ယေရမိ ၄၈:၁-၄၇
-
မောဘနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် (၁-၄၇)
၄၈ မောဘနဲ့ပတ်သက်ပြီး+ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတယ်–
“နေဗောမြို့ အဖြစ်ဆိုးလိုက်တာ။+ ဖျက်ဆီးခံရလိုက်ရပြီပဲ။
ကိရယသိမ်မြို့ဟာ+ အရှက်ကွဲသွားပြီ။ သိမ်းပိုက်ခံလိုက်ရပြီ။
လုံခြုံတဲ့ခိုလှုံရာဟာ အရှက်ကွဲသွားပြီ။ ခွဲခြေခံလိုက်ရပြီ။+
၂ မောဘကို ချီးမွမ်းကြတော့မှာ မဟုတ်ဘူး။
ရန်သူတွေက ‘လာကြ။ သူ မျိုးပြုတ်သွားအောင် ဇာတ်သိမ်းပစ်ကြစို့’ လို့ပြောပြီးမောဘကျဆုံးသွားအောင် ဟေရှဘုန်မြို့မှာ+ ကြံစည်ကြတယ်။
မာဒမေနမြို့၊ တိတ်တိတ်လေး နေစမ်းပါ။
မင်းနောက်ကို ဓားဘေး လိုက်နေပြီ။
၃ ဟောရနိမ်မြို့မှာ အော်ဟစ်သံ၊ ဖျက်ဆီးသံ၊ဝုန်းဒိုင်းပြိုလဲသံတွေ ကြားရတယ်။+
၄ မောဘ ပျက်စီးသွားပြီ။
သူ့ကလေးငယ်တွေ ငိုကြွေးနေပြီ။
၅ သူတို့က ငိုကြွေးရင်း လုဟိတ်မြို့ကို တက်သွားကြတယ်။
ဟောရနိမ်မြို့ အဆင်းလမ်းမှာ
ဘေးဆိုးကြောင့် အော်ဟစ်ငိုကြွေးသံကို ကြားနေရတယ်။+
၆ အသက်လွတ်အောင် ပြေးပေတော့။
တောကန္တာရထဲက ဂျူနီပါထင်းရှူးပင်လို ဖြစ်ကြပါ။
၇ မင်းဟာ ကိုယ့်လုပ်ဆောင်မှုတွေ၊ အဖိုးတန်ရတနာတွေကို ကိုးစားတဲ့အတွက် သိမ်းပိုက်ခံရမယ်။
ခေမုရှဟာ+ ပုရောဟိတ်တွေ၊ အမှုထမ်းတွေနဲ့အတူ
ပြည်နှင်ဒဏ်ခံရမယ်။
၈ ဖျက်ဆီးသူက မြို့တိုင်းကို ရောက်လာလိမ့်မယ်။
တစ်မြို့မှ မလွတ်ဘူး။+
ယေဟောဝါ ပြောထားတဲ့အတိုင်း ချိုင့်ဝှမ်းလွင်ပြင်ဟာ ပျက်စီးသွားလိမ့်မယ်။
မြေပြန့်ဒေသကလည်း အစတုံး ဖျက်ဆီးခံရမယ်။
၉ မောဘအတွက် လမ်းပြမှတ်တိုင် စိုက်ထူကြ။
မောဘ ပျက်စီးပြီး ထွက်ပြေးသွားမယ်။
သူ့မြို့တွေဟာ ကြောက်လန့်စရာ ဖြစ်သွားမယ်။
နေထိုင်သူတစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။+
၁၀ ယေဟောဝါပေးတဲ့ တာဝန်ကို ပေါ့ပေါ့ဆဆ လုပ်ဆောင်သူ ကျိန်စာသင့်ပါစေ။
ဓားကို သွေးစွန်းအောင် မလုပ်တဲ့သူ ကျိန်စာသင့်ပါစေ။
၁၁ မောဘလူတွေဟာ ငယ်ငယ်ကတည်းက စိတ်အေးလက်အေး နေရတယ်။
ပြည်နှင်ဒဏ်လည်း မခံခဲ့ဖူးဘူး။
အနည်ထိုင်နေတဲ့ စပျစ်ဝိုင်လိုပဲ။
အိုးတစ်လုံးကနေ နောက်တစ်လုံးထဲ အလှယ်မခံခဲ့ရဘူး။
