မာတိကာဆီ ကျော်သွား

ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာနေ့

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၂ ရက်၊ စနေနေ့

ယေဟောဝါသက်သေတွေက ယေရှုရဲ့ သေခြင်း အောက်မေ့ရာနေ့ကို တစ်နှစ်တစ်ကြိမ် ကျင်းပကြတယ်။ “ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲ လုပ်ကြပါ” ဆိုပြီး ယေရှု မိန့်မှာခဲ့လို့ပါ။—လုကာ ၂၂:၁၉

ဒီအစီအစဉ်ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

မေးလေ့ရှိတဲ့ မေးခွန်းများ

အစီအစဉ်က ဘယ်လောက် ကြာသလဲ။

တစ်နာရီလောက် ကြာပါမယ်။

ဘယ်မှာ ကျင်းပမလဲ။

အသေးစိတ် သိနိုင်ဖို့ ကိုယ့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ပါ။

ဝင်ကြေးပေးဖို့ လိုသလား။

မလိုပါ။

အလှူငွေ ကောက်ခံသလား။

မကောက်ခံပါ။

ဘယ်လို ဝတ်စားရမလဲ။

အတိအကျ သတ်မှတ်ထားတာ မရှိပေမဲ့ ယေဟောဝါသက်သေတွေက ကျမ်းစာ အကြံပြုချက်ကို လိုက်နာပြီး ဣန္ဒြေရှိရှိ၊ လေးစားမှုရှိရှိ ဝတ်စားဆင်ယင်ကြတယ်။ (၁ တိမောသေ ၂:၉) ဈေးကြီးတဲ့အဝတ်အစားဖြစ်ဖို့၊ ပွဲတက်ဝတ်စုံဖြစ်ဖို့ မလိုပါ။

အောက်မေ့ရာနေ့ အစီအစဉ်ကို ဘယ်လို ကျင်းပသလဲ။

အစီအစဉ် အစနဲ့ အဆုံးမှာ သီချင်းဆိုပြီး ယေဟောဝါသက်သေ ဓမ္မအမှုဆောင်တစ်ဦးက ဆုတောင်းပါမယ်။ ယေရှုရဲ့ သေခြင်း အရေးကြီးပုံ၊ ကျွန်တော်တို့အတွက် ဘုရားသခင်နဲ့ ခရစ်တော် လုပ်ပေးခဲ့ရာတွေကနေ အကျိုးရရှိနိုင်ပုံကို အဓိက တင်ဆက်ပါလိမ့်မယ်။

နောက်နှစ်တွေအတွက် အောက်မေ့ရာနေ့ ရက်စွဲများ

၂၀၂၅ ခုနှစ်– စနေနေ့၊ ဧပြီ ၁၂ ရက်

၂၀၂၆ ခုနှစ်– ကြာသပတေးနေ့၊ ဧပြီ ၂ ရက်