မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW ရုပ်သံထုတ်လွှင့်မှု

Roku သုံးပြီး အော်ဒီယို နားဆင်ပါ

Roku သုံးပြီး အော်ဒီယို နားဆင်ပါ

အော်ဒီယို အပိုင်းမှာ တေးဂီတ၊ ပြဇာတ်၊ နားဆင်စရာ ကျမ်းစာဇာတ်လမ်းတွေအပါအ၀င် အော်ဒီယိုအုပ်စုတွေ ရှိတယ်။

(သတိပြုရန်။ ဒီလမ်းညွှန်ပါ Roku အဝေးထိန်းခလုတ်နဲ့ သင့်အဝေးထိန်းခလုတ် အနည်းငယ် ကွာခြားနိုင်ပါတယ်။)

JW ရုပ်သံထုတ်လွှင့်မှု ပင်မစာမျက်နှာမှာ အော်ဒီယို ကိုရွေးချယ်ပြီး ရရှိနိုင်တဲ့ အော်ဒီယို အမျိုးအစားတွေကို ကြည့်ပါ။ အသံသွင်း အစီအစဉ်တွေကို ရှာဖွေနားဆင်နိုင်ဖို့ အောက်ပါအဆင့်တွေကို လုပ်ဆောင်ပါ–

 အော်ဒီယို အစီအစဉ်တစ်ခုကို နားဆင်ခြင်း

တစ်တန်းစီဟာ ဗီဒီယိုတစ်စုစီ ဖြစ်တယ်။ အတန်းပေါ်မှာ တစ်စုစီရဲ့ အမည် တွေ့ရပါမယ်။

  • Up နဲ့ Down– တခြားအုပ်စုကို ပြောင်းရှာပါ။

  • Left နဲ့ Right– အုပ်စုထဲက အော်ဒီယို အစီအစဉ်တွေကို ရှာပါ။

အစီအစဉ်ကို ရွေးဖို့၊ အော်ဒီယို အစီအစဉ် အသေးစိတ်ကို ပြပေးဖို့ OK ကို နှိပ်ပါ။

အောက်ပါလုပ်ဆောင်ချက်တစ်ခုကို ရွေးပါ–

  • Resume– ပြန်ဖွင့်ပါ။ အော်ဒီယို မဆုံးခင် ရပ်လိုက်မှသာ ရပ်ထားတဲ့နေရာကနေ ပြန်ဖွင့်ပေးပါမယ်။ ဒါကို ရွေးလိုက်ရင် ရပ်ထားတဲ့နေရာကနေ အော်ဒီယို ပြန်ဖွင့်ပေးပါမယ်။

  • ဖွင့်ပါ ဒါမှမဟုတ် အစကနေဖွင့်ပါ အော်ဒီယို အစီအစဉ်ကို အစကနေ ဖွင့်ပါ။

  • အုပ်စုမှာ ပါတာအားလုံး ဖွင့်ပါ– လက်ရှိဖွင့်နေတဲ့ အော်ဒီယိုအစီအစဉ်ကနေစပြီး အုပ်စုမှာပါတဲ့ အော်ဒီယိုအားလုံးကို ဖွင့်ပါ။ အုပ်စုမှာပါတဲ့ အစီအစဉ်အားလုံးကို ဖွင့်တဲ့အခါ playback ရပ်သွားပါမယ်။

အော်ဒီယိုအုပ်စုတစ်စုကို နားဆင်ခြင်း

 အုပ်စုထဲက အော်ဒီယိုအစီအစဉ်တစ်ခုကိုသာမက အစီအစဉ်အားလုံးကိုလည်း နားထောင်နိုင်တယ်။ အောက်ပါ နည်းတစ်နည်းကို သုံးကြည့်ပါ–

  • အားလုံးဖွင့်ပါ– အုပ်စုပါ အော်ဒီယို အစီအစဉ်အားလုံးကို ပထမဆုံးကနေ ဖွင့်ပေးပါ။

  • အလျဉ်းသင့်သလို ဖွင့်ပါ– အုပ်စုထဲက အစီအစဉ်အားလုံးကို အလျဉ်းသင့်သလို ကြုံရာ ဖွင့်ပါ။။

အော်ဒီယိုအစီအစဉ်အားလုံးကို ဖွင့်ထားတဲ့အခါ playback ရပ်သွားပါမယ်

အော်ဒီယို အဖွင့်အပိတ် ထိန်းချုပ်ခြင်း

 အော်ဒီယိုအစီအစဉ် ဖွင့်နေတုန်း သင့်အဝေးထိန်းခလုတ်နဲ့ အောက်ပါအတိုင်း ထိန်းချုပ်နိုင်ပါတယ်–

  • Play/Pause ဒါမှမဟုတ် OK အော်ဒီယိုကို ခေတ္တရပ်ပါ။ ပြန်ဖွင့်ချင်ရင် အဲဒီခလုတ်ကိုပဲ ထပ်နှိပ်ပါ။

  • Skip Forward– စက္ကန့်အနည်းငယ် အရှေ့ကို ကျော်ပေးတယ်။ အော်ဒီယိုအစီအစဉ်ကို မြန်မြန်ကျော်ဖို့ ခလုတ်ကို နှိပ်ထားပါ။ ပြန်ဖွင့်ဖို့ ခလုတ်ကို လွှတ်လိုက်ပါ။

  • Skip Back– စက္ကန့်အနည်းငယ် အနောက်ပြန်ကျော်ပါ။ ပြန်ဖွင့်ဖို့ ခလုတ်ကို လွှတ်လိုက်ပါ။

  • Back– အော်ဒီယိုစာမျက်နှာကို ပြန်သွားပါ။