JW.ORG ဝက်ဘ်ဆိုက်
ဗီဒီယို player ထဲရှိ အသွင်အပြင်များ
အမျိုးအစားအလိုက်စုစည်းထားတဲ့ ဗီဒီယိုတွေကို ရှုစားဖို့ စာကြည့်တိုက် > ဗီဒီယိုများ ကို သွားပါ။ ဗီဒီယို အမျိုးအစား တစ်ခုစီတိုင်းရဲ့အောက်မှာ သက်ဆိုင်တဲ့ ဗီဒီယိုတွေကို စုစည်းထားပါတယ်။
ဗီဒီယိုကို ထိန်းချုပ်ခြင်း
ဗီဒီယိုကို ထိန်းချုပ်ဖို့ ဖန်သားပြင်ကို တို့ထိပါ ဒါမှမဟုတ် Mouse ကို ဗီဒီယိုပေါ် ရွှေ့ပြီး ထိန်းချုပ်ဖို့ ရွေးချယ်ပါ။
နှိပ်ရန် |
လုပ်ဆောင်မည့်အရာ |
---|---|
၅ စက္ကန့်ဆုတ် |
ဗီဒီယိုကို ၅ စက္ကန့် နောက်ဆုတ်မည်။ |
၁၅ စက္ကန့် တိုး |
ဗီဒီယိုကို ၁၅ စက္ကန့် ရှေ့တိုးမည်။ |
နောက်သို့ |
ဒီဗီဒီယို မတိုင်ခင်က ဗီဒီယိုသို့ ပြန်ရောက်သွားမည်။ ဒါမှမဟုတ် လက်ရှိ ဗီဒီယိုက ဖွင့်လက်စ ဆိုပါက ဗီဒီယိုရဲ့ အစကို ပြန်ရောက်သွားမည်။ |
ရှေ့သို့ |
နောက်ထပ် ဗီဒီယိုကို ဖွင့်မည်။ |
အသံ ပိတ်/ဖွင့် |
ဗီဒီယိုရဲ့ အသံကိုပိတ်ရန်နှင့် ဖွင့်ရန် |
မျက်နှာပြင် အပြည့်/ မျက်နှာပြင် အပြည့်မှ ထွက် |
ဗီဒီယိုကို မျက်နှာပြင် အပြည့်ဖြင့် ကြည်ရန်နှင့် မျက်နှာပြင် အပြည့်ပုံစံမှ ပြန်ထွက်ရန် |
တို့ထိမှုပုံစံ အသုံးပြုခြင်း
တို့ထိမှုပုံစံ အသုံးပြုလို့ရတဲ့ စက်တွေမှာ (Apple ဖုန်းတွေကလွဲလို့) ဗီဒီယိုကို ထိန်းချုပ်ဖို့ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
လုပ်ဆောင်မှု |
တို့ထိမှုပုံစံများ |
---|---|
ဖွင့်ရန် ဒါမှမဟုတ် ခဏရပ်ရန် |
လက်ချောင်းနှစ်ချောင်းထိပ်နဲ့ တို့ထိပါ။ |
၅ စက္ကန့် နောက်ပြန်ဆုတ်ရန် |
ဘယ်ဘက်ကို နှစ်ချက်တို့ပါ။ |
၁၅ စက္ကန့် ရှေ့တိုးရန် |
ညာဘက်ကို နှစ်ချက်တို့ပါ။ |
ဗီဒီယိုဆက်တင် ချိန်ညှိခြင်း
ဆက်တင်ကို ရွေးချယ်ပါ။
စာတန်းထိုးရှိပါက စာတန်းထိုးပါကို နှိပ်ပြီး ဖော်နိုင်၊ ဖျောက်နိုင်ပါတယ်။
ဗီဒီယိုကို အနှေးအမြန် ချိန်ညှိဖို့ အမြန်နှုန်းကို ရွေးချယ်ပါ။
ဗီဒီယို ရုပ်ထွက် ရွေးချယ်ဖို့ အရည်အသွေးကို နှိပ်ပါ။ အင်တာနက် လိုင်းမကောင်းတဲ့အခါ၊ ဒေတာချွေတာ ချင်တဲ့အခါမျိုးမှာ ဗီဒီယိုရုပ်ထွက် အနိမ့်ကို ရွေးချယ်တာ ပိုသင့်တော်ပါတယ်။ ဖန်သားပြင် အကြီးနဲ့ ကြည့်တဲ့အခါမျိုးမှာ ဗီဒီယိုရုပ်ထွက် အမြင့်ကို ရွေးချယ်တာ ပိုသင့်တော်ပါတယ်။