ဟေရှာယ ၅၄:၁-၁၇

  • မြုံနေတဲ့ဇိအုန် သားအများကြီး မွေးဖွား (၁-၁၇)

    • ဇိအုန်ရဲ့ခင်ပွန်း ယေဟောဝါ ()

    • ဇိအုန်ရဲ့သားတွေ ယေဟောဝါရဲ့သွန်သင်မှုခံရ (၁၃)

    • ဇိအုန်ကိုတိုက်ခိုက်တဲ့ လက်နက်တွေ မအောင်မြင် (၁၇)

၅၄  “ကလေး မမွေးဖူးတဲ့ အမြုံမ၊ ရွှင်လန်းစွာ ကြွေးကြော်ပါ။+ သားဖွားဝေဒနာ မခံစားဖူးတဲ့ အမျိုးသမီး၊+ ပျော်မြူးပြီး ရွှင်လန်းစွာ ကြွေးကြော်ပါ။+ စွန့်ပစ်ခံရတဲ့ အမျိုးသမီးရဲ့ သားတွေက ခင်ပွန်းရှိတဲ့ အမျိုးသမီးရဲ့ သားတွေထက် ပိုများလာပြီ”+ လို့ ယေဟောဝါ ပြောတယ်။  ၂  “မင်းရဲ့တဲကို တိုးချဲ့လိုက်ပါ။+ တင့်တယ်တဲ့ တဲရွက်ထည်တွေကို ဖြန့်သာဖြန့်လိုက်ပါ။ တွန့်ဆုတ်မနေပါနဲ့။ တဲကြိုးတွေကို အရှည်ကြီးဆွဲလိုက်ပါ။ တဲငုတ်တိုင်တွေကို မြဲမြဲစိုက်ပါ။+  ၃  မင်းရဲ့နယ်နိမိတ်ကို ဘယ်ဘက်ရော ညာဘက်ပါ တိုးချဲ့ရလိမ့်မယ်။ မင်းရဲ့ သားမြေးတွေဟာ လူမျိုးခြားတွေကို ပိုင်ဆိုင်ရလိမ့်မယ်။ လူသူကင်းမဲ့တဲ့ မြို့တွေမှာ နေထိုင်ရလိမ့်မယ်။+  ၄  မကြောက်ပါနဲ့။+ မင်း အရှက်ခွဲခံရမှာ မဟုတ်ဘူး။+ အရှက်ကွဲပြီလို့ မခံစားပါနဲ့။ မင်း စိတ်ပျက်ရမှာ မဟုတ်ဘူး။ ငယ်ရွယ်ချိန်တုန်းက အရှက်ကွဲခဲ့ရတဲ့အဖြစ်ကို မေ့လျော့သွားလိမ့်မယ်။ မုဆိုးမဘဝမှာ ရှုတ်ချခံခဲ့ရတာကိုလည်း သတိရတော့မှာ မဟုတ်ဘူး။”  ၅  “မင်းရဲ့ မဟာဖန်ဆင်းရှင်ဟာ+ မင်းအတွက် ခင်ပွန်းသည်လိုပဲ။+ နာမည်က ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါလို့ ခေါ်တယ်။ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ဟာ မင်းကိုပြန်ဝယ်တဲ့အရှင်ပဲ။+ ကမ္ဘာမြေတစ်ခွင်လုံးရဲ့ ဘုရားသခင်လို့ လူတွေခေါ်ကြလိမ့်မယ်။+  ၆  စွန့်ပစ်ခံရလို့ သောကရောက်နေတဲ့ဇနီး၊ ငယ်ရွယ်ချိန်မှာ လက်ထပ်ပြီးနောက် ပစ်ပယ်ခံရတဲ့ဇနီးကို ပြန်ခေါ်သလို မင်းကို ယေဟောဝါ ပြန်ခေါ်မယ်”+ လို့ မင်းရဲ့ဘုရားသခင် ပြောတယ်။  ၇  “မင်းကို တစ်ခဏတော့ ငါစွန့်ပစ်ခဲ့တယ်။ ဒါပေမဲ့ ကြီးမားလှတဲ့ကရုဏာနဲ့ ပြန်ခေါ်မယ်။+  ၈  မင်းကို အကြီးအကျယ် အမျက်ထွက်ပြီး တစ်ခဏတော့ မျက်နှာလွှဲခဲ့တယ်။+ ဒါပေမဲ့ ထာဝစဉ် ခိုင်မြဲတဲ့မေတ္တာမျိုးနဲ့ ကရုဏာပြမယ်”+ လို့ မင်းကိုပြန်ဝယ်တဲ့အရှင်+ ယေဟောဝါ ပြောတယ်။  ၉  “ဒါဟာ ငါ့အတွက် နောဧခေတ်လိုပဲ။+ နောက်နောင် ကမ္ဘာမြေကို ရေမလွှမ်းမိုးစေရဘူးဆိုပြီး နောဧကိုကျိန်ဆိုခဲ့သလို+ နောက်နောင် မင်းကို အမျက်မထွက်ဘူး၊ ဒဏ်မခတ်ဘူးလို့ ငါကျိန်ဆိုတယ်။+ ၁၀  တောင်တန်းတွေ နေရာရွေ့ချင် ရွေ့မယ်။ တောင်ကုန်းတွေ ယိမ်းယိုင်ချင် ယိမ်းယိုင်မယ်။ ငါ့ရဲ့ခိုင်မြဲတဲ့မေတ္တာကိုတော့ မင်းဆီကနေ မရုပ်သိမ်းဘူး။+ ငါ့ရဲ့ငြိမ်သက်ခြင်းပဋိညာဉ်လည်း မပျက်ပြယ်ဘူး”+ လို့ မင်းကို ကရုဏာပြတဲ့အရှင် ယေဟောဝါပြောတယ်။+ ၁၁  “မုန်တိုင်းဒဏ်ခံရလို့ ဒုက္ခရောက်နေတဲ့ အမျိုးသမီး၊+ နှစ်သိမ့်မခံရတဲ့သူ၊+ ငါက မင်းရဲ့ကျောက်တွေကို အင်္ဂတေကိုင်မယ်။ မင်းကို နီလာကျောက်တွေနဲ့ အုတ်မြစ်ချမယ်။+ ၁၂  မင်းရဲ့သူရဲခိုတွေကို ပတ္တမြားတွေနဲ့ တည်ဆောက်မယ်။ မင်းရဲ့မြို့တံခါးတွေကို တောက်ပတဲ့ကျောက်တွေ၊ မင်းရဲ့နယ်နိမိတ်တွေကို အဖိုးတန်ကျောက်တွေနဲ့ တည်ဆောက်မယ်။ ၁၃  မင်းရဲ့သားသမီးအားလုံး ယေဟောဝါ သွန်သင်ပေးတာကို ခံရလိမ့်မယ်။+ ငြိမ်သက်ခြင်းကောင်းချီးကို သူတို့ အလျှံပယ်ခံစားရလိမ့်မယ်။+ ၁၄  မင်းဟာ ဖြောင့်မတ်ခြင်းတရားမှာ တည်မြဲနေလိမ့်မယ်။+ ဖိနှိပ်မှုနဲ့ ကင်းဝေးနေလိမ့်မယ်။+ ဘာကိုမှ ကြောက်ရမှာ မဟုတ်ဘူး။ ကြောက်စရာအကြောင်း လုံးဝရှိမှာ မဟုတ်ဘူး။ ကြောက်လန့်စရာတွေ မင်းအနား ရောက်လာမှာ မဟုတ်ဘူး။+ ၁၅  တစ်ယောက်ယောက်က မင်းကိုတိုက်ခိုက်ခဲ့ရင် အဲဒါ ငါအမိန့်ပေးလို့ မဟုတ်ဘူး။ မင်းကိုတိုက်ခိုက်သူတိုင်း ကျဆုံးသွားလိမ့်မယ်။”+ ၁၆  “မီးကျီးခဲတွေမှုတ်ပြီး လက်နက်လုပ်တတ်တဲ့ လက်မှုပညာသည်ကို ငါကိုယ်တိုင် ဖန်ဆင်းထားတာ။ ဖျက်ဆီးတတ်တဲ့ အဖျက်သမားကိုလည်း ငါကိုယ်တိုင် ဖန်ဆင်းထားတာ။+ ၁၇  မင်းကိုတိုက်ခိုက်ဖို့လုပ်တဲ့ လက်နက်တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး။+ တရားရင်ဆိုင်တဲ့အခါ ဆန့်ကျင်ပြောဆိုသူတိုင်းကို မင်း ပြစ်တင်ရှုတ်ချရလိမ့်မယ်။ ဒါဟာ ယေဟောဝါရဲ့ ကျွန်တွေရမယ့် အမွေပဲ။ ငါက သူတို့ကို ဖြောင့်မတ်ခြင်း ပေးအပ်မယ်” လို့ ယေဟောဝါပြောတယ်။+

အောက်ခြေမှတ်ချက်များ