မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာပေါ်မှာ ဆင်းရဲ​ဒုက္ခတွေ ပြည့်နှက်နေတယ်။ အဲဒီလို​ဖြစ်ရတာ ဘုရား​သခင်ကြောင့်လား။

သမ္မာကျမ်းစာ သွန်သင်ရာ

သမ္မာကျမ်းစာ သွန်သင်ရာ

ဆင်းရဲ​ဒုက္ခတွေ​ဖြစ်နေတာ ဘုရား​သခင်ကြောင့်လား

ဘယ်လို​ထင်ပါသလဲ

  • ဟုတ်တယ်

  • မဟုတ်ဘူး

  • ဖြစ်ကောင်းဖြစ်နိုင်တယ်

သမ္မာကျမ်းစာ သွန်သင်ရာ

“ဒုစရိုက်သည် ဘုရား​သခင်နှင့်လည်းကောင်း၊ အပြစ်သည် အနန္တ​တန်ခိုးရှင်နှင့်လည်းကောင်း ဝေးပါစေ။” (ယောဘ ၃၄:၁၀) ကမ္ဘာပေါ်မှာ မြင်တွေ့နေရတဲ့ မကောင်းမှုနဲ့ ဆင်းရဲ​ဒုက္ခတွေဟာ ဘုရား​သခင်ကြောင့် လုံးဝ မဟုတ်ပါဘူး။

ကျမ်းစာမှ နောက်ထပ်​သင်ယူနိုင်ရာများ

  • “ဤလောကကို​အစိုးရသောမင်း” ဖြစ်တဲ့ စာတန်​မာရ်နတ်ကသာ ဆင်းရဲ​ဒုက္ခတွေရဲ့ အဓိက​တရားခံပါ။—ယောဟန် ၁၄:၃၀

  • လူတွေရဲ့ ရွေးချယ်မှု​အမှားတွေကြောင့် ဆင်းရဲ​ဒုက္ခနဲ့ မကောင်းမှုတွေ ဖြစ်လာတယ်။​—ယာကုပ် ၁:၁၄၊ ၁၅

ဆင်းရဲ​ဒုက္ခတွေ အဆုံးတိုင်မှာလား

လူတချို့ ယုံကြည်တာက

လူသားအားလုံး​ပူးပေါင်းပြီး ဆင်းရဲ​ဒုက္ခ​တွေကို အဆုံးတိုင်စေမယ်။ တချို့ကျတော့ ကမ္ဘာ့အခြေအနေတွေ ကြီးကြီးမားမား​တိုးတက်​ပြောင်းလဲလာမယ်လို့ မထင်ကြဘူး။ သင်ကော ဘယ်လိုယုံကြည်ပါသလဲ။

သမ္မာကျမ်းစာ သွန်သင်ရာ

ဆင်းရဲ​ဒုက္ခတွေကို ဘုရား​သခင် ဖယ်ရှားပေးတော့မယ်။ “သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။”—ဗျာဒိတ် ၂၁:၃၊ ၄

ကျမ်းစာမှ နောက်ထပ်​သင်ယူနိုင်ရာများ

  • ဘုရား​သခင်က ယေရှုကို အသုံးပြုပြီး စာတန်​မာရ်နတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးလိမ့်မယ်။—၁ ယောဟန် ၃:၈

  • လူကောင်းတွေဟာ ကမ္ဘာပေါ်မှာ ငြိမ်သက်​အေးချမ်းစွာ ထာဝစဉ်နေထိုင်ရမယ်။—ဆာလံ ၃၇:၉–၁၁၊ ၂၉