၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်
ဖိလစ်ပိုင်
တိုင်ဖွန်းမုန်တိုင်း ဂေမီကြောင့် ဖိလစ်ပိုင်အနှံ့ ရေကြီးရေလျှံ
၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်း၊ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း ဂေမီ a စတင်တိုက်ခတ်တယ်။ အားပြင်းတဲ့ ဒီတိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်ကို ဝင်ရောက်ခြင်း မရှိပေမဲ့ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြို့တော် မနီလာနဲ့ အနီးတစ်ဝိုက်မှာ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်။ ဘေးသင့်သူ ၄.၈ သန်းခန့် ရှိတယ်။ ဘေးလွတ်ရာကို ရွှေ့ပြောင်းသူ ၆၀၀,၀၀၀ ကျော်ရှိပြီး ၃၉ ယောက်ထက်မနည်း သေဆုံးသွားတယ်။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိ
ကြေညာသူ ၁၅၅ ယောက် ဘေးလွတ်ရာရွှေ့ပြောင်း၊ အများစု နေအိမ်ဆီ ပြန်ရောက်ပြီ
အိမ် ၂ လုံး လုံးဝပျက်စီး
အိမ် ၁၁ လုံး အကြီးအကျယ် ပျက်စီး
အိမ် ၄၂ လုံး အနည်းငယ် ပျက်စီး
အစည်းအဝေးခန်းမ ၁၁ လုံး အနည်းငယ် ပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ခြောက်ခု ဖွဲ့စည်းပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေ
တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေကြ
တိုင်ဖွန်းမုန်တိုင်းကြောင့် ဘေးသင့်သူအားလုံးအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ ညီအစ်ကို/မတွေကို နှစ်သိမ့်ထောက်မပေးရှင်၊ “ခေတ်ကာလကို တည်ငြိမ်အေးချမ်းစေတဲ့အရှင်” ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းပါတယ်။—ဟေရှာယ ၃၃:၆။
a ဖိလစ်ပိုင်မှာတော့ ဒီမုန်တိုင်းကို စူပါတိုင်ဖွန်း ကာရီနာအဖြစ် လူသိများတယ်။