ယေရမိ ၄၅:၁-၅

  • ဗာရုတ်အတွက် ယေဟောဝါရဲ့စကား (၁-၅)

၄၅  ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ် နန်းစံလေးနှစ်မှာ+ နေရိယရဲ့သား ဗာရုတ်က+ ပရောဖက်ယေရမိ နှုတ်တိုက်ချပေးတာကို စာအုပ်ထဲမှာ လိုက်ရေးတယ်။+ အဲဒီအချိန်မှာ ဗာရုတ်ကို ယေရမိ ပြောတာက– ၂  “ဗာရုတ်၊ ခင်ဗျားနဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတယ်– ၃  ‘ခင်ဗျားက “ငါ့အဖြစ် ဆိုးလိုက်တာ။ ငါ့ဝေဒနာပေါ်မှာ ဝမ်းနည်းပူဆွေးမှုကို ယေဟောဝါဘုရား ထပ်ဆင့်လိုက်ပြီ။ ငါ့မှာ ညည်းတွားရလွန်းလို့ ပင်ပန်းလှပြီ။ နားခိုတဲ့နေရာကို ရှာမတွေ့ပါလား” လို့ပြောတယ်။’ ၄  “ဗာရုတ်ကို ပြောလိုက်ပါ။ ‘ယေဟောဝါက “ငါတည်ဆောက်ခဲ့တဲ့အရာကို ဖြိုချမယ်။ ငါစိုက်ပျိုးခဲ့တဲ့အရာကို နုတ်ပစ်မယ်။ တစ်ပြည်လုံးကို အဲဒီလိုလုပ်မယ်။+ ၅  မင်းက ကြီးမြတ်တဲ့အရာတွေကို ရှာနေတယ်။ အဲဒါတွေကို ဆက်မရှာပါနဲ့တော့” လို့ ပြောတယ်။’ “‘လူအားလုံးအပေါ် ငါဘေးဆိုး ကျရောက်စေတော့မယ်။+ ဒါပေမဲ့ မင်း ဘယ်သွားသွား မင်းအသက်ကို တိုက်ရာပါဥစ္စာလို ငါပေးမယ်’*+ လို့ ယေဟောဝါ ပြောတယ်။”

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အသက်ရှင်လွတ်မြောက်လိမ့်မယ်။”