၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်
ရုရှား
“ယေဟောဝါ ဆုချမယ်”
ခရာစနာဒါဒေသ၊ ဗေရှိုကိုစကီ ခရိုင်တရားရုံးက ညီအစ်မ ဗာစလီနာ ပန်စကာယာရဲ့ အမှုကို မကြာခင် စီရင်ချက်ချပါတော့မယ်။ အစိုးရရှေ့နေက ချမှတ်စေလိုတဲ့ပြစ်ဒဏ်ကို မတင်ပြသေးဘူး။
ကိုယ်ရေးအကျဉ်း
ယေဟောဝါဘုရားက ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ မိမိကျေးကျွန် တစ်ယောက်ချင်းစီကို ကြည့်ရှုနေတယ်၊ သူတို့ရဲ့ ‘လုပ်ရပ်အတွက် ဆုချ’ မယ်ဆိုတာ အာမခံထားလို့ ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ပါတယ်။—ယေရမိ ၃၁:၁၆။
အချိန်ပြဇယား
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂
နေအိမ်ကို ဝင်ရောက်ရှာဖွေ
မေ ၂၃၊ ၂၀၂၃
ပြစ်မှု စွဲချက်တင်။ ကျမ်းစာ ဆွေးနွေးမှု၊ ငြိမ်သက်အေးချမ်းစွာ ကျင်းပနေတဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးမှာ ပါဝင်မှုနဲ့ တရားစွဲ။ ဘဏ်စာရင်း အပိတ်ခံရ
ဇူလိုင် ၁၈၊ ၂၀၂၃
ခရီးသွားလာခွင့် ကန့်သတ်ခံရ
ဇန်နဝါရီ ၃၁၊ ၂၀၂၄
ပြစ်မှု စတင် ကြားနာစစ်ဆေး