ဒါကြောင့် ဝိုင်အရသာဟာ အရင်အတိုင်းပဲ။
အနံ့လည်း မပြယ်ဘူး။
၁၂ “ယေဟောဝါ ပြောမယ်– ‘ငါ့လူတွေကို စေလွှတ်ပြီး သူတို့ကို မှောက်ပစ်မယ့်အချိန် ရောက်တော့မယ်။ အဲဒီလူတွေက သူတို့ကို မှောက်ပစ်လိမ့်မယ်။ သူတို့ရဲ့အိုးခွက်တွေကို သွန်ပစ်ပြီး အိုးကြီးတွေကို ရိုက်ခွဲမယ်။
၁၃ အစ္စရေးအမျိုးက သူတို့ယုံကြည်အားထားတဲ့ ဗေသလကြောင့် အရှက်ကွဲရသလို မောဘလူတွေကလည်း ခေမုရှကြောင့် အရှက်ကွဲရကြလိမ့်မယ်။+
၁၄ “ငါတို့က စစ်တိုက်ဖို့ အသင့်ဖြစ်နေတဲ့ ခွန်အားကြီး စစ်သူရဲတွေပဲ” ဆိုပြီး မင်းတို့ မို့ ပြောရဲ တယ်။’+
၁၅ ‘မောဘ ဖျက်ဆီးခံရပြီ။
သူ့မြို့တွေ ကျူးကျော်ခံရပြီ။+
လက်ရွေးစင်လူငယ်တွေ အသတ်ခံရပြီ’+ လို့
ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆိုတဲ့ နာမည်ကို ပိုင်ဆိုင်တဲ့ဘုရင် ပြောတယ်။+
၁၆ မောဘလူတွေအပေါ် ဘေးဒုက္ခ ကျရောက်တော့မယ်။
သူတို့ရဲ့ကျဆုံးခန်း အမြန်လာနေပြီ။+
၁၇ ပတ်ဝန်းကျင်ကလူတွေ၊သူတို့နာမည်ကို သိတဲ့လူတွေ ကိုယ်ချင်းစာကြလိမ့်မယ်။
‘ခွန်အားကြီးတဲ့ ကြိမ်လုံး၊ လှပတဲ့တောင်ဝှေး ကျိုးသွားပြီ’ လို့ ပြောကြပါ။
၁၈ အို ဒိဘုန်မြို့မှာ နေထိုင်တဲ့ သမီးပျို၊+မောဘကိုဖျက်ဆီးတဲ့သူက မင်းကို လာတိုက်နေပြီ။
ဂုဏ်ကျက်သရေကို စွန့်လိုက်ပါ။ ရေငတ်ခံပြီး ထိုင်နေပါ။*
သူက မင်းရဲ့ခံတပ်မြို့တွေကို ဖျက်ဆီးလိမ့်မယ်။+
၁၉ အာရော်မြို့သားတို့၊+ လမ်းဘေးမှာ ရပ်ကြည့်နေပါ။
ထွက်ပြေးလာတဲ့ ယောက်ျား၊ လွတ်မြောက်လာတဲ့ မိန်းမကို ‘ဘာဖြစ်တာလဲ’ လို့မေးပါ။
၂၀ မောဘဟာ အရှက်ကွဲပြီး ထိတ်လန့်နေတယ်။
ငိုကြွေးမြည်တမ်းပြီး အော်ဟစ်ကြ။
မောဘ ပျက်စီးသွားပြီဆိုပြီး အာနုန်ချိုင့်ဝှမ်းမှာ+ ကြေညာကြ။
၂၁ “မြေပြန့်ဒေသမှာရှိတဲ့+ ဟောလုန်၊ ယာဟတ်၊+ မေဖတ်၊+
၂၂ ဒိဘုန်၊+ နေဗော၊+ ဗက်ဒိဗလသိမ်၊
၂၃ ကိရယသိမ်၊+ ဗက်ဂမုလ၊ ဗက်မောင်၊+
၂၄ ကေရုတ်၊+ ဗောဇရမြို့၊ မောဘပြည်ရဲ့ ရပ်ဝေးရပ်နီးမြို့တွေအားလုံး တရားစီရင်ခံရတော့မယ်။
၂၅ ယေဟောဝါ ပြောမယ်– ‘မောဘရဲ့ အစွမ်းခွန်အား လျော့နည်းသွားပြီ။*
သူ့လက်ရုံး ကျိုးသွားပြီ။
