလဒ်ကားအဘယ်နည်း။ ဒါဝိဒ်သေဆုံးပြီးနောက် သူနှင့်ပတ်သက်၍ ရှောလမုန်အား ယေဟောဝါမိန့်တော်မူခဲ့သည့်စကားကို သုံးသပ်ကြည့်ပါ။ (၃ ဓမ္မရာဇဝင် ၉:၄ [ကဘ] ကိုဖတ်ပါ။ *) ဘုရားသခင်သည် ဒါဝိဒ်အား သမာဓိရှိသူအဖြစ် အမှတ်ရခဲ့သည်။ မှန်ပါသည်၊ ကြီးလေးသောအပြစ်များဖြင့်စွန်းထင်းနေခြင်းပင်ဖြစ်ပါစေ နောင်တရသောအပြစ်သားများကို ယေဟောဝါသန့်စင်ပေးနိုင်တော်မူသည်။—ဟေရှာ. ၁:၁၈။
၁၉ သင်သည် ဘုရားသခင်ကိုချစ်၍နာခံခြင်းဖြင့် သမာဓိရှိသူဖြစ်မည်။ ဆက်၍သစ္စာရှိစွာခံရပ်တည်ကြည်ပါ၊ ကြီးလေးသည့်အမှားပြုမိပါက စစ်မှန်သည့်နောင်တကို ထင်ရှားပြပါ။ သမာဓိရှိခြင်းသည် အလွန်အဖိုးထိုက်သောရတနာဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ဒါဝိဒ်၏ဤစိတ်ဆုံးဖြတ်ချက်ကို ကိုင်စွဲနိုင်ကြပါစေ– ‘အကျွန်ုပ်မူကား သမာဓိရှိစွာ လျှောက်လှမ်းပါမည်။’—ဆာ. ၂၆:၁၁၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 ဆာလံ ၁၀၁:၂၊ [ကဘ]– “ကိုယ့်အိမ်တွင် သမာဓိရှိသောစိတ်နှလုံးနှင့် လိုက်လျှောက်ပါမည်။”
^ အပိုဒ်၊ 18 ၃ ရာ. ၉:၄ [ကဘ]– ‘သင့်အဘဒါဝိဒ်ကဲ့သို့ သမာဓိနှလုံးနှင့် ဖြောင့်မတ်တည်ကြည်စွာ ငါရှေ့မှာကျင့်နေလျှင်၊’
[စာမျက်နှာ ၁၁ ပါပုံစာ]
သင်မည်သို့ဖြေဆိုမည်နည်း
• သင်သည် သမာဓိစောင့်သိသူ မည်သို့ဖြစ်နိုင်သနည်း။
• အဘယ်နည်းများဖြင့် သင်၏သမာဓိကို ထိန်းသိမ်းနိုင်သနည်း။
• မည်သို့အားဖြင့် သမာဓိပြန်လည်ရှိလာနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၉ ပါပုံစာ]
လူငယ်တို့သည် စမ်းသပ်မှုခံရချိန်တွင် သမာဓိစောင့်ထိန်းနိုင်
[စာမျက်နှာ ၁၀ ပါပုံစာ]
ဒါဝိဒ်သည် အခိုက်အတန့်သမာဓိစောင့်ထိန်းရန် ပျက်ကွက်ခဲ့၊ သို့သော် သမာဓိပြန်လည်ရှိခဲ့
[စာမျက်နှာ ၈ ပါလေးထောင့်ကွက်]
“အကြင်နာတရားပြည့်ဝလိုက်တာ”
ကိုယ်ဝန်ငါးလရှိသော အမျိုးသမီးတစ်ဦးက သူစိမ်းတစ်ဦး၏ကြင်နာမှု၊ သမာဓိနှင့်ပတ်သက်၍ ယင်းစကားများကို ပြောခဲ့ခြင်း ဖြစ်သည်။ သူသည် ကော်ဖီဆိုင်သို့သွားခဲ့ပြီး ဆိုင်မှထွက်ကာ နာရီအတန်ကြာမှ မိမိ၏ပိုက်ဆံအိတ် ဆိုင်တွင်ကျန်ခဲ့ကြောင်း သိလိုက်ရသည်။ ပိုက်ဆံအိတ်ထဲတွင် အမေရိကန်ဒေါ်လာ ၂,၀၀၀ ပါရှိပြီး ပုံမှန်ထည့်သွားသည့်ငွေထက် ပို၍ထည့်ခဲ့ခြင်းဖြစ်သည်။ “ကျွန်မအရမ်း ဝမ်းနည်းသွားတယ်” ဟုနောက်ပိုင်းတွင် ဒေသခံသတင်းစာတစ်စောင်ကို သူပြောပြခဲ့သည်။ သို့သော် ပိုက်ဆံအိတ်ကို အမျိုးသမီးငယ်တစ်ဦးကတွေ့ ရှိခဲ့ပြီး ပိုင်ရှင်ကို ချက်ချင်းရှာဖွေခဲ့သည်။ ရှာမတွေ့သောကြောင့် ရဲစခန်းသို့အပ်ခဲ့ရာ ရဲသားများက ကိုယ်ဝန်ဆောင်အမျိုးသမီးထံ ခြေရာကောက်နိုင်ခဲ့ကြသည်။ “တကယ့်ကို အကြင်နာတရားပြည့်ဝလိုက်တာ” ဟုကျေးဇူးတင်စိတ်ဖြင့် ပိုင်ရှင်ဖြစ်သူ ပြောခဲ့သည်။ အမျိုးသမီးငယ်သည် ငွေပြန်ပေးရန် အဘယ်ကြောင့် ထိုမျှကြိုးစားခဲ့သနည်း။ ယေဟောဝါသက်သေတစ်ဦးအနေနှင့် သူသည် “သူကြီးပြင်းလာသောဘာသာကြောင့် ထိုကဲ့သို့သောသမာဓိကို တင်ပြခဲ့ခြင်းဖြစ်သည်” ဟုသတင်းစာတွင် ဖော်ပြခဲ့၏။