မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ချက်အမှား ၄– ဘုရားသခင်သည် သုံးပါးပေါင်းတစ်ဆူဖြစ်

သွန်သင်ချက်အမှား ၄– ဘုရားသခင်သည် သုံးပါးပေါင်းတစ်ဆူဖြစ်

ထိုသွန်သင်ချက်အမှား၏ ဇာစ်မြစ်ကား အဘယ်နည်း။

“နောက်ဆုံးလေ့လာတွေ့ရှိချက်များအရ သုံးပါးပေါင်းတစ်ဆူ တရားသေအယူဝါဒသည် ၄ ရာစုနှောင်းပိုင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ယူဆနိုင်သည်။ မှန်ပါသည်၊ . . . ‘ပုဂ္ဂိုလ်သုံးပါး ဘုရားသခင်တစ်ဆူ’ အယူဝါဒသည် ၄ ရာစုမကုန်မီအချိန်ထိ အတည်မဖြစ်သေးသည့်အပြင် ယင်းသည် ခရစ်ယာန်အသက်တာနှင့် ယုံကြည်ချက်တွင် အပြည့်အ၀ အံဝင်ခွင်ကျ မဖြစ်ခဲ့ချေ။”—ကက်သလစ် စွယ်စုံကျမ်းသစ် (၁၉၆၇)၊ အတွဲ ၁၄၊ စာမျက်နှာ ၂၉၉။

“[အေဒီ] ၃၂၅၊ မေ ၂၀ ရက်နေ့တွင် နိုင်စီယာကောင်စီ အစည်းအဝေးကို ကျင်းပခဲ့သည်။ ကွန်စတင်တိုင်းကိုယ်တိုင် ဦးစီးကာ ဆွေးနွေးပွဲများတွင် ပါဝင်ညွှန်ကြားပြီး ‘ခမည်းတော်နှင့် တစ်ဇာတိတည်းဖြစ်သည်’ ဟူသော ကောင်စီထုတ်ဆင့်သည့် အယူဝါဒတွင်ပါသော ဘုရားသခင်နှင့် ခရစ်တော်၏ တော်စပ်ပုံကို . . . အဆိုတင်သွင်းခဲ့သည်။ . . . ဧကရာဇ်၏ သြဇာအရှိန်အဝါကြောင့် ဂိုဏ်းအုပ်နှစ်ဦးမှအပ အားလုံးလက်မှတ်ရေးထိုးခဲ့သော်လည်း အများစုမှာ မိမိတို့၏ယုံကြည်ချက်ကို ဆန့်ကျင်၍ ရေးထိုးခဲ့ကြသည်။”—ဗြိတဲန်နီကာစွယ်စုံကျမ်း (၁၉၇၀)၊ အတွဲ ၆၊ စာမျက်နှာ ၃၈၆။

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။

“သူ [သတေဖန်] သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်း မြင်လျှင် ‘ကြည့်ပါ။ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း ငါမြင်သည်’ ဟုဆို၏။”—တမန်တော် ၇:၅၅၊ ၅၆သမ္မာကျမ်း။

ထိုအဆင်းအာရုံက အဘယ်အရာ ဖော်ပြသနည်း။ သတေဖန်သည် ဘုရားသခင်၏ ဝိညာဉ်တော်တည်းဟူသော စွမ်းအားတော်နှင့်ပြည့်သဖြင့် “ဘုရားသခင်၏ လက်ယာတော်ဘက်၌” ယေရှု ရပ်နေသည်ကို မြင်လေသည်။ ထို့ကြောင့် ယေရှုသည် ရှင်ပြန်ထမြောက်ကာ ကောင်းကင်သို့ တက်ကြွပြီးနောက် ဘုရားသခင် ဖြစ်သွားခြင်းမဟုတ်ကြောင်း ရှင်းနေပါသည်၊ ယင်းအစား ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါး ဖြစ်သွားခြင်းသာဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ဘေးတွင် တတိယပုဂ္ဂိုလ်ရှိနေသည်ဟု ထိုမှတ်တမ်းတွင် မဆိုထားချေ။ ဒိုမေနီကန် ခရစ်ယာန်ဘုန်းကြီး မာရီအေမယ် ဘွာမာသည် သုံးပါးတစ်ဆူ တရားသေအယူဝါဒကို ထောက်ခံသော ကျမ်းချက်များကို ကြိုးစားရှာဖွေခဲ့သော်လည်း “ပုဂ္ဂိုလ်သုံးပါးပေါင်းကာ ဘုရားသခင် တစ်ဆူတည်းဖြစ်၏ဟူသော ဖော်ပြချက်ကို . . . ဓမ္မသစ်ကျမ်းတွင် မည်သည့်နေရာ၌မျှ မတွေ့ရချေ” ဟု သူ၏စာအုပ်တွင် ဆိုသည်။—At the Dawn of Christianity—The Birth of Dogmas.

ကွန်စတင်တိုင်းသည် လေးရာစုရှိ ခရစ်ယာန်ဘာသာအတွင်း သဘောထားကွဲလွဲမှုကို အဆုံးသတ်ရန် ထိုတရားသေအယူဝါဒကို ထောက်ခံခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုကို ဖွားမြင်ခဲ့သောမိခင် မာရိသည် “ဘုရားသခင့်မယ်တော်” လော ဟူသည့် သွန်သင်ချက်နောက်တစ်ခု ပေါ်ပေါက်လာပြန်သည်။

ဤကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ– မဿဲ ၂၆:၃၉သမ္မာကျမ်း။ ယောဟန် ၁၄:၂၈သမ္မာကျမ်း။ ၁ ကောရိန္သု ၁၅:၂၇၊ ၂၈သမ္မာကျမ်း။ ကောလောသဲ ၁:၁၅၊ ၁၆သမ္မာကျမ်း

အမှန်တရား-

သုံးပါးပေါင်းတစ်ဆူ တရားသေအယူဝါဒသည် လေးရာစုနှောင်းပိုင်းမှ ပေါ်ပေါက် လာခြင်းဖြစ်