၂၆ သူဟာ ယေဟောဝါထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့အတွက်+ သူ့ကို မူးအောင်တိုက်ကြပါ။+
မောဘဟာ အန်ဖတ်ထဲမှာ လူးနေပြီ။
လှောင်ပြောင်စရာ ဖြစ်နေပြီ။
၂၇ တစ်ချိန်က အစ္စရေးကို မင်း လှောင်ခဲ့တယ် မဟုတ်လား။+
မင်းက ခေါင်းတခါခါနဲ့ သူ့အကြောင်း မကောင်းပြောရအောင် သူဟာ သူခိုးကြံရာပါ မို့လို့လား။
၂၈ မောဘပြည်သားတို့၊ မြို့တွေကနေ ထွက်ပြီး ကျောက်ဆောင်ပေါ်မှာ နေထိုင်ကြပါ။
ချောက်ကမ်းပါးတွေမှာ အသိုက်လုပ်တဲ့ ချိုးငှက်လိုပေါ့။’”
၂၉ “မောဘရဲ့မာနအကြောင်း ငါတို့ကြားဖူးတယ်။
သူဟာ ထောင်လွှားပြီး မာနကြီးတယ်။ မောက်မာပြီး စိတ်နေမြင့်တယ်။”+
၃၀ “ယေဟောဝါ ပြောမယ်– ‘သူ ဒေါသထွက်နေမှန်း ငါသိတယ်။
ကြွားလုံးထုတ်နေပေမဲ့ အချည်းနှီးပဲ ဖြစ်လိမ့်မယ်။
ဘာကိုမှ ဟုတ်တိပတ်တိ လုပ်နိုင်မှာ မဟုတ်ဘူး။
၃၁ ဒါကြောင့် မောဘအတွက် ငါငိုကြွေးမြည်တမ်းမယ်။
မောဘတစ်မျိုးလုံးအတွက် အော်ဟစ်ငိုကြွေးမယ်။
ကိရဟရက်မြို့သားတွေအတွက် ညည်းတွားမယ်။+
၃၂ ရှိဗမမြို့ရဲ့ စပျစ်ပင်၊+ယာဇာမြို့အတွက်+ ငါငိုကြွေးခဲ့တာထက် မင်းအတွက် ပိုငိုကြွေးမယ်။
မင်းရဲ့ဝေဆာနေတဲ့ အညွန့်တွေ ပင်လယ်ကို ကျော်သွားပြီ။
ပင်လယ်အထိ၊ ယာဇာမြို့အထိ ရောက်သွားပြီ။
မင်းရဲ့ နွေသီးနှံတွေ၊ ဆွတ်ခူးထားတဲ့ စပျစ်သီးတွေကို ဖျက်ဆီးမယ့်သူ ရောက်လာပြီ။+
၃၃ သစ်သီးခြံကနေ၊ မောဘပြည်ကနေ
ဝမ်းမြောက်ရွှင်လန်းမှုကို ဖယ်ရှားလိုက်ပြီ။+
စပျစ်ကျင်းမှာ စပျစ်ဝိုင် မရှိတော့အောင် ငါလုပ်လိုက်ပြီ။
ကြွေးကြော်ပြီး နင်းနယ်မယ့်သူ မရှိတော့ဘူး။
ထွက်ပေါ်နေတဲ့အသံဟာ ရွှင်လန်းတဲ့အသံတွေ မဟုတ်ဘူး။’”+
၃၄ “‘ဟေရှဘုန်မြို့က+ ငိုကြွေးသံကိုဧလာလေမြို့အထိ+ ကြားရတယ်။
သူတို့ရဲ့အသံကို ယာဟတ်မြို့အထိ+ ကြားရတယ်။
ဇောရမြို့က ငိုကြွေးသံကို ဟောရနိမ်မြို့အထိ၊+ ဧဂလတ် ရှလိရှအရပ်အထိ ကြားရတယ်။
နိမရိမ်ချောင်းရေတောင် ခန်းခြောက်သွားလိမ့်မယ်။’+
၃၅ ယေဟောဝါ ပြောမယ်–
‘အထွတ်အမြတ်နေရာဆီ အလှူယူဆောင်လာသူ၊နတ်ဘုရားဆီ ယဇ်ပူဇော်သူကို မောဘပြည်မှာ ငါပပျောက်စေမယ်။
၃၆ ဒါကြောင့် ငါ့ရင်ထဲမှာ မောဘအတွက် ပလွေသံလို ညည်းသံထွက်ပေါ်နေမှာ။+
