၁ ယောဟန် ၁:၁-၁၀

  • အသက်ရစေတဲ့ တရားစကား (၁-၄)

  • အလင်းထဲ လျှောက်လှမ်း (၅-၇)

  • အပြစ်တွေကို ဝန်ချဖို့လို (၈-၁၀)

 အသက်ရစေတဲ့ တရားစကားကို ယူဆောင်လာသူအကြောင်း+ ကျွန်တော်တို့ စာရေးလိုက်ပါတယ်။ သူဟာ အစအဦးကတည်းက တည်ရှိခဲ့တယ်။ သူပြောတာကို ကျွန်တော်တို့ ကိုယ်တိုင် ကြားခဲ့ရတယ်။ သူ့ကို ကိုယ်တိုင် မြင်ခဲ့ရတယ်။ သူ့ကို စေ့စေ့ကြည့်ပြီး လက်နဲ့ ထိတွေ့ခွင့် ရခဲ့တယ်။ ၂  (ကျွန်တော်တို့က ထာဝရအသက်အကြောင်း+ သိခဲ့ရတယ်၊ မြင်ခဲ့ရတယ်။ ကိုယ်တိုင် မျက်မြင်သက်သေ+ ဖြစ်ခဲ့တဲ့အတွက် ခင်ဗျားတို့ကို အဲဒီအကြောင်း ပြောပြနိုင်တယ်။ ထာဝရအသက်ဟာ အဖဘုရားသခင်ဆီက လာတယ်။ အဲဒီအကြောင်း ကျွန်တော်တို့ သိခဲ့ရတယ်။) ၃  ကိုယ်တိုင် မြင်ခဲ့ကြားခဲ့တာတွေကို ပြန်ပြောပြရတဲ့ အကြောင်းရင်းက+ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်နေကြဖို့ပါ။ အဖဘုရားသခင်နဲ့ရော သားတော် ယေရှုခရစ်နဲ့ပါ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်သလိုမျိုးပေါ့။+ ၄  ကျွန်တော်တို့အားလုံး အပြည့်အဝ ရွှင်လန်းနိုင်ဖို့ ဒီအကြောင်းအရာတွေကို ရေးလိုက်ပါတယ်။ ၅  ယေရှုဆီက ကြားခဲ့ရတဲ့ သတင်းကို ခင်ဗျားတို့ဆီ ပြန်ပြောပြချင်တယ်။ အဲဒါကတော့ ဘုရားသခင်ဟာ အလင်းပဲ။+ ကိုယ်တော့်ဆီမှာ မှောင်မိုက် လုံးဝ မရှိဘူး။ ၆  “ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်ပါတယ်” လို့ ပြောနေပေမဲ့ အမှောင်ထဲမှာ ဆက်လျှောက်လှမ်းနေမယ်ဆိုရင် ကျွန်တော်တို့ဟာ လူလိမ်တွေ၊ အမှန်တရားကို လက်တွေ့မကျင့်သူတွေပဲ။+ ၇  ဘုရားသခင်ဟာ အလင်းထဲမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့လည်း အလင်းမှာ လျှောက်လှမ်းမယ်ဆိုရင် အချင်းချင်း ရင်းနှီးကျွမ်းဝင်ကြလိမ့်မယ်။ သားတော်ယေရှုရဲ့ သွေးက ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သန့်စင်ပေးလိမ့်မယ်။+ ၈  “ကျွန်တော်တို့ အပြစ်မလုပ်ဘူး” လို့ ပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာပဲ။+ ကျွန်တော်တို့မှာ အမှန်တရား မရှိဘူး။ ၉  ဘုရားသခင်ဟာ သစ္စာရှိပြီး ဖြောင့်မတ်တဲ့အရှင် ဖြစ်တဲ့အတွက် အပြစ်တွေကို ကျွန်တော်တို့ ဝန်ချတောင်းပန်မယ်ဆိုရင် ခွင့်လွှတ်ပေးပြီး ဆိုးညစ်မှု မှန်သမျှကို သန့်စင်ပေးလိမ့်မယ်။+ ၁၀  “ကျွန်တော်တို့ တစ်ခါမှ အပြစ်မလုပ်ခဲ့ဘူး” လို့ ပြောမယ်ဆိုရင် ဘုရားသခင်ဟာ လိမ်ညာသူလို့ ပြောတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ရင်ထဲမှာ တရားစကား မရှိဘူး။

အောက်ခြေမှတ်ချက်များ