ကိရဟရက်မြို့သားတွေအတွက် ပလွေသံလို ညည်းသံထွက်ပေါ်နေမှာ။
သူစုဆောင်းထားတဲ့ စည်းစိမ်တွေ ပျက်စီးသွားလို့ပေါ့။
၃၇ လူတိုင်း ခေါင်းတုံးတုံးပြီး+
မုတ်ဆိတ်ရိတ်ထားကြတယ်။
လက်တွေကို မွှန်းပြီး+
အထည်ကြမ်း ဝတ်ထား တယ်။’”+
၃၈ “ယေဟောဝါ ပြောမယ်–
‘စွန့်ပစ်ခံရတဲ့ ရေတကောင်းလို မောဘကို ငါခွဲလိုက်တဲ့အတွက်မောဘရဲ့ အိမ်မိုးတွေ၊ လူထုရင်ပြင်တွေမှာ
ငိုကြွေးမြည်တမ်းသံကလွဲလို့
ဘာအသံမှ မကြားရတော့ဘူး။
၃၉ မောဘပြည်သားတို့၊ ငိုကြွေးမြည်တမ်းကြ။
မောဘဟာ တော်တော်ထိတ်လန့်နေပြီ။
ရှက်ရှက်နဲ့ လှည့်ထွက်သွားပြီ။
ပတ်ဝန်းကျင်က လူတွေအတွက် လှောင်ပြောင်စရာ၊ ထိတ်လန့်စရာ ဖြစ်သွားပြီ။’”
၄၀ “ယေဟောဝါ ပြောတာက–
‘သားကောင်ကို ထိုးသုတ်တဲ့ လင်းယုန်လို+
အတောင်ဖြန့်ပြီး မောဘကို ရန်သူထိုးသုတ်လိမ့်မယ်။+
၄၁ မြို့တွေ သိမ်းပိုက်ခံရပြီးရဲတိုက်တွေ သိမ်းယူခံရလိမ့်မယ်။
အဲဒီနေ့ရောက်ရင် မောဘစစ်သူရဲတွေဟာ
သားဖွားနေတဲ့မိန်းမလို ကြောက်လန့်နေကြလိမ့်မယ်။’”
၄၂ “‘မောဘဟာ ယေဟောဝါထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့အတွက်+
အမျိုးပြုတ်သွားအောင် ပယ်ရှင်းခံရမယ်။+
၄၃ အို မောဘပြည်သား၊ မင်းရှေ့မှာ ကြောက်လန့်စရာ၊တွင်း၊ ထောင်ချောက် ရှိနေတယ်’ လို့ ယေဟောဝါ ပြောတယ်။
၄၄ ‘ကြောက်လို့ ထွက်ပြေးသူတွေ တွင်းထဲကျမယ်။
တွင်းထဲက တက်လာရင်လည်း ထောင်ချောက်မိမယ်။’
‘မောဘပြည်ကို ဒဏ်ပေးမယ့်နှစ် ရောက်စေမယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၄၅ ထွက်ပြေးသူတွေဟာ အားပြတ်ပြီး ဟေရှဘုန်မြို့ရဲ့ အရိပ်အောက် လာခိုကြတယ်။
ဟေရှဘုန်မြို့ကနေ မီးတွေ ထွက်လာမယ်။
ရှိဟုန်မြို့ထဲကနေ မီးလျှံတွေ ထွက်လာမယ်။+
မောဘရဲ့နဖူး၊ဆူပူအုံကြွသူတွေရဲ့ခေါင်း မီးလောင်သွားလိမ့်မယ်။’+
၄၆ ‘အို မောဘ၊ အဖြစ်ဆိုးလှချေလား။
ခေမုရှရဲ့လူတွေ+ သေဆုံးကုန်ပြီ။
မင်းရဲ့သားတွေဟာ သုံ့ပန်းဖြစ်သွားပြီ။
သမီးတွေလည်း ပြည်နှင်ဒဏ်ခံရပြီ။+
၄၇ ဒါပေမဲ့ အဆုံးပိုင်းကာလမှာ မောဘသုံ့ပန်းတွေကို ငါပြန်စုသိမ်းမယ်။
ဒါတွေကတော့ မောဘခံရတဲ့ တရားစီရင်ချက်ပဲ